(၈)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အညတရနတ်သား၏ မေးလျှောက်ချက်အရ ခရီးသွားသူ၏ အဆွေခင်ပွန်းသည် အတူခရီးသွားဖော်၊ မိခင်သည် မိမိအိမ်၌ အဆွေခင်ပွန်း၊ သူငယ်ချင်းသည် ပြုဖွယ်ကိစ္စရှိသူ၏အဆွေခင်ပွန်း၊ တမလွန်ဘဝ၌ အဆွေခင်ပွန်းသည် အဖန်ဖန်ကိုယ်တိုင်ပြုလုပ်အပ်သောကောင်းမှုဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်ဖွင့်ဆိုချက်များရှိပါသည်။


[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် မိမိစကားကို နားထောင် နာယူကြသော မိတ်ဆွေ၊ အဆွေခင်ပွန်း၊ ဆွေမျိုးသားချင်း မိမိစကားကို နားထောင်ကြသူတို့ကို သတိပဋ္ဌာန်လေးပါးတို့ကို ပွားများခြင်းငှာ ဆောက်တည်စေ အပ်၊ သက်ဝင် စေအပ်၊ စွဲမြဲစွာတည်စေအပ်သောအားဖြင့် ချီးမြှောက်ကြရမည်ဟု ရဟန်းတို့အား အကျယ်အားဖြင့် ဘုရားရှင်ဟောတော်မူသည့်သုတ်။


[၃] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် မိမိစကားကို နား ထောင်ကြသော မိတ်ဆွေ၊ အဆွေခင်ပွန်း၊ ဆွေမျိုးသားချင်းတို့အား သစ္စာလေး ပါးကို မှန်ကန်စွာသိစေသောအားဖြင့် ထိုးထွင်း၍ သိမြင်စေရန်တိုက်တွန်းအပ်၊ သက်ဝင်၍ တည်စေအပ်၊ စွဲစွဲမြဲမြဲတည်စေသောအားဖြင့် ချီးမြှောက်ရမည်ဟု ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။


[၄] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် မှီဝဲပေါင်းသင်း ရမည့် မိတ်ဆွေကောင်း၏ အရည်အချင်းသုံးမျိုးကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၅] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် မမှီဝဲမပေါင်းသင်းထိုက် သောမိတ်ဆွေ၏ ဓမ္မငါးမျိုးနှင့် မှီဝဲပေါင်းသင်းထိုက်သော မိတ်ဆွေ၏ အရည်အချင်း ငါးမျိုးတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၆] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ယုတ်မာသော မိတ်ဆွေ၊ အပေါင်းအသင်းတို့ကို ထဲထဲဝင်ဝင် မှီဝဲဆည်းကပ် အကြိမ်များစွာဆက်ဆံသောသူသည် ထိုသူယုတ်မာတို့၏ အမူအရာ အပြုအမူတို့ကို အတုလိုက်၍ကျင့် သုံးခြင်းကြောင့် အကျိုးစီးပွား ဆုတ်ယုတ်ပျက်စီးပုံ။

မိတ်ဆွေကောင်း၊ အပေါင်းအသင်းကောင်းတို့ကို ထဲထဲဝင်ဝင် မှီဝဲဆည်းကပ် အကြိမ်များဆက်ဆံသောပုဂ္ဂိုလ်သည် ထိုသူတော်ကောင်းတို့၏ အမူအရာ အပြုအမူတို့ကို အတုလိုက်၍ပြုကျင့်ခြင်းကြောင့် အကျိုးများရရှိပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၇]ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် မှီဝဲပေါင်းသင်းရမည့် မိတ်ဆွေ၏အရည်အချင်း ခုနစ်မျိုးတို့ကို ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။


[၈] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် မိမိကိုငေါက်ငန်းနှင်ထုတ်သော်လည်း မဖြစ်မနေ မှီဝဲပေါင်းသင်းရမည့် မိတ်ဆွေ၏ အရည်အချင်းခုနစ်မျိုးကို ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။ [၉]


မိတ္တသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းကို အဆွေခင်ပွန်းဟူ၍ မမှီဝဲအပ်ကြောင်းနှင့် တရားငါးမျိုးတို့နှင့် ပြည်စုံသော ရဟန်းကို အဆွေခင်ပွန်းဟူ၍ မှီဝဲအပ်ကြောင်းကို ဟောကြားတော်မူခဲ့သည်။[၁၀]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၁၊၃၄။ သံ၊မြန်၊၁၊၃၄။ သံ၊ဋ္ဌ၊၁၊၈၇။ သံ၊ဋီ၊၁၊၁၂၉။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၁-ဒေဝတာသံယုတ္တ၊ ၆-ဇရာဝဂ္ဂ၊ တတိယသုတ်။
  2. -သံ၊၃၊၁၆၅။ သံ၊မြန်၊၃၊၁၇၀-၁။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၃-သတိပဋ္ဌာနသံယုတ္တ၊ ၅-အမတဝဂ္ဂ၊ အဋ္ဌမသုတ်။
  3. -သံ၊၃၊၃၈၀-၁။ သံ၊မြန်၊၃၊၃၈၇။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁၂-သစ္စသံယုတ္တ၊ ၃-ကောဋိဂါမဝဂ္ဂ၊ ဆဋ္ဌသုတ်။
  4. -အံ၊၁၊၂၈၉။ အံ၊မြန်၊၁၊၃၀၆။ -အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ ၃-တတိယပဏ္ဏာသက၊ (၁၄) ၄-ယောဓာဇီဝဝဂ္ဂ၊ တတိယသုတ်။
  5. -အံ၊၂၊၁၅၁။ အံ၊မြန်၊၂၊၁၉၀-၁။ အံ၊ဋ္ဌ၊၃၊၅၂။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ၃-တတိယပဏ္ဏာသက၊ (၁၅) ၅-တိကဏ္ဍကီဝဂ္ဂ၊ ပဉ္စမသုတ်။
  6. -အံ၊၂၊၃၆၈-၉။ အံ၊မြန်၊၂၊၄၆၃-၄။ -အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ၊ ၂-ဒုတိယပဏ္ဏာသက၊ ၇-ဒေဝတာဝဂ္ဂ၊ တတိယသုတ်။
  7. -အံ၊၂၊၄၂၁။ အံ၊မြန်၊၂၊၅၃၂-၃။ -အင်္ဂုတ္တရနိကာယ၊ သတ္တကနိပါတ၊ ၄-ဒေဝတာဝဂ္ဂ၊ ပဉ္စမသုတ်။
  8. -အံ၊၂၊၄၂၂။ အံ၊မြန်၊၂၊၅၃၃။ -အင်္ဂုတ္တရနိကာယ ... ဆဋ္ဌသုတ်။
  9. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  10. အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၃-တတိယပဏ္ဏာသက (တတိယသုတ်ငါးဆယ်)၊ (၁၅) ၅- တိကဏ္ဍကီဝဂ် ၆ - မိတ္တသုတ်