မဟာဘူတ
ဗုဒ္ဓဝါဒနှင့် ယှဉ်တွဲနေသာ အဘိဓမ္မာထဲမှ မဟာဘူတ (သို့) မဟာဘုတ် ၄ခု ဆိုသည်မှာ ဗုဒ္ဓဘာသာ၏ ပါဠိကျမ်းစာများတွင် ရုပ်ဝတ္ထုတို့၏ အခြေခံအကျဆုံးသော သဘောသရုပ်အဖြစ် ပါရှိသည့် အခြင်းအရာ ၄မျိုး ဖြစ်သည်။ ၎င်းတို့မှာ -
တို့ဖြစ်ကြကာ[၁] ပါဠိဘာသာအားဖြင့် စတ္တာရော မဟာဘူတ (cattāro mahābhūtāni) ဟူ၍ ခေါ်ဆိုသည်။ မဟာဘူတကို ဟိန္ဒူဘာသာ၏ သင်္သကရိုက်ဘာသာစကားတွင်လည်း သုံးနှုန်းကြ၍ ယင်း၌ မြေ၊ ရေ၊ လေ၊ မီး အပြင် အကာသဓာတ် (space) ဆိုသည့်အရာပါဝင်သောကြောင့် ဓာတ်ငါးပါးဖြစ်သည်။[၂][၃]
လက်ဆင့်ကမ်း ဗုဒ္ဓဝါဒ
ပြင်ဆင်ရန်ဗုဒ္ဓဘာသာတွင် ဓာတ်ကြီးလေးပါး (catudhātu) ကို မဟာဘူတ ဟူ၍ သုံးနှုန်းကား မြန်မာဘာသာစကားဖြင့် မဟာဘုတ် ဟုခေါ်ဆိုကြသည်။ ဤဓာတ်ကြီးလေးပါးတို့မှ အလုံးစုံသော ရုပ်တရားတို့သည် ပေါက်ဖွားကြသောကြောင့် လယ်တီဆရာတော်က မဟာဘုတ်ကို အလွန်ကြီးပွားတတ်သည့်သဘောဟု အနက်ဖွင့်သည်။ အောက်ပါရှင်းလင်းချက်တို့သည် ဗုဒ္ဓဘာသာအယူအဆသဘောတရားများဖြစ်ကြသည်။ [၄]
ပထဝီဓာတ်
ပြင်ဆင်ရန်ပထဝီဆိုသည်မှာ (မြေဖြစ်စေ၊ သတ္တုဖြစ်စေ၊ ရေဖြစ်စေ၊ ဆီဖြစ်စေ၊ လေဖြစ်စေ) အရာဝတ္ထုတခုခု၏ မည်မျှ ပျော့ခြင်း၊ မည်မျှ မာခြင်းဟူသော သဘောတရား ဖြစ်သဖြင့်[၄] သိပ်သည်းမှုကို ဆိုလိုခြင်းတမျိုး ဖြစ်သည်။
အာပေါဓာတ်
ပြင်ဆင်ရန်အာပေါဆိုသည်မှာ (မြေဖြစ်စေ၊ သတ္တုဖြစ်စေ၊ ရေဖြစ်စေ၊ ဆီဖြစ်စေ၊ လေဖြစ်စေ) အရာဝတ္ထုတခုခု၏ မည်မျှ (အစိုင်အခဲသဖွယ်) စုဖွဲ့ခြင်း၊ မည်မျှ (အရည်သဖွယ်) စီးပြောင်းခြင်း ဟူသော သဘောတရားကို ဆိုလိုသည်။[၄]
တေဇောဓာတ်
ပြင်ဆင်ရန်တေဇောဆိုသည်မှာ (မြေဖြစ်စေ၊ သတ္တုဖြစ်စေ၊ ရေဖြစ်စေ၊ ဆီဖြစ်စေ၊ လေဖြစ်စေ) အရာဝတ္ထုတခုခု၏ မည်မျှ ပူခြင်း၊ မည်မျှ အေးခြင်း အခြင်းအရာ ဖြစ်သည်။[၄] ပူ၍ လောင်သည့် တေဇောအသွင်၊ အေး၍ လောင်သည့် တေဇောအသွင် ဟူ၍ ၂မျိုး ရှိသည်ဟု အချို့က မှတ်ယူကြသည်။ လောကအကြောင်းကို ရူပဗေဒဖြင့် အရှိအတိုင်း လေ့လာကြသူတို့ကမူ အပူစွမ်းအင်သာ ရှိ၍ အအေးစွမ်းအင် မရှိကြောင်းကို သဘောပေါက်ကြသည်။
ဝါယောဓာတ်
ပြင်ဆင်ရန်ဝါယောဆိုသည်မှာ (မြေဖြစ်စေ၊ သတ္တုဖြစ်စေ၊ ရေဖြစ်စေ၊ ဆီဖြစ်စေ၊ လေဖြစ်စေ) အရာဝတ္ထုတခုခုထံသို့ အားသက်ရောက်မှု ရှိလာလျှင် ၎င်းကိုယ်တိုင်က မည်သို့ ပုံစံ၊ ထုထည် ပြောင်းလဲလျက် ပတ်ဝန်းကျင်ကို မည်သို့ အားပြန်သက်ရောက်ကြောင်း သဘောသရုပ် ဖြစ်သည်။[၄]
အခြေခံသက်ရောက်မှုကြီး ၄မျိုးနှင့် ဆက်စပ်ကြည့်လျှင်
ပြင်ဆင်ရန်မဟာဘူတရုပ် ၄ခုမှာ ရူပဗေဒရှိ အခြေခံ သက်ရောက်မှုကြီး ၄ခုနှင့် ထပ်တူမကျပေ။ အဘိဓမ္မာ၏ ပထဝီဓာတ် (pathavi) ဆိုသည်မှာ အရာဝတ္ထုတို့၏ မည်မျှပျော့ခြင်း မည်မျှမာခြင်း သတ္တိအခြင်းအရာ ဖြစ်လေရာ ရူပဗေဒ၏ သိပ်သည်းမှုနှင့် ဆင်တူသည်။ သိပ်သည်းမှု (density) ဟူသည်မှာ ဒြပ်မကြီးလွန်းသော အရာများတွင် လျှပ်စစ်သံလိုက်ဓာတ်၏ အဆုံးအဖြတ် ဖြစ်ပြီး ဒြပ်ကြီးလွန်းသော အရာများတွင် ဒြပ်ဆွဲမှု၏ ပါဝင်ဆုံးဖြတ်မှုကို ခံရသည်။ အာပေါဓာတ် (apo) ဆိုသည်မှာ အရာဝတ္ထုတို့ မည်မျှ စေးခြင်း မည်မျှပျစ်ခြင်း သတ္တိအခြင်းအရာ ဖြစ်လေရာ ၎င်းက အက်တမ်တွင်းအမှုန်တို့၏ လျှပ်စစ်သံလိုက်ဓာတ်အရ အပြန်အလှန် သက်ရောက်ပုံ၏ ရလဒ် ဖြစ်ပေသည်။ ဝါယောဓာတ် (vayo) ဆိုသည်မှာ အရာဝတ္ထု၏ ဖိအားရွေ့ကူးစေမှု (pressure transmittance) ၏ အဆုံးအဖြတ် ဖြစ်လေရာ[၅] ၎င်းအခြင်းသတ္တိအဖို့ အကြောင်းမှာလည်း လျှပ်စစ်သံလိုက်ဓာတ် ဖြစ်ပြန်သည်။ တေဇောဓာတ် (tejo) ဆိုသည်မှာ ဒြပ်သားတို့၌ အစဉ်ခိုကပ်သော အပူစွမ်းအင်နှင့် ဆင်တူလေရာ ၎င်းအပူစွမ်းအင်၏ ဖြာထွက်စီးကူးမှုမှာလည်း လျှပ်စစ်သံလိုက်ဓာတ်နှင့် ဆိုင်ပြန်သည်။ နျူကလီးယား အပြင်းစက်၊ နျူကလီးယား အပျော့စက် တို့၏ မဟာဘူတရုပ် ၄မျိုးနှင့် ဆက်စပ်မှုကိုမူ မတွေ့ရချေ။
ထို့ကြောင့် မဟာဘူတ ၄ခုမှာ အခြေခံသက်ရောက်မှုကြီး ၄မျိုး၏ ပြုပြင်စီရင်မှုကြောင့် ဖြစ်ပေါ်လာသည့် သဘောသတ္တိများ ဖြစ်သည်၊ ရူပဗေဒ၏ အခြေခံသက်ရောက်မှုကြီးတို့က ပိုမို အခြေခံပင်ရင်း ကျသည်ဟု ကောက်ချက်ချနိုင်သည်။
အကိုးအကား
ပြင်ဆင်ရန်- ↑ ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း
- ↑ See, e.g., Monier-Williams Sanskrit Dictionary where Mahābhūta is defined as: "a great element, gross el[ement] (of which 5 are reckoned, viz. ether, air, fire, water, earth ..., as distinguished from the subtle el[ement] or Tanmātra...)." Monier-Williams (1899), p. 798, entry for "Mahā-," retrieved 24 December 2008 from "U. Cologne" at http://www.sanskrit-lexicon.uni-koeln.de/scans/MWScan/MWScanpdf/mw0798-mahApheTkArIya.pdf.
- ↑ Gopal၊ Madan (1990)။ K.S. Gautam (ed.)။ India through the ages။ Publication Division, Ministry of Information and Broadcasting, Government of India။ p. 79။
- ↑ ၄.၀ ၄.၁ ၄.၂ ၄.၃ ၄.၄ လယ်တီဆရာတော် (ဒီဇင်ဘာ ၂၀၀၇)။ လယ်တီဒီပနီပေါင်းချုပ် − ဝိပဿနာဒီပနီ။ မိခင်ဧရာဝတီစာအုပ်တိုက်
location = ရန်ကုန်။ pp. ၂၀။ line feed character in
|publisher=
at position 23 (အကူအညီ); Missing pipe in:|publisher=
(အကူအညီ) - ↑ ပဏ္ဍိတဝေဒနီယဒီပနီကျမ်း