ဤဆောင်းပါးသည် မင်းကွန်းတိပိဋကဓရဆရာတော် ရေးသားသော ကျမ်းစာ အကြောင်း ဖြစ်သည်။ ပိဋကတ်သုံးပုံ၊ ခုဒ္ဒကနိကာယ်လာ ဗုဒ္ဓဝံသကျမ်း အတွက် ဗုဒ္ဓဝင် ကို ကြည့်ပါ။

မဟာဗုဒ္ဓဝင် (အင်္ဂလိပ်: Mahabuddhavamsa or Great Chronicle of Buddhas) သည် မင်းကွန်းတိပိဋကဆရာတော် ဦးဝိစိတ္တသာရာဘိဝံသပြုစုခဲ့သော ကျမ်းစားတွဲကြီးတစ်ခုဖြစ်သည်။ ဤစာပေလက်ရာတွင် ဂေါတမဗုဒ္ဓ၊ ယခင်ပွင့်တော်မူခဲ့သော ဗုဒ္ဓများအကြောင်း၊ တပည့်သာဝက ရဟန်းများ၊ လူပုဂ္ဂိုလ်များ၊ ၎င်းတို့၏ အတိတ်ဘဝများအကြောင်း စသည်တို့ပါဝင်သည်။

မဟာဗုဒ္ဓဝင်
မဟာဗုဒ္ဓဝင် (ပထမတွဲမှ ဆဋ္ဌမတွဲ)
စာရေးသူမင်းကွန်းတိပိဋကဆရာတော်
ဘာသာပြန်သူဦးကိုလေးနှင့် ဦးတင့်လွင် [၁]
နိုင်ငံမြန်မာ
ဘာသာစကားမြန်မာ
အမျိုးအစားဗုဒ္ဓဖြစ်စဉ်
ထုတ်ဝေသူ
ထုတ်ဝေခဲ့၁၉၆၀-၁၉၇၂
အင်္ဂလိပ်ဘာသာဖြင့်၁၉၉၁-၁၉၉၇/၉၈
စာအုပ်အရေအတွက်(၈) အုပ်

သမိုင်းကြောင်း ပြင်ဆင်ရန်

ထိုစဉ်က မြန်မာနိုင်ငံတော် ဝန်ကြီးချုပ် ဦးနုနှင့် ဗုဒ္ဓသာသနာ့အဖွဲ့တို့၏ လျောက်ထားပန်ကြားမှုအရ ဗုဒ္ဓဖြစ်စဉ် (သို့) မဟာဗုဒ္ဓဝင်ကို ၁၉၅၅ တွင် စတင်ရေးသားခဲ့သည်။ ဤမဟာဗုဒ္ဓဝင်သည် ဆရာတော်၏ အထူးထင်ရှားသော စာပေလက်ရာတစ်ခုပင်ဖြစ်သည်။[၂] ပထမတွဲကို ၁၉၆၀ မှစ၍ ဆဋ္ဌမတွဲ (ဒုတိယပိုင်း) ကို ၁၉၇၂ တွင် ပထမဆုံးအကြိမ်အနေဖြင့် ထုတ်ဝေခဲ့ကြသည်။ အကြိမ်များစွာလည်း ရိုက်နှိပ်ထုတ်ဝေခဲ့ရသည့် စာအုပ်များဖြစ်သည်။ တိနိအဖွဲ့၏ အင်္ဂလိပ်ဘာသာပြန်မူကို ဦးကိုလေးနှင့် ဦးတင့်လွင်တို့က ပထမတွဲမှစ၍ နောက်ဆုံးတွဲထိ ပြုစုဘာသာပြန်ဆိုခဲ့ကြသည်။

ဖွဲ့စည်းပါဝင်မှု ပြင်ဆင်ရန်

အတွဲအနေဖြင့် (၆) တွဲဖြစ်၍ စာအုပ်အနေဖြင့် (၈) အုပ်ဟူ၍ သတ်မှတ်စီစဉ် ထုတ်ဝေခဲ့သည်။ ထုတ်ဝေရာတွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံခေတ် သာသနာရေးဦးစီးဌာနမှ တာဝန်ယူရိုက်နှိပ်ထုတ်ဝေခဲ့သည်။[၃] [၄] [၅]

ကိုးကား ပြင်ဆင်ရန်

  1. Vicittasarabivamsa၊ U (1992)။ "Chapter IX: The chronicle of twenty-four Buddhas"။ in Ko Lay၊ U; Tin Lwin၊ U (eds.)။ The great chronicle of Buddhas, Volume One, Part Two (PDF) (1st ed.)။ Yangon, Myanmar: Ti=Ni Publishing Center။ pp. 130–321။ archived from the original on 2016-02-14။CS1 maint: BOT: original-url status unknown (link)
  2. Maung Maung Lay (1981)။ The Most Venerable Sayadaw U Vicittasarabhivamsa, "Tipitakadhara, Dhammabhandagarika, Agga Mahapandita, Abhidhaja Maharatthaguru"။ The Light of Dhamma',Vol. 1, No. 3။
  3. The Great Chronicle of Buddhas by Ven. Mingun Sayadaw, 1990, 1,044,401 words။ Wisdom Library။
  4. http://www.kbrl.gov.mm/catalog/Index/30?page=3 ကမ္ဘာအေး ဗုဒ္ဓသုတေသန စာကြည့်တိုက် ဝက်ဘ်ဆိုက် > ပြင်ပမှထုတ်ဝေသောဗုဒ္ဓဘာသာစာအုပ်များ > ဗုဒ္ဓဝင်ဆိုင်ရာစာအုပ်များ > page 3 > မဟာဗုဒ္ဓဝင်စာအုပ်များ
  5. https://dhammadownload.com/MinGunSayaDaw-eBookInEnglish.htm မဟာဗုဒ္ဓဝင် အင်္ဂလိပ်ဘာသာပြန်စာအုပ်များ