ပြည်ထောင်စုစည်သူသင်္ဂဟ

မြန်မာ့ သင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့

ပြည်ထောင်စုစည်သူသင်္ဂဟ (အင်္ဂလိပ်: Order of the Union of Burma) သည် မြန်မာနိုင်ငံမှ ပြည်သူများအားချီးမြှင့်သော အမြင့်ဆုံးဘွဲ့တံဆိပ်တော်များဖြစ်သည်။ ဗြိတိသျှတို့၏ Order of Burma ဘွဲ့ကိုအစားထိုးရန် မြန်မာတို့မှ အသစ်ပြုလုပ်ခဲ့သည်။ [၃]

ပြည်ထောင်စုစည်သူ
သင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့
Order of Pyidaungsu Sithu Thingaha.png
ပြည်ထောင်စုစည်သူသင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့များအတွက် အဆောင်အယောင်တံဆိပ် နမူနာပုံ[၁]
နိုင်ငံတော်သမ္မတ မှ ချီးမြှင့်ခြင်း
အမျိုးအစားသင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့
တည်ထောင်ခဲ့၂ စက်တင်ဘာ ၁၉၄၈
နိုင်ငံ မြန်မာ
ဖဲကြိုး(စာတွင်ရှု့)
သတ်မှတ်ချက်နိုင်ငံတော်အတွက် ထူးကဲစွာ အမှုထမ်းသူများ နှင့် အကျိုးဆောင်သူများ
(စွမ်းဆောင်မှု အတိုင်းအတာအရ အဆင့် သတ်မှတ်[၂])
Classes
Precedence
နောက်ထပ် (ပိုမြင့်သော)သုဓမ္မသင်္ဂဟ

သင်္ဂဟဂုဏ်ထူးများကို အခြားနိုင်ငံရှိ ဂုဏ်ထူးအဆင့်အတန်းများနှင့် နှိုင်းယှဉ်ထားခြင်းမရှိ။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် အကောင်းဆုံး အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများမှာ အခြားမည်သည့် နိုင်ငံများတွင်မဆို အကောင်းဆုံး၊ အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများနှင့် တန်းတူသည်ဟု ယူဆသည်။ ဘွဲ့ရသူတို့အား ရွှေ ၃ကျပ်သားထက်မနည်း ပါဝင်သော ရွှေတံဆိပ်များ ချီးမြှင့်သည်။ အဆောင်အယောင်တို့ကို ပြဋ္ဌာန်းထားသည်နှင့်အညီ ဝတ်ဆင်ရပေသည်။ နိုင်ငံခြားစိုးရများက ပေးသော ဘွဲ့၊ ဆု၊ တံဆိပ်များအတွက် ဖဲကြိုးများကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရကပေးသော ဘွဲ့တံဆိပ်များအတွက် ဖဲကြိုးများနောက် ပြီးဆုံးမှ တပ်ဆင်ရန် ပြဋ္ဌာန်းထားသည်။[၄][၁]


ဘွဲ့များကို ချီးမြှင့်အပ်နှင်းခြင်းခံရသည့် ပုဂ္ဂိုလ်၏အမည်ရှေ့တွင်ဖော်ပြ၍ ခေါ်ဝေါ် အသုံးပြုရသည်။ ရာထူးနှင့်အမည်ကို တွဲခေါ်ရသော ပုဂ္ဂိုလ်များဖြစ်ပါက ဘွဲ့အမည်ကို ရာထူးနှင့်အမည် ကြားတွင် ဖော်ပြ၍ခေါ်ဝေါ်အသုံးပြုရသည်။ ရာထူးနှင့်အမည်တွဲ၍ မခေါ်ရသောပုဂ္ဂိုလ်များဖြစ်ပါက ဘွဲ့အမည်ကို ဦး၊ ကို၊ ဒေါ်၊ မ ရှေ့တွင်ဖော်ပြ၍ ခေါ်ဝေါ်အသုံးပြုရသည်။[၂]

အဆင့်များပြင်ဆင်

 
အဂ္ဂမဟာသရေစည်သူ
 
သတိုးမဟာသရေစည်သူ
 
မဟာသရေစည်သူ
 
သရေစည်သူ
 
စည်သူ

ပြည်ထောင်စုစည်သူသင်္ဂဟတွင် အဆင့် ၅ ဆင့်ရှိသည် -

  1. အဂ္ဂမဟာသရေစည်သူ
  2. သတိုးမဟာသရေစည်သူ
  3. မဟာသရေစည်သူ
  4. သရေစည်သူ
  5. စည်သူ

ဘွဲ့ရရှိသူများပြင်ဆင်


အဂ္ဂမဟာသရေစည်သူပြင်ဆင်

ရရှိသူ ရရှိသည့်နှစ် မှတ်ချက်
စဝ်ရွှေသိုက် ?
သိန်းစိန် ၂၀၂၁

သတိုးမဟာသရေစည်သူပြင်ဆင်

ရရှိသူ ရရှိသည့်နှစ် မှတ်ချက်

မဟာသရေစည်သူပြင်ဆင်

ရရှိသူ ရရှိသည့်နှစ် မှတ်ချက်
ဦးသန့် ၁၉၆၁
ခင်မောင်ဖြူ ၁၉၆၁
မောင်ဘို ၂၀၁၂
သူရတင်ဦး ၂၀၁၂
မင်းအောင်လှိုင် ၂၀၁၂
အောင်ကြီး ၁၉၆၂

သရေစည်သူပြင်ဆင်

ရရှိသူ ရရှိသည့်နှစ် မှတ်ချက်
ဗိုလ်မှူးချုပ် စန်းယု
သီဟသူရ သူရ စစ်မောင် ၂၀၁၂ *သီဟသူရဘွဲ့ ၊ သူရဘွဲ့ နှစ်မျိုးလုံး ရရှိထားပြီးသူဖြစ်သည်။[ကိုးကားချက်လိုသည်]
ကျော်သန်း ၂၀၁၂
အောင်ကိုဝင်း ၂၀၂၀
စိုးဝင်း ၂၀၂၁[၅]

စည်သူပြင်ဆင်

ရရှိသူ ရရှိသည့်နှစ် မှတ်ချက်
ဗိုလ်ကလေးတင့်အောင်[၆] ၂၀၁၂
တင်တင်မြ ၂၀၁၂ အဆိုတော်
ခင်မောင်ညွန့် ၂၀၁၂
စန်းယဉ် ၂၀၁၂
ဒေါက်တာကျော်စိန် ၂၀၁၂
ကြည်စိုးထွန်း ၂၀၁၂
မြင့်မြင့်ခင် ၂၀၁၂
ရွှေနန်းတင် ၂၀၁၂
ဦးအောင်ချစ်မင်း ၂၀၁၉
ဦးစောဇင်အောင် ၂၀၁၉

အခြားကြည့်ရန်ပြင်ဆင်

ကိုးကားပြင်ဆင်

  1. ၁.၀ ၁.၁ သန်းထွန်း(မော်လမြိုင်); et al. (မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့) (၂၀၁၂)။ စာပေဗိမာန် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် စာတည်းအဖွဲ့ (ed.)။ တိုင်းကျိုးပြည်ဆောင် ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်များမြန်မာ့စွယ်စုံကျမ်း။ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၂) (ပထမအကြိမ်၊ ၂၀၁၂ ခုနှစ် ed.)။ ဖိုတိုလစ်သို ပုံနှိပ်စက်ရုံ: စာပေဗိမာန်အဖွဲ့။ pp. ၂၈၄-၂၉၀။
  2. ၂.၀ ၂.၁ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီပြည်ထောင်စုမြန်မာနိုင်ငံတော်ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက် ထုတ်ပြန်ခြင်း။ 26 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၇.၀၆.၂၀၂၂ တွင် ပြန်စစ်ပြီး။ “အခန်း(၈)၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ အရည်အချင်းများ”
  3. လွတ်လပ်ရေးခေတ်က လွတ်လပ်ရေးနေ့မှာ ပေးတဲ့ ဘွဲ့တံဆိပ် သင်္ဂဟ
  4. မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၆၄)။ "ဘွဲ့၊ တံဆိပ်၊ သင်္ဂဟ"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ စာပေဗိမာန်ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: စာပေဗိမာန်။ pp. ၃၉၅-၄၀၁။
  5. (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့အပ်နှင်းခြင်းအခမ်းအနား ကျင်းပ
  6. အသက် ၁၀၀ နီးပါးရှိပြီဖြစ်သည့် အနုပညာသမားတစ်ဦး၏ ကြိုးပမ်းမှု သို့မဟုတ် မြန်မာ့ရုပ်ရှင်ရာပြည့် ဂုဏ်ပြုသီချင်းရေးဖွဲ့နေသည့် စည်သူ ဒေါက်တာ ဗိုလ်ကလေးတင့်အောင်