မာရဝိဇယဗုဒ္ဓရုပ်ပွားတော်

ဗုဒ္ဓဘုရားဆင်းတု

မာရဝိဇယဗုဒ္ဓရုပ်ပွားတော် သည် ၈၁ ပေ (၂၅ မီတာ) ရှိသော ဘူမိဖဿမုဒြာ စကျင်ကျောက် ရုပ်ပွားတော်ဖြစ်ပြီး မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ရှိသည်။[၁] ရုပ်ပွားတော်သည် စကျင်ကျောက်သားဖြင့် ထုလုပ်ပူဇော်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ စကျင်ကျောက်သားရုပ်ပွားတော်များထဲမှ ကမ္ဘာ့အမြင့်ဆုံး နှင့်အလေးချိန်အများဆုံး ရုပ်ပွားတော် တစ်ဆူဖြစ်သည်။[၂] မန္တလေးတိုင်းဒေသကြီးမတ္တရာမြို့နယ်၊ စကျင်တောင်မှ ထွက်ရှိသော စကျင်ကျောက်ဖြင့် ထွင်းထုထားသော ရုပ်ပွားတော်အလေးချိန်မှာ ၁,၇၈၂ တန်နှင့် ပလ္လင်တော် အလေးချိန်မှာ ၃,၅၁၀တန်၊ စုစုပေါင်းအလေးချိန် ၅,၂၉၂ တန် ရှိသည်။[၃][၄] ရုပ်ပွားတော်၏ ဉာဏ်တော်အမြင့်မှာ ၆၃ ပေ ရှိပြီး ပလ္လင်တော်အမြင့်မှာ ၁၈ ပေရှိသည်။ ထိုအတိုင်းအတာ ပမာဏကိန်းများကို တစ်လုံးတည်းရအောင် ပေါင်းကြည့်ပါက ၉ ဂဏန်းရကြောင်း တွေ့ရသည်။[၅][၆] ရုပ်ပွားတော်သည် ကျောက်စာများ၊ စေတီငယ်များ၊ သာသနာအဆောက်အဦများနှင့် မုစလိန္နာအိုင်တို့ပါဝင်သော ၉၁ ဟက်တာကျယ်ဝန်းသည့် ပရိဂုဏ်အတွင်းတည်ရှိသည်။[၇]

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်
မာရဝိဇယဗုဒ္ဓရုပ်ပွားတော် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာနေပြည်တော်
ကိုဩဒိနိတ်19°42′03″N 96°03′36″E / 19.700954926140046°N 96.05990090948225°E / 19.700954926140046; 96.05990090948225ကိုဩဒိနိတ်: 19°42′03″N 96°03′36″E / 19.700954926140046°N 96.05990090948225°E / 19.700954926140046; 96.05990090948225
ဘာသာရေး နှီးနွယ်မှုဗုဒ္ဓဘာသာ
Sectထေရဝါဒ
တိုင်းနေပြည်တော် ပြည်ထောင်စုနယ်မြေ
နိုင်ငံမြန်မာနိုင်ငံ
ဗိသုကာ
တည်ထောင်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အသေးစိတ်
အလျား၈၁ ပေ (၂၅ မီတာ)
တည်ဆောက်ပစ္စည်းစကျင်ကျောက်

သမိုင်းကြောင်း ပြင်ဆင်ရန်

ရုပ်ပွားတော် တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၄ ရက်နေ့တွင် စတင်ခဲ့ပြီး[၈] ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီး မကြာမီတွင် နိုင်ငံပိုင် သတင်းစာနှင့် မြန်မာ့ရုပ်မြင်သံကြားများတွင် ကြေညာခဲ့သည်။[၉] ရုပ်ပွားတော်၏ ဘွဲ့အမည် မာရဝိဇယ ဆိုသည်မှာ "မာရ်နတ်ကို အောင်မြင်ခြင်း" ဟု အဓိပ္ပာယ်ရသည်။[၇] အမေရိကန်ဒေါ်လာ ၂၇.၆ သန်းကျော်ကုန်ကျသည့် တည်ဆောက်ဆဲ လုပ်ငန်းခွင်အား အများပြည်သူမှ လှူဒါန်းမှုများ ပြုလုပ်နိုင်ရန်အတွက် နိုင်ငံပိုင်သတင်းစာများကို အသုံးချခဲ့သည်။[၁၀][၈] အဆိုပါရုပ်ပွားတော် တည်ဆောက်ခြင်းအတွက် စစ်ကောင်စီနှင့် နီးစပ်သော စီးပွားရေးသမားများအပါအဝင် အငြိမ်းစားစစ်ဖက်ဆိုင်ရာများက ကျပ်ငွေ ၃၃ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၀ သန်းခန့်)ကို ထည့်ဝင်လှူဒါန်းခဲ့သည်။[၁၁][၁၂][၇]

၂၀၂၃ ခုနှစ် မတ်လတွင် ရုပ်ပွားတော်၏ မျက်လုံးအောက်တွင် အစင်းကြောင်းများပေါ်ကာ မျက်ရည်ကျသကဲ့သို့ ဖြစ်ပေါ်ခဲ့သဖြင့် အဝတ်များဖြင့် ကာရံကာ ပြန်လည်ပြုပြင်ခဲ့ရကာ ဘုရားဖူးခွင့်၊ ဓာတ်ပုံရိုက်ခွင့်များ ပိတ်ပင်ခဲ့သည်။[၁၃][၁၄]

၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ ဒုတိယ ဝါဆိုလပြည့် ဓမ္မစကြာနေ့တွင် ရုပ်ပွားတော်အား ကမ္ဘာ့နိုင်ငံအသီးသီးမှ ဆရာတော်များ အပါအဝင် သံဃာတော် အပါး ၉၀၀ မှ ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းအခမ်းအနားကို ပြုလုပ်ခဲ့သည်။[၈] ရေစက်ချအခမ်းအနားတွင် ကျောက်မဲဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒနသာရက လက်သုံးချောင်းထောင်ကာ ဗုဒ္ဓ၏ အဆုံးအမသုံးချက်ကို ဟောပြောခဲ့သည်။[၁၅] ထိုနေ့မှာပင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးကိုကိုအား ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှ အနားယူခွင့်ပြုခဲ့သည်။[၁၅]

ကိုးကား ပြင်ဆင်ရန်

  1. Part 4 Of Maravijaya Buddha Image Conveyed Onto Jewelled Throne Successfully (in en-US) (2023-02-14)။ 2023-03-31 တွင် ပြန်စစ်ပြီး။
  2. The Tatmadaw's Buddhism (in en-US) (2021-04-26)။ 2023-03-31 တွင် ပြန်စစ်ပြီး။
  3. "Auspicious Ceremony to Convey 4th Part of Maravijaya Buddha Image on Top of Jewelled Throne Held"၊ Info Sheet၊ 2023-02-13။ [လင့်ခ်သေ]
  4. Carving Of Maravijaya Buddha Image Which Would Be The Highest Stone Sculptured Buddha Image In The World And Plans To Build It Explained (in en-US) (2021-11-13)။ 2023-03-31 တွင် ပြန်စစ်ပြီး။
  5. "Auspicious Ceremony to Convey 4th Part of Maravijaya Buddha Image on Top of Jewelled Throne Held"၊ Info Sheet၊ 2023-02-13။ [လင့်ခ်သေ]
  6. Carving Of Maravijaya Buddha Image Which Would Be The Highest Stone Sculptured Buddha Image In The World And Plans To Build It Explained (in en-US) (2021-11-13)။ 2023-03-31 တွင် ပြန်စစ်ပြီး။
  7. ၇.၀ ၇.၁ ၇.၂ ‘His sins can’t be erased’: Junta leader to consecrate Buddha image (in en-US) (2023-07-31)။ 2023-08-05 တွင် ပြန်စစ်ပြီး။
  8. ၈.၀ ၈.၁ ၈.၂ Huge Buddha statue a fig leaf for Myanmar junta atrocities, critics say (in en) (2023-08-02)။ 2023-08-05 တွင် ပြန်စစ်ပြီး။
  9. Myanmar junta goes big on giant Buddha statue in midst of crisis (in en-GB) (2021-05-12)။ 2023-03-31 တွင် ပြန်စစ်ပြီး။
  10. As Myanmar Burns, Junta Pours Money Into ‘World’s Tallest’ Buddha Image (in en-US) (2022-06-27)။ 2023-03-31 တွင် ပြန်စစ်ပြီး။
  11. Junta Crony | Myanmar Junta Cronies Donate Billions for Min Aung Hlaing’s Marble Colossus (in en-US) (2023-06-30)။ 2023-08-05 တွင် ပြန်စစ်ပြီး။
  12. Ex-Spy Chief and Business Cronies Donate to Myanmar Junta Chief's Buddha Statue (in en-US) (2023-07-28)။ 2023-08-05 တွင် ပြန်စစ်ပြီး။
  13. Biggest Buddha cries for Myanmar’s little dictator။ Asia Times။ 6 August 2023 တွင် ပြန်စစ်ပြီး။
  14. နေပြည်တော်က ဆင်းတုတော်ကြီး "မျက်ရည်ကျ" လို့ ယာယီ ပိတ်ထား (16 မတ် 2023)။ ၁၄ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  15. ၁၅.၀ ၁၅.၁ Junta Watch: Blackouts Eclipse Electricity Minister; Regime Boss Shamed by Sermon; and More (in en-US) (2023-08-05)။ 2023-08-05 တွင် ပြန်စစ်ပြီး။