မာလကာသီး

အပူပိုင်းဒေသ သစ်သီး
ဤဆောင်းပါးသည် သစ်သီး အကြောင်း ဖြစ်သည်။ အပင် အတွက် မာလကာ ကို ကြည့်ပါ။

Balls

လှီးထားသော ကီလိုမာလကာ
Guavas, common
၁၀၀ g (၃.၅ oz) တွင် ပါဝင်သော အာဟာရတန်ဖိုး
စွမ်းအင်၂၈၅ kJ (၆၈ kcal)
14.32 g
သကြား8.92 g
Dietary fiber5.4 g
0.95 g
2.55 g
ဗီတာမင်များ
ဗီတာမင် အေ
(4%)
31 μg
(3%)
374 μg
Thiamine (B1)
(6%)
0.067 mg
Riboflavin (B2)
(3%)
0.04 mg
Niacin (B3)
(7%)
1.084 mg
(9%)
0.451 mg
ဗီတာမင် ဘီ6
(8%)
0.11 mg
Folate (B9)
(12%)
49 μg
ဗီတာမင် စီ
(275%)
228.3 mg
ဗီတာမင် ကေ
(2%)
2.2 μg
သတ္တုဓာတ်များ
ကယ်လဆီယမ်
(2%)
18 mg
သံဓါတ်
(2%)
0.26 mg
မဂ္ဂနီစီယမ်
(6%)
22 mg
မက်ဂနိစ်
(7%)
0.15 mg
ဖော့စဖရပ်
(6%)
40 mg
ပိုတက်ဆီယမ်
(9%)
417 mg
ဆိုဒီယမ်
(0%)
2 mg
သွပ်
(2%)
0.23 mg
အခြားပါဝင်ပစ္စည်း
Lycopene5204 µg

Percentages are roughly approximated using US recommendations for adults.
ရင်းမြစ်: USDA Nutrient Database

ရေမဝပ်သည့် သဲဆန်ဆန် ဂဝံမြေမျိုး၌ မာလကာပင်များ ကောင်းစွာဖြစ်ထွန်းသည်။ မြန်မာနိုင်ငံတွင် မေမြို့အနီး ရှမ်းကုန်းပြင်မြင့်နှင့် အခြားအရပ်ရှိ ခြံဥယျာဉ်များ၌ မာလကာပင်များကို စိုက်ပျိုးထားကြသည်။ မာလကာပင်များ ပွားလာအောင် မြေထုပ် စည်းခြင်း၊ အကိုင်းဆက်ခြင်း၊ အကိုင်းမြေမြု|ပ်ခြင်း၊ သားတက်ဖြတ် စိုက်ခြင်း စသည့် နည်းအမျိုးမျိုးတို့ဖြင့် စိုက်ပျိုးနိုင်သည်။ သို့သော် မြန်မာနိုင်ငံတွင် အစေ့စိုက်နည်းကိုသာ အသုံးပြုကြသည်။ တစ်ပင် နှင့် တစ်ပင် ပေ ၂ဝ စီခွာ၍ အတန်းလိုက် စိုက်သင့်သည်။ အပင် သက် ၃ နှစ်ခန့်ရှိလာသောအခါ အသီးသီးတော့၏။ အပင်သက် နုစဉ် အချိန်မှစ၍ အကိုင်းအခက်တို့ကို ချိုင်ပေးလျှင် အသီးများ သီးနိုင်သည်။

အခေါက်သည် ချောမွတ်၍ ညိုဖျော့ဖျော့ အရောင်တွင် အကွက်များ ပေါ်လျက်ရှိသည်။ အချင်း ၁ ၁ /၂ လက်မခန့်ရှိသော အပွင့်ဖြူများ ပွင့်ရာ အနံ့အနည်းငယ်မွေး၏။ မာလကာပင်မျိုး အများအပြားရှိသော်လည်း စင်စစ် မာလကာဖြူမျိုးနှင့် မာလကာနီ မျိုးဟူ၍ နှစ်မျိုးသာ ခွဲခြားထားသည်။ မာလကာဖြူမျိုး အပင်တို့တွင်အပွင့်များ တစ်ပွင့်ချင်းပွင့်၍ သစ်သော့သီးပုံ အသီးများသီးသည်။ အနီမျိုး အပင်တို့တွင်ကား တစ်ခိုင်တွင် ၂ ပွင့်၊ ၃ ပွင့်စီ အခိုင်လိုက်ပွင့်၍ အသီးမှာ အလုံး၊ သို့မဟုတ် ရှည်ဝိုင်းဝိုင်းရှိကြ သည်။ မာလကာသီးအတွင်း၌ မာသောအစေ့ငယ်များ အများအပြား ရှိ၏။ အသီးမှည့်လျှင် အသားပျော့လာ၍ အရသာမှာ ချိုယောင် ယောင်ဖြစ်သည်။ အသီးတစ်ခုလုံးကို စားရသည်။

အသီးမှည့်ထက် အသီးစိမ်း အပွများကို အချို့ပို၍နှစ်သက်ကြသည်။ အသီးစိမ်းနှင့် အသီးမှည့်များအပြင် မာလကာယို ပြုလုပ်၍လည်း စားကြသည်။ မာလကာသားသည် ညိုမွဲမွဲအရောင်ရှိ၍ အတော်အသင့်မာသည်။ ယင်းအသားကို သေနတ်ပြောင်းခံအသား ပြုလုပ်ခြင်း၊ ပုံထွင်းခြင်း၊ သင်္ချာအတိုင်းအတာ ကိရိယာများ ပြုလုပ်ခြင်းတို့၌ အသုံးပြုကြသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)