ဒုက္ခအမျိုးမျိုးသည် ကာမဂုဏ်စည်းစိမ်တို့မှ ပေါက်ဖွားလာကြောင်း၊ ကာမဂုဏ်စည်းစိမ် တို့ကို ဖြတ်တောက်နိုင်ခြင်းသည် သုခအစစ်ကို စွမ်းဆောင်နိုင်သည် သာတည်းဟု မဟာဒုက္ခက္ခန္ဓသုတ်၌ ဖော်ပြထားသည်။ ရှေးခေတ် အိန္ဒိယပြည်၌ ကျူးလွန်ကြသော အမှုအခင်းများကို မည်သို့အပြစ်ဒဏ်ပေးကြောင်းကိုလည်း ဤသုတ်တော်၌ပင် ရှင်းလင်းထားသည်။ ဓားပြတိုက်ခြင်း၊ သူတပါးဥစ္စာပစ္စည်းတို့ကို ခိုးယူတိုက် ခိုက် သတ်ဖြတ်ခြင်း၊ မိန်းမမြှောင်ထားခြင်း စသည်တို့အတွက် အပြစ်ဒဏ်ခတ်ခြင်းအကြောင်းကို ဤသုတ်တွင် တွေ့ရသည်။[၁]


[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် သာဝတ္ထိမြို့တော် အတွင်းသို့ ဆွမ်းခံဝင်သောရဟန်းတို့ အချိန်စောနေသေးသဖြင့် အနီးအနားရှိ ပရိဗိုဇ်တို့၏ကျောင်းသို့ ခေတ္တဝင်ရောက်ကြရာ ပရိဗိုဇ်တို့က “ကာမ-ရူပ-ဝေဒနာတို့ကို ပိုင်းခြား၍ သိရမည်”ဟု ဟောကြားကြသဖြင့် မိမိတို့နှင့် ရဟန်းဂေါတမကို အယူအဆ တူကြပါကြောင်း ပြောလိုက်ခြင်းကိုအကြောင်းပြု၍ ဘုရားရှင်အား လျှောက်ထားကြပါသည်။ ဘုရားရှင်က “ငါ့ရှင်တို့၊ ကာမ-ရူပ-ဝေဒနာတို့၏ အဿာဒ, အာဒီနဝ, နိဿရဏတို့ကားအဘယ်နည်း”ဟုမေးလျှင် အညတိတ္ထိယပရိဗ္ဗာဇကများ ပြည့်စုံအောင် မဖြေကြားနိုင်ကြပုံ၊ အလွန်စိတ်ပင်ပန်းကြလိမ့်မည်၊ ထိုမေးခွန်းကို မြတ်စွာဘုရား-မြတ်စွာဘုရား၏သာဝက၊ ဤသာသနာတော်၌ ကြားနာဖူးသူတို့မှ တစ်ပါး ဖြေဆိုနိုင်သူကို ဩကာသလောက၊ သတ္တလောက၌ ငါဘုရားမြင်တော်မမူဟု မိန့်တော်မူပြီး ကာမ၏အဿာဒနှင့် အာဒီနဝဆိုင်ရာ သန္ဒိဋ္ဌိက အာဒီနဝ ခုနစ်မျိုး၊ သမ္ပရာယိက အာဒီနဝတစ်မျိုးနှင့် နိဿရဏကိုလည်းကောင်း၊ ရူပ၏ အဿာဒ တစ်မျိုး၊ အာဒီနဝခြောက်မျိုးနှင့် နိဿရဏကိုလည်းကောင်း ဝေဒနာ၏ ပထမဈာန်မှ စတုတ္ထဈာန်တိုင်အောင် အဿာဒနှင့် အာဒီနဝ၊ နိဿရဏကိုလည်းကောင်း၊ ကာမရူပ-ဝေဒနာတို့၏ အဿာဒကို နိဿရဏအားဖြင့် အမှန်အတိုင်းသိသော သမဏ ဗြဟ္မဏတို့သည် ကိုယ်တိုင်လည်း ဝေဒနာကိုပိုင်းခြား၍ သိကြလိမ့်မည်။ အခြားသူကိုလည်း ပိုင်းခြား၍သိအောင် ညွှန်ပြနိုင်ပေလိမ့်မည်ဟု အကျယ်ဝေဖန်၍ ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။ [၃]

ကိုးကား ပြင်ဆင်ရန်

  1. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။
  2. -မ၊၁၊၁၁၈-၁၂၅။ မ၊မြန်၊၁၊၁၂၄-၁၃၃။ မ၊ဋ္ဌ၊၂၊၃၅၉-၃၆၅။ မ၊ဋီ၊၂၊၄၀-၅။ -မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသ၊ ၁-သီဟနာဒဝဂ္ဂ၊ တတိယသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ