ဘုရားရှင် ကောသလနိုင်ငံ-သီတင်းသုံးတော်မူနေစဉ်-

စက္ခုပသာဒ, ရူပါရုံ, စက္ခုဝိညာဉ်, စက္ခုသမ္ဖဿ, ယင်းကြောင့်ဖြစ်သော သုခ, ဒုက္ခ, အဒုက္ခ မသုခဝေဒနာ

သောတပသာဒ သဒ္ဒါရုံ, သောတဝိညာဉ်, သောတာသမ္ဖဿ, ယင်းကြောင့်ဖြစ်သော သုခ, ဒုက္ခ, အဒုက္ခ မသုခဝေဒနာ

ဃာနပသာဒ, ဂန္ဓာရုံ, ဃာနဝိညာဉ်, ဃာနသမ္ပဿ, ယင်းကြောင့်ဖြစ်သော သုခ, ဒုက္ခ, အဒုက္ခ မသုခဝေဒနာ

ဇိဝှါပသာဒ, ရသာရုံ, ဇိဝှါဝိညာဉ်, ဇိဝှါသမ္ဖဿ, ယင်းကြောင့်ဖြစ်သော သုခ, ဒုက္ခ, အဒုက္ခ မသုခဝေဒနာ

ကာယပသာဒ, ဖောဋ္ဌဗ္ဗာရုံ, ကာယဝိညာဉ်, ကာယသမ္ဖဿ, ယင်းကြောင့်ဖြစ်သော သုခ, ဒုက္ခ, အဒုက္ခ မသုခဝေဒနာ

ဘဝင်စိတ်, ဓမ္မာရုံ, မနောဝိညာဉ်, မနောသမ္ဖဿ, ယင်းကြောင့်ဖြစ်သော သုခ, ဒုက္ခ, အဒုက္ခ မသုခဝေဒနာ

ယင်းဝတ္ထုအာရုံ အစရှိသည်တို့၏သဘာဝ)ကို အမှန်အတိုင်း မသိမမြင်လျှင် ထိုဝတ္ထုအာရုံ အစရှိသည်တို့၌ ပြင်းထန်စွာတပ်မက်မော၏၊ ပြင်းထန်စွာတပ်မက်မောခြင်း စပ်ယှဉ်(အားထုတ်)ခြင်း၊ ပြင်းထန်စွာတွေဝေသည်ဖြစ်၍ သာယာဖွယ်ဟု ရှုမြင် နေသော ထိုပုဂ္ဂိုလ်အား နောင်အခါ၌ ဥပါဒါနက္ခန္ဓာတို့ ပွားခြင်းသို့ရောက်ကုန်၏။ တဖန် ဘဝသစ်၌ဖြစ်စေတတ်သော နန္ဒီရာဂနှင့်တကွဖြစ်သော ထိုထိုဝတ္ထုအာရုံ အစရှိသည်တို့၌ လွန်လွန်ကဲကဲ နှစ်သက်ခြင်းတဏှာသည်လည်းဖြစ်ရာ၏။ ထိုပုဂ္ဂိုလ်အား ကိုယ်စိတ်၌ဖြစ်သော ပူပန်ခြင်း၊ ပြင်းထန်စွာပူပန်ခြင်း၊ ပြင်းထန်စွာပူလောင်ခြင်းတို့ တိုးပွားကုန်၏။ ကာယိကဒုက္ခ၊ စေတသိကဒုက္ခကို အဖန်ဖန်ခံစားရ၏။

ယင်းဝတ္ထုအာရုံ အစရှိသည်တို့၏သဘာဝ)ကို အမှန်အတိုင်းသိမြင်လျှင် ထိုဝတ္ထုအာရုံ အစရှိသည်တို့၌ ပြင်းထန်စွာ တပ်မက်မောမှု မဖြစ်တော့ပေ။ ပြင်းထန်စွာ တပ်မက်မောမှု၊ စပ်ယှဉ်(အားထုတ်)မှု၊ ပြင်းထန်စွာတွေဝေမှုမရှိတော့ဘဲ (ယင်းတို့၏) အပြစ်ရှိပုံကို အဖန်ဖန်ရှုမှတ်၍နေသော ထိုပုဂ္ဂိုလ်အား တဖန် ဘဝသစ်ကို ဖြစ်စေတတ်သော နန္ဒီရာဂနှင့်တကွဖြစ်သော ထိုထိုဝတ္ထုအာရုံ အစရှိသည်တို့၌ လွန်လွန်ကဲကဲ နှစ်သက်မှုတဏှာကို ပယ်သတ်နိုင်၏။ ထိုပုဂ္ဂိုလ်အား ကိုယ်စိတ်၌ ဖြစ်သော ပူလောင်ခြင်း၊ ပြင်းထန်စွာ ပူပန်ခြင်းတို့ကိုလည်း ပယ်နိုင်ကုန်၏။ ထိုပုဂ္ဂိုလ်သည် ကိုယ်, စိတ်၌ဖြစ်သော ချမ်းသာကိုလည်း ခံစားရတော့၏။

မှန်ကန်သော အယူအမြင်သည် “သမ္မာဒိဋ္ဌိ”၊ မှန်ကန်သောအကြံအစည်သည် “သမ္မာသင်္ကပ္ပ”၊ မှန်ကန်သောအားထုတ်မှုသည် “သမ္မာဝါယာမ”၊ မှန်ကန်သော အောက်မေ့မှုသည် “သမ္မာသတိ”၊ မှန်ကန်သောတည်ကြည်မှုသည် “သမ္မာသမာဓိ”။ ထိုမဂ္ဂင်ငါးပါး၏ ရှေ့၌ပင်လျှင် ကာယကံ၊ ဝစီကံ၊ အသက်မွေးမှု ထက်ဝန်းကျင်မှ သန့်ရှင်းစင်ကြယ်နေပါသည်။

ဤသို့ ဤအဋ္ဌင်္ဂိက အရိယာမဂ်ကို ပွားများနေသောသူအား သတိပဋ္ဌာန် လေးပါး၊ သမ္မပ္ပဓာန်လေးပါး၊ ဣဒ္ဓိပါဒ်လေးပါး၊ ဣန္ဒြေငါးပါး၊ ဗိုလ်ငါးပါး၊ ဗောဇ္ဈင် ခုနစ်ပါးတို့ကိုပွားများမှု ဘာဝနာ၏ပြည့်စုံခြင်းသို့ရောက်ကုန်၏။

ထိုယောဂီပုဂ္ဂိုလ်အား သမထ၊ ဝိပဿနာ တရားနှစ်ပါးတို့ အစုံလိုက်ဖြစ်နေကုန်၏။ ထိုယောဂီပုဂ္ဂိုလ်သည် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ထူးသောဉာဏ်ဖြင့်ပိုင်းခြား၍ သိအပ်ကုန်ပြီ။ အဝိဇ္ဇာ၊ ဘဝတဏှာဟူသော ထူးသောဉာဏ်ဖြင့် သိအပ်ကုန်သော ဤတရားနှစ်ပါးတို့ကို ပယ်အပ်ကုန်ပြီ။ သမထ၊ ဝိပဿနာ ဤတရားနှစ်ပါးတို့ကို ပယ်အပ်ကုန်ပြီ။ ဝိဇ္ဇာ-ဝိမုတ္တိ ဟူသော ထူးသောဉာဏ်ဖြင့် သိအပ်ကုန်သော ဤ တရားနှစ်ပါးတို့ကို မျက်မှောက်ပြုအပ်ကုန်ပြီဟု အာယာတနအုပ်စု တစ်ပါးစီ တစ်ပါး စီကို ခွဲခြမ်းစိတ်ဖြာ အသီးအသီးဝေဖန်၍ ဘုရားရှင်, ရဟန်းတော်တို့အား ဟောကြားတော်မူသည့်သုတ်။ [] []

  1. -မ၊၃၊၃၃၅-၉။ မ၊မြန်၊၃၊၃၃၉-၃၄၃။ မ၊ဋ္ဌ၊၄၊၂၄၇-၈။ မ၊ဋီ၊၃၊၄၃၃-၅။ -မဇ္ဈိမနိကာယ၊ ဥပရိပဏ္ဏာသက၊ ၅-သဠာယတနဝဂ္ဂ၊ သတ္တမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ