မာ့ယာနာ ဗန် နေယန်ဟော့ဖ် ပါးလ် (၂၃ ဇူလိုင် ၁၉၆၇ မွေးဖွား) သည် ပြင်သစ်အလွတ်တန်းသတင်းထောက်ဖြစ်ပြီး Glamour မဂ္ဂဇင်း၏ သတင်းထောက်နှင့် ပင်တိုင်ဆောင်းပါးရှင်ဟောင်း တစ်ဦးဖြစ်သည်။ ဝေါစထိရ် ဂျာနယ်၏ အရှေ့တောင်အာရှ ဗျူရိုအကြီးအကဲ ကွယ်လွန်သူ အမေရိကန်သတင်းထောက် ဒန်နယလ် ပါးလ် ၏ ဇနီးဖြစ်သည်။ ခင်ပွန်းဖြစ်သူမှာ အမေရိကန်နိုင်ငံ၏ အကြမ်းဖက်တိုက်ဖျက်မှုစစ်ပွဲအစောပိုင်းကာလတွင်း ၂၀၀၂ ခုနှစ်ဦးပိုင်းက ပါကစ္စတန်တွင် အကြမ်းဖက်သမားတို့၏ ပြန်ပေးဆွဲသတ်ဖြတ်ခံရသူဖြစ်သည်။

မာ့ယာနာ ပါးလ်
၂၀၀၃ ခုနှစ်က မာ့ယာနာ ပါးလ်
မွေးဖွားMariane van Neyenhoff
(1967-07-23) ၂၃ ဇူလိုင်၊ ၁၉၆၇ (အသက် ၅၆)
Clichy, Hauts-de-Seine ပြင်သစ်နိုင်ငံ
နိုင်ငံလူမျိုးပြင်သစ်နိုင်ငံသား
အလုပ်အကိုင်သတင်းထောက်
အလုပ်ရှင်Glamour
သားသမီးအဲဒမ် ဒန်နယလ် ပါးလ်

ခင်ပွန်းဖြစ်သူနှင့် ၎င်း၏ ဘဝဇတ်လမ်းကို နှလုံးလှသူ (၂၀၀၃) အမည်ဖြင့် အောက်မေ့သတိရမှတ်တမ်း တအုပ်ထုတ်ဝေခဲ့သည်။ ယင်းအမည်ဖြင့်ပင် ရုပ်ရှင်ဇာတ်လမ်းရိုက်ကူးပြီး ၂၀၀၇ ခုနှစ်က ဖြန့်ချိပြသသည်။

ဘဝဇာတ်ကြောင်းနှင့် သက်မွေးဝမ်းကြောင်း ပြင်ဆင်ရန်

ပြင်သစ်နိုင်ငံ Clichy, Hauts-de-Seine တွင် ဒတ်ချ်-ဂျူး လူမျိုး ဖခင်နှင့် အာဖရို-တရုတ်-ကျူးဘန်းနွယ်မှ ဆင်းသက်သူ ကျူးဘန်းသူ မိခင်တို့က မာ့ယာနာကို မွေးဖွားခဲ့သည်။ ဖခင်ဘက်မှ အဖိုးဖြစ်သူမှာ နယ်သာလန်နိုင်ငံမှ စိန်ကုန်သည်တစ်ဦးဖြစ်သည်။[၁] မာ့ယာနာနှင့် အသံပိုင်းဆိုင်ရာတည်းဖြတ်သူ သူမ၏အကို နှစ်ဦးစလုံးမှာ ပါရီမြို့တွင်ပင် ကြီးပြင်းခဲ့ကြပြီး သက်မွေးဝမ်းကြောင်းလုပ်ငန်းကိုလည်း စတင်ခဲ့ကြသည်။

စာနယ်ဇင်းပညာဖြင့် Van Neyenhoff စတင်လုပ်ကိုင်သည်။ နိုင်ငံတကာ Glamour မဂ္ဂဇင်း၏ သတင်းထောက်ဖြစ်ခဲ့သည်။ ထို့အပြင် ဂလိုဘယ်ဒိုင်ယာရီကော်လံ မဂ္ဂဇင်းတွင် ပင်တိုင်ဆောင်းပါးရေးသူလည်းဖြစ်သည်။ ဖက်ရှင်နှင့် စီးပွားရေးမှတဆင့် ရှုမြင်ရသော ဂလိုဘယ်လိုက်ဇေးရှင်း၏ ရှုထောင့်အမျိုးမျိုးကို စူးစမ်းလေ့လာခဲ့သည်။

အမေရိကန်ဂျာနယ်လစ် ဒန်နယလ်ပါးနှင့် ၁၉၉၉ ခုနှစ် ပါရီမြို့တွင် တာဝန်ကျနေစဉ် Van Neyenhoff တွေ့ကြခြင်းဖြစ်သည်။[၂]

၁၉၉၉ ခုနှစ်တွင် ပါရီမြို့၌ လက်ထပ်သည်။ ဝေါစထိရ်ဂျာနယ်၏ အရှေ့တောင်အာရှဗျူရိုအကြီးအကဲအဖြစ် ပါးလ် ရာထူးတိုးမြှင့်ခံရပြီးနောက် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းတွင် ခေတ္တနေထိုင်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု၏ အကြမ်းဖက်တိုက်ဖျက်ရေးစစ်ပွဲအား သတင်းယူရန် ပါကစ္စတန်နိုင်ငံ ကရာချိမြို့သို့ ခင်ပွန်းသည်နှင့် အတူ လိုက်ပါသွားသည်။ ၂၀၀၂ ခုနှစ်တွင် သတင်းပေးနှင့် ညစာစားရန် တွေ့ဆုံပြီးနောက် ခင်ပွန်းသည် ပြန်ပေးဆွဲခံရသည်။ ပါကစ္စတန်စစ်သွေးကြွများက အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကြေညာသည်။ ၂၀၀၂ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒန်နယလ်ပါးလ်ကို ခေါင်းဖြတ်သတ်သည်။ ပါးလ်၏ သား အဒမ်ဒန်နယလ်ကို ၎င်း၏ ဖခင်သေဆုံးပြီး လေးလအကြာ ပါရီမြို့၌ မွေးဖွားသည်။ မာယာ့နာပါးလ်သည် နိချီရန် ဗုဒ္ဓဝါဒကို ကျင့်သုံပြီး ဆောခဂတ်ခိုင်း အင်တာနေရှင်နယ်၏ အဖွဲ့ဝင်လည်း ဖြစ်သည်။

မာယာ့နာပါးလ်၏ အောက်မေ့သတိရမှတ်တမ်းသည် ၂၀၀၂ ခုနှစ်တွင် ပါကစ္စတန်စစ်သွေးကြွများ၏ ပြန်ပေးဆွဲ သတ်ဖြတ်ခံရသူ ခင်ပွန်းသည်နှင့်စပ်လျဉ်းသည့် ဖြစ်ရပ်များအကြောင်းရေးသားထားခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် ပါကစ္စတန် အေဂျင်စီများ လက်တွဲပြီး လူသတ်သမားများကို ဖမ်းဆီးရမိရေးနှင့် တရားစီရင်ရေးအတွက် ကြိုးပမ်းခဲ့သည်။

ပါးလ်အား ပြန်ပေးဆွဲ သတ်ဖြတ်မှုဖြင့် ကြိုးကွင်းစွပ်သေဒဏ်ပေးရန် ပါကစ္စတန်နိုင်ငံတွင် စီရင်ချက် ချခံရသူ ဗြိတိန်နိုင်ငံသား ပါကစ္စတန်လူမျိုး အာမက် အိုမာ ဆာအိဒ် ရှိတ်ခ်ကို ထောင်ဒဏ်တသက် ပြောင်းလဲ ကျခံစေရန် ၂၀၀၂ ဇူလိုင်တွင် ပြစ်ဒဏ်လျော့ချလိုက်သည်။ အခြားသူ (၃) ဦးအား ဂျာနယ်လစ်ကို သတ်ဖြတ်မှုဖြင့် ပြစ်ဒဏ်စီရင်ချက်ချသည်။[၃][၄]

အောက်မေ့သတိရမှတ်တမ်းအား ပြင်ဆင်အသက်သွင်းခြင်း ပြင်ဆင်ရန်

၂၀၀၇ ခုနှစ် နာမည်တူရုပ်ရှင်အတွက် သူမ၏ မှတ်တမ်းစာအုပ်အား ပြင်ဆင်သည်။ ဘရတ်ပစ် ၊ အန်ဒရူးအီတန်နှင့် ဒီးဒီဂါ့ဒ်နာတို့ ပူးပေါင်းထုတ်လုပ်ပြီး မိုက်ကယ်လ် ဝင်းတားဘော့တမ် ရိုက်ကူးသည့် ဇာတ်ကားတွင် နာမည်ကျော်သရုပ်ဆောင်များဖြစ်ကြသော အန်ဂျလီနာဂျိုလီနှင့် ဒန်ဖတ်တာမဲန်တို့က မာယာ့နာနှင့် ဒန်နယလ်ပါးလ်အဖြစ် ပါဝင်သည်။

ဒန်နယလ်ပါးဖောင်ဒေးရှင်း ပြင်ဆင်ရန်

ဒန်နယလ်၏ မိဘများဖြစ်သော ရုသ်နှင့် ဂျူဒေးယာတို့ တည်ထောင်သော ဒန်နယလ်ပါးဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဘုတ်အဖွဲ့၏ အဖွဲ့ဝင်ဖြစ်သည်။ ဂုဏ်ထူးဆောင်ဘုတ်အဖွဲ့တွင် နိုင်ငံတကာသတင်းထောက် Christiane Amanpour အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၊ ပါကစ္စတန်လူမျိုး လူမှုအကျိုးသယ်ပိုးသူ အဗ္ဗဒူလ်ဆတ္တာအဒီ ၊ စတန်းဖို့ဒ်တက္ကသိုလ် ဥက္ကဋ္ဌ ဂျွန် အယ်လ် ဟန်နက်ဆီ၊ နိုက်လိုင်း သတင်းတင်ဆက်သူ တက်ဒ်ကော့ပဲလ် ၊ ဂျော်ဒန်မိဖုရား Noor ၊ Al-Quds တက္ကသိုလ် ပါမောက္ခနှင့် ဥက္ကဋ္ဌ ပါကစ္စတန်လူမျိုး Sari Nusseibeh ၊ စာရေးဆရာ Elie Wiesel နှင့် အခြားသူများပါဝင်သည်။

ရုံးတင်တရားစွဲဆိုခြင်း ပြင်ဆင်ရန်

ပါကစ္စတန်နိုင်ငံတွင်း ရုံးတင်ကြားနာမှုများနှင့် ဒန်နယ်လ်ပါးလ်ကို ပြန်ပေးဆွဲ သတ်ဖြတ်ရာတွင် ပါဝင်ခဲ့သော ၊ အမေရိကန်ပြည်ထောင်စု၏ အဖမ်းဆီးခံ အယ်လ်ကိုင်ဒါအကြမ်းဖက်သမားများ၏ ဖော်ထုတ်ပြောဆိုခဲ့ပြီးနောက်ပိုင်း မာ့ယာနာပါးလ်က သူမခင်ပွန်းအား ပြန်ပေးဆွဲ၊ ညှင်းပန်းနှိပ်စက် ၊ သတ်ဖြတ်ရာတွင် ပါဝင်ခဲ့မှုအတွက် အကြမ်းဖက်သမား တဒါဇင်နှင့် ငွေကြေးထောက်ပံ့ပေးဟန်ရှိသည့် ဘဏ်တစ်ခုတို့အား လျော်ကြေးရလိုမှုဖြင့် အမေရိကန်ပြည်ထောင်စု ၊ နယူးယောက် အရှေ့ပိုင်းခရိုင် ခရိုင်တရားရုံးတွင် ၂၀၀၇ ဇူလိုင်လက ဦးတိုက်လျှောက်ထားခဲ့သည်။ အမှုအတွက် အမည်တပ်စွဲဆိုခံရသူများတွင် လူသတ်မှုအတွက် တရားစွဲသေဒဏ်စီရင်ခံရပြီးသူ အာမက်အိုမာဆာအိဒ်ရှိတ်ခ် ၊ ဂွါတာနာမို တွင် အချုပ်နှောင်ခံထားရသူ ခါလစ်ရှိတ်ခ်မဟားမက် နှင့် ပါကစ္စတန်နိုင်ငံ ဟာဘစ်ဘဏ်တို့ ပါဝင်သည်။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၄ ရက်တွင် သူမ၏ ကိုယ်စားလှယ်ရှေ့နေများက တရားစွဲဆိုမှုကို ရုပ်သိမ်းလိုက်သည်။

ဟာဘစ် ဘဏ်လိမီတက် (၎င်းက အကြမ်းဖက်မှုကို အထောက်အပံ့ပြုမှုအား ငြင်းဆန်သော်လည်း) နှင့် အခြားတရားစွဲဆိုခံရသူများအနေဖြင့် ဇူလိုင်လတွင် ဦးတိုက်လျှောက်ထားသော ရုံးတင်စွဲဆိုမှုအား ပြန်လည်ချေပခြင်းမပြုကြောင်း မာယာ့နာပါးလ်၏ ရှေ့နေများက ပြောသည်။ စွဲဆိုမှုအားရုပ်သိမ်းသည့်အကြောင်းရင်းကို ဖြေရှင်းချက်မပြုပါ။ ပါးလ်၏ ပုဂ္ဂိုလ်ရေးကြောင့် ရုပ်သိမ်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ရုံးတင်စစ်ဆေးမှု၏ ကောင်းခြင်းဆိုးခြင်းနှင့် သက်ဆိုင်မှုမရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

စာအုပ်စာပေ ပြင်ဆင်ရန်

  • နှလုံးလှသူ ၊ မာ့ယာနာပါးလ်နှင့် ဆဲရာ ခရစ်ချ်တန် ၊ နျူးယော့ခ် Scribner ၂၀၀၃။ ISBN 0-7432-4442-70-7432-4442-7, ISBN 978-0-7432-4442-8978-0-7432-4442-8.

ရုပ်ရှင်ကားများ ပြင်ဆင်ရန်

  • Tout le monde en parle (2003)[၅]
  • ရောဘတ်မတ်ခ်နေးလ်၏ သတင်းပေးပို့ချက်(2002)
  • အမေရိကန်နံနက်ခင်း(2002)
  • နှလုံးလှသူ(2007)

အကိုးအကားများ ပြင်ဆင်ရန်

  1. "A Widow, But Spare The Pity; Resisting Pressure To Sentimentalize Over Daniel Pearl"၊ The New York Times၊ 6 October 2003။ 
  2. "Larry King Live: Transcript of Interview With Mariane Pearl"၊ Larry King Live၊ 19 March 2002။ 2007-06-19 တွင် ပြန်စစ်ပြီး 
  3. Online NewsHour Update: Pakistan Convicts Four Men in Pearl Murder။ PBS.org (2002-07-15)။ 5 November 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-09-26 တွင် ပြန်စစ်ပြီး။
  4. "Profile: Omar Saeed Sheikh"၊ BBC News၊ July 16, 2002။ April 30, 2010 တွင် ပြန်စစ်ပြီး 
  5.   အိုင်အမ်ဒီဘီပေါ်ရှိ Mariane Pearl.

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်