ဘုရားရှင် အင်္ဂတိုင်း အဿပုရနိဂုံး၌ သီတင်းသုံးတော်မူစဉ် အဿပုရနိဂုံးသူ/သားတို့သည် ရတနာမြတ်သုံးပါးတို့၌ အလွန်ကြည်ညိုကြကုန်၏။ ထိုကြည်ညိုမှုကို အကြောင်းပြု၍-ရဟန်းတို့၊ သင်တို့ကို လူအပေါင်းတို့က သမဏ, သမဏတို့ဟူ၍ သိမှတ်ကြကုန်၏။ သင်တို့ဘယ်တွေလဲဟု မေးမြန်းကြကုန်လျှင် “ငါတို့ သမဏတို့ ဖြစ်ကုန်၏”ဟု ဝန်ခံကြကုန်၏။ ရဟန်းတို့ ထိုလူတို့အား “ဤသို့ သမဏ-အမည်။ သမဏ-ဟု ဝန်ခံကြကုန်သည်ရှိသော် သမဏကရဏ, ဗြာဟ္မဏကရဏ ဓမ္မတို့ကို ဆောက်တည်၍ ကျင့်သုံးကြကုန်အံ့။ ဤသို့ ကျင့်သုံးကြကုန်သော ငါတို့၏ သမဏဟူသောအမည်နှင့် သမဏ-ဟု ဝန်ခံခြင်းတို့သည် ဟုတ်မှန်ခြင်းဖြစ်လိမ့်မည်။ ငါတို့ သုံးစွဲနေသော ပစ္စည်းလေးပါးအရှင်တို့၏ ကောင်းမှုကုသိုလ်စေတနာသည် အကျိုး အာနိသင်ကြီးမားသည်ဖြစ်လိမ့်မည်။ ငါတို့၏ ဤရဟန်းအဖြစ်၊ ရဟန်းဘဝသည် မမြုံတော့ဘဲ အကျိုးနှင့်တကွ ကြီးပွားတိုးတက်မှုဖြစ်ထွန်းပေလိမ့်မည်ဟု သင်တို့ ကျင့်ကြရမည်ဟု မိန့်တော်မူပြီး (၁) ဟိရောတ္တပ္ပသမ္ပန္န၊ (၂) ပရိသုဒ္ဓကာယသမာစာရ၊ (၃) ပရိသုဒ္ဓဝစီသမာစာရ၊ (၄) ပရိသုဒ္ဓမနောသမာစာရ၊ (၅) ပရိသုဒ္ဓါဇီဝ၊ (၆) ဣန္ဒြိယေသုဂုတ္တဒွါရ၊ (၇) ဘောဇနမတ္တညုတာ၊ (၈) ဇာဂရိယာနုယောဂ၊ (၉) သတိသမ္ပဇည၊ (၁၀) ဝိနီဝရဏတာစိတ္တဿ၊ (၁၁) နီဝရဏငါးပါးကင်းပျောက်ပုံ ဥပမာ ငါးခု၊ (၁၂) ရူပါဝစရဈာန်လေးပါးရအောင် အားထုတ်ပုံ (၁၃) ပုဗ္ဗေနိဝါသအဘိညာဉ် ဖြစ်ပုံ၊ (၁၄) ဒိဗ္ဗစက္ခုအဘိညာဉ်ဖြစ်ပုံ၊ (၁) သစ္စာလေးပါး တရားသိမြင် အာသဝက္ခ ဉာဏ်ဖြစ်၍ ရဟန္တာဖြစ်ပုံ၊ (၁၆) ရဟန္တာပုဂ္ဂိုလ်ကို (က) သမဏ၊ (ခ) ဗြာဟ္မဏ၊ (ဂ) နှာတက၊ (ဃ) ဝေဒဂူ၊ (င) သောတ္ထိယ၊ (စ) အရိယ၊ (ဆ) အရဟံ-ဟု ခေါ်ဆိုနိုင်ပုံတို့ကို အသီးအသီး အကျယ်ဝေဖန်၍ ရဟန်းတို့အား ဘုရားရှင်ဟောတော် မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်အမျိုးမျိုးတို့ကို လေ့လာဖတ်ရှုနိုင်ပါသည်။ [၁] [၂]

ကိုးကား ပြင်ဆင်ရန်

  1. -မ၊၁၊၃၃၈-၃၄၈။ မ၊မြန်၊၁၊၃၄၉-၃၅၉။ မ၊ဋ္ဌ၊၂၊၂၁၂-၂၁၅။ မ၊ဋီ၊၂၊၂၂၉-၂၄၀။ -မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသက၊ ၄-မဟာယမကဝဂ္ဂ၊ နဝမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ