မဟာသီရိသုဓမ္မ
နိုင်ငံတော်အတွက် ထူးကဲစွာ အကျိုးဆောင်သူများကို ချီးမြှင့်သော မြန်မာ့ သင်္ဂဟဂုဏ်ထူးဆောင်ဘ
မဟာသီရိသုဓမ္မဘွဲ့ သည် (၁၉၄၈) လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် လူပုဂ္ဂိုလ်များကို စစ်ဘက်၊ နယ်ဘက် နယ်ပယ်၌ အကျိုးဆောင်ခဲ့သည့်အတွက် ဂုဏ်ပြုရန်သတ်မှတ်တီထွင်ပေးအပ်ခဲ့သည့် ဘွဲ့တံဆိပ်တစ်မျိုးဖြစ်သည်။ နိုင်ငံတော်အတွက် ထူးကဲစွာဆောင်ရွက်သူများ၊ အကျိုးဆောင်သူများအားချီးမြှင့်အပ်နှင်းရန်အတွက်ဖြစ်သည်။[၁](သာသနာ့နုဂ္ဂဟဘွဲ့များနှင့် မရောထွေးပါနှင့်) ယခင်ကာလများ၌ ဤဘွဲ့ကို သမ္မတ၊ တရားသူကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ စစ်ဗိုလ်ချုပ်၊ ဝန်ကြီးများကို ပေးအပ်ခဲ့သည်။ မဟာသီရိသုဓမ္မ၊ သတိုးသီရိသုဓမ္မ၊ အဂ္ဂမဟာသီရိသုဓမ္မ ဘွဲ့များအဖြစ် ပေးအပ်ခဲ့သည်။[၂] အမျိုးသမီးများထဲက သုဓမ္မသင်္ဂဟကို ရှားရှားပါးပါးရသူမှာ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ဖြစ်ပြီး (၁၉၅၁) တွင်ရရှိခြင်းဖြစ်သည်။
မဟာသီရိသုဓမ္မ သင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့ | |
---|---|
မဟာသီရိသုဓမ္မသင်္ဂဟဘွဲ့၏ လည်ဆွဲဖဲကြိုးဖြင့် အဆောင်အယောင်တံဆိပ် နမူနာ ပုံ | |
နိုင်ငံတော် သမ္မတ မှ ချီးမြှင့်ခြင်း | |
အမျိုးအစား | သုဓမ္မသင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့ |
တည်ထောင်ခဲ့ | ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၂ ရက် |
နိုင်ငံ | မြန်မာ |
ဖဲကြိုး | (သုဓမ္မသင်္ဂဟ အဆောင်အယောင် ဖဲကြိုးများသည် တစ်ပုံစံတည်းဖြစ်ပြီး၊ ဖဲကြိုးတို(ဆားဗစ်တန်း)တပ်ဆင်ရန် သတ်မှတ်ထားခြင်းမရှိပါ။[၁]) |
သတ်မှတ်ချက် | နိုင်ငံတော်အတွက် ထူးကဲစွာ အမှုထမ်းသူများ နှင့် အကျိုးဆောင်သူများ |
Precedence | |
နောက်ထပ် (ပိုမြင့်သော) | သတိုးသီရိသုဓမ္မ |
နောက်ထပ် (ပိုနိမ့်သော) | ပြည်ထောင်စုစည်သူသင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့များ |
(ရှေ့ဖက်) နှင့် (ကျောဖက်) မဟာသီရိသုဓမ္မ၏ အဆောင်အယောင်တံဆိပ်ပုံ (သုဓမ္မသင်္ဂဟများ၏ အဆောင်အယောင်တံဆိပ် ရှေ့ဖက်ပုံစံများသည် တူညီကြသည်။[၁]) |
မဟာသီရိသုဓမ္မဘွဲ့ရရှိခဲ့သော မြန်မာနိုင်ငံသားများ :
- ဦးထွန်းဖြူ (တိုင်းပြည်ပြုလွှတ်တော်ခေတ်၏ ပထမဆုံးသော မြန်မာနိုင်ငံတော် တရားဝန်ကြီးချုပ်၊ အာဇာနည်ခေါင်းဆောင်များကို ဂဠုန်ဦးစောနှင့် အပေါင်းအပါများက လုပ်ကြံသည့် နိုင်ငံတော်လုပ်ကြံမှုကြီးကို အစိုးရရှေ့နေအဖြစ် ဆောင်ရွက်ခဲ့သူ)
- ဒေါ်ခင်ကြည်
- ဗိုလ်ချုပ်နေဝင်း (နောင်တွင် အဂ္ဂမဟာသီရိသုဓမ္မဘွဲ့ပါ ထပ်မံရရှိ)
- တပ်မင်းကြီး ဗိုလ်လက်ျာ
- ဗိုလ်မှူးချုပ် စောကြာဒိုး
- သမ္မတ ဦးဘဦး (အဂ္ဂမဟာသီရိသုဓမ္မ)[၂]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်။ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက် ထုတ်ပြန်ခြင်း။ 26 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၇.၀၆.၂၀၂၂ တွင် ပြန်စစ်ပြီး။ “အခန်း(၈)၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ အရည်အချင်းများ”
- ↑ ၂.၀ ၂.၁ လွတ်လပ်ရေးခေတ်က လွတ်လပ်ရေးနေ့မှာ ပေးတဲ့ ဘွဲ့တံဆိပ် သင်္ဂဟ၊ ဘီဘီစီ
ဤ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |