မာလုံ (ရိုးရှင်းတရုတ်: 马龙; ရိုးရာတရုတ်: 馬龍; ပင်ယင်: Mǎ Lóng) သည် ၁၉၈၈-ခုနှစ် အောက်တိုဘာလ ၂၀-ရက်နေ့တွင် မွေးဖွားခဲ့သည့် တရုတ်လူမျိုး စားပွဲတင်တင်းနစ် ကစားသမားတစ်ယောက် ဖြစ်သည်။[၂]သူသည် လက်ရှိအိုလံပစ်ချန်ပီယံနှင့် ကမ္ဘာ့ချန်ပီယံလည်းဖြစ်ပြီး၊ ၂၀၂၀ ဧပြီလ နိုင်ငံတကာစားပွဲတင်တင်းနစ်အဖွဲ့ချုပ်စာရင်းအရ ကမ္ဘာ့အဆင့်-၃[၅] ဖြစ်သည်။ သူသည် အဆိုပါ အဖွဲ့ချုပ်စာရင်းတွင် ကမ္ဘာ့အဆင့်-၁ နေရာကို စုစုပေါင်း ၆၄ လတိုင်တိုင် ရှိခဲ့ဖူးပြီး၊ ၂၀၁၅ ခုနှစ်မတ်လမှ ၃၄ လဆက်တိုက် ဤစာရင်းတွင်ရှိနေခဲ့ရာ၊ စားပွဲတင်တင်းနစ်သမိုင်းတွင် ၎င်းစံချိန်ကိုချိုးနိုင်သော အခြားအမျိုးသားအားကစားသမား လုံးဝ မရှိသေးပေ။ သူသည် လက်ရှိအိုလံပစ်ချန်ပီယံနှင့် ကမ္ဘာ့ချန်ပီယံဖြစ်ပြီး၊ ၂၀၂၀ ဧပြီလ နိုင်ငံတကာစားပွဲတင်တင်းနစ်အဖွဲ့ချုပ်စာရင်းအရ ကမ္ဘာ့အဆင့်-၃[၆] ဖြစ်သည်။ သူသည် အဆိုပါ အဖွဲ့ချုပ်စာရင်းတွင် ကမ္ဘာ့အဆင့်-၁ နေရာကို စုစုပေါင်း ၆၄ လတိုင်တိုင် ရှိခဲ့ဖူးပြီး၊ ၂၀၁၅ ခုနှစ်မတ်လမှ ၃၄ လဆက်တိုက် ဤစာရင်းတွင်ရှိနေခဲ့ရာ၊ စားပွဲတင်တင်းနစ်သမိုင်းတွင် ၎င်းစံချိန်ကိုချိုးနိုင်သော အမျိုးသားအားကစားသမားတွင် လုံးဝ မရှိသေးပေ။[၇] သူ့ကို တရုတ်နိုင်ငံလျောင်းနင်ပြည်နယ်၊ အန်းရှန်း(Anshan)မြို့ တွင်မွေးဖွားခဲ့သည်။ သူသည် ၃၅-ပွဲတိတိ လုံးဝမရှုံးသည့်စံချိန်အပါအဝင် ITTF World Tour ပြိုင်ပွဲ ၅-ခုကို ဆက်တိုက်အနိုင်ရခဲ့သည့် စံချိန်တင်ထားသူလည်းဖြစ်ပြီး၊ ITTF World Tour ဆုပေါင်း ၂၈ ခု စံချိန်တင်ရရှိခဲ့သည်။ ၂၀၁၄ ခုနှစ်မှစ၍ သူသည်တရုတ်အမျိုးသား စားပွဲတင်တင်းနစ်အသင်း(CNT)၏ ကပ္ပတိန်ဖြစ်သည်။

မာလုံ(Ma Long)
ပါရီမြို့တွင် ကျင်းပသော ၂၀၁၃ ကမ္ဘာ့ ချန်ပီယံ ပြိုင်ပွဲတွင် မာလုံကစားနေပုံ
ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်
ငယ်နာမည်马龙
အမည်ပြောင်(များ)The Dictator, The Dragon[၁]
နိုင်ငံသားChinese
မွေးဖွား (1988-10-20) ၂၀ အောက်တိုဘာ၊ ၁၉၈၈ (အသက် ၃၅)[၂]
Anshan, Liaoning, China[၃]
ကစားပုံ စတိုင်ရှိတ်ကိုင်နည်း(Shakehand)သုံး ညာသန်ကစားသမား
Equipment(s)(2019) DHS W968 , DHS Hurricane 3 National (FH, Black), DHS Hurricane 3 National (BH, Red)
အမြင့်ဆုံး အဆင့်1
လက်ရှိ အဆင့်3 (March 2020)
ကလပ်Shandong Weiqiao
အရပ်၁.၇၅ m (၅ ft ၉ in)[၄]
ကိုယ်အလေးချိန်၇၂ kg (၁၅၉ lb)

ကိုးကား ပြင်ဆင်ရန်

  1. All hail Ma Long, the Comeback King of Qatar!ittf.com (31 March 2019)။ 26 October 2019 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ MA Long – Biographygz2010.cn။ Guangzhou Asian Games Organizing Committee။ 16 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 January 2011 တွင် ပြန်စစ်ပြီး။
  3. မာလုံOlympics at Sports-Reference.comSports Reference LLC။ 2020-04-18 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  4. Archived copy။ 2 May 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 July 2020 တွင် ပြန်စစ်ပြီး။
  5. ITTF - World Rankings။ 6 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-08-27 တွင် ပြန်စစ်ပြီး။
  6. ITTF - World Rankings။ 6 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-08-27 တွင် ပြန်စစ်ပြီး။
  7. ITTF world ranking။ International Table Tennis Federation။ 2011-12-17 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-01-05 တွင် ပြန်စစ်ပြီး။