မာဇဒါဂျစ်
မာဇဒါဂျစ်(အင်္ဂလိပ်: Mazda Pathfinder XV-1) သည် ၁၉၇၀ မှ ၁၉၉၀ ထိ မာဇဒါကားကုမ္ပဏီနှင့် စက်မှု ဝန်ကြီးဌာနတို့ ပူးပေါင်းထုတ်လုပ်ခဲ့သော လေးဘီးယက်မော်တော်ယာဉ် အမျိုးအစားဖြစ်သည်။ [၁] မြန်မာနိုင်ငံအတွက် သီးသန့်ဒီဇိုင်းဆွဲ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး လန်ရိုဗာကားအပေါ် အခြေခံထားခြင်းဖြစ်သည်။ မာဇဒါဂျစ်ကို အများအားဖြင့် တပ်မတော် ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အစိုးရအရာရှိများ အသုံးပြုခဲ့ကြသည်။ [၂]
မာဇဒါဂျစ် Mazda Pathfinder XV-1 | |
---|---|
မာဇဒါဂျစ် | |
အမျိုးအစား | 4×4 utility truck |
မူလထုတ်လုပ်ရာ | မြန်မာ |
သုံးစွဲမှု မှတ်တမ်း | |
တာဝန်ထမ်းချိန် | ၁၉၇၀ - လက်ရှိ |
အသုံးပြုသူ | တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အစိုးရဌာနဆိုင်ရာများ |
ထုတ်လုပ်မှု မှတ်တမ်း | |
ထုတ်လုပ်သူ | အကြီးစားစက်ရုံ (ထုံးဘို) |
စတင်ထုတ်လုပ်သည့်နေ့ | 1970–1972, possibly mid-1990s |
မျိုးကွဲများ | အမိုးမာ၊ အမိုးပျော့ စတေရှင်ဝက်ဂွန် |
အသေးစိတ်အချက်အလက် | |
အင်ဂျင် | Inline 4 Mazda 2 liter, optional diesel ၉၀ hp (၆၇ kW; ၉၁ PS) |
ပါဝါ/အလေးချိန် | ၄၉ hp/ST (၅၄.၀ hp/t) |
ပို့လွှတ်မှု | 3 speed x 2 range transfer case |
ဆိုင်းငံ့ | Live axles on leaf springs front and rear |
မူကွဲများ
ပြင်ဆင်ရန်မာဇဒါဂျစ်သည် အမိုးပျော့ သို့မဟုတ် အမိုးမာ ပုံစံဖြင့်လာပြီး နောက်ခန်းတွင် လူ ၉ ယောက်အထိ ထိုင်နိုင်သော ခုံတန်းရှည်များ ပါရှိသည်။[၁] [၃] မာဇဒါဂျစ်သည် ကိုယ်ထည်ရှည် သို့မဟုတ် ကိုယ်ထည်တိုပုံစံများ ဖြစ်ပြီး ပတ္တူအမိုးများပါရှိသည်။
ကိုယ်ထည်တို အမိုးမာပုံစံနှင့် တံခါးလေးပေါက်၊ ကိုယ်ထည်ရှည်အမိုးမာပုံစံ များကိုလည်း ထုတ်လုပ်ခဲ့သည်။ ကိုယ်ထည်ရှည်၊ အမိုးပျော့ (ပတ္တူမိုး)ပုံစံမှာ တံခါးနှစ်ပေါက်ဖြင့်သာ ထုတ်လုပ်ခဲ့သည်။[၄]
-
Mazda Pathfinder Station Wagon XV-1 SW 4x4 ရှေ့ဘယ်ဘက်
-
Mazda Pathfinder Station Wagon XV-1 SW 4x4 ညာဘက်နောက်ဘက်
ကိုးကားချက်များ
ပြင်ဆင်ရန်
- ↑ ၁.၀ ၁.၁ Burma's Mazda Pathfinder XV-1 Is The Most Obscure Off-Roader I've Ever Seen။
- ↑ "Mazda Jeep": The 1960s 4x4 Used by the Myanmar Military။ 12 May 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 May 2021 တွင် ပြန်စစ်ပြီး။
- ↑ Top 10 Coolest (and Strangest) Cars at Mazda’s Museum in Germany » AutoGuide.com News။ 2 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 May 2021 တွင် ပြန်စစ်ပြီး။
- ↑ CC Global: 198x Mazda XV-1 (MJ-1) Pathfinder – Burma’s Only Claim To Automotive Fame။