မိုက်ခရိုဆော့ဝမ်းနုတ် သည် များစွာသောအသုံးပြုသူများက ပူးပေါင်းပါဝင်အသုံးပြုနိုင်ပြီး အချက်အလက်များကို လွတ်လပ်စွာစုဆောင်းသိမ်းဆည်းထားနိုင်သည့် မှတ်စုရေးသားသည့် ပရိုဂရမ်တစ်ခု ဖြစ်သည်။ ဤဆော့ဝဲသည် အသုံးပြုသူ၏ မှတ်စုများ၊ ဆွဲသားချက်များ၊ မျက်နှာပြင်ပုံရိပ်များနှင့် အသံမှတ်သားမှုများ စသည်တို့ကို သိမ်းဆည်းစုဆောင်းပေးနိုင်သည်။ အင်တာနက် သို့မဟုတ် ကွန်ယက်အဆက်အသွယ်ကို အသုံးပြုကာ အသုံးပြုသူများသည် မှတ်စုများကို မျှဝေယူငင်သုံးစွဲခြင်းများ လုပ်ဆောင်နိုင်သည်။ မိုက်ခရိုဆော့ရုံးသုံးဆော့ဝဲအစုတွင် ဝမ်းနုတ်သည် ပါဝင်သည်။[၅] တရားဝင်ဝဘ်ဆိုက်၊ ဝင်းဒိုး ၁၀, macOS, iOS, အန်းဒရိုက် စသည်တို့၏ အပ်စတိုးများမှတဆင့် ဝမ်းနုတ်ကို သီးသန့်ဆော့ဝဲတစ်ခုအနေဖြင့် အခမဲ့ရယူအသုံးပြုနိုင်သည်။[၆] မိုက်ခရိုဆေ့ာသည် ဝဘ်ဖြင့်အသုံးပြုနိုင်သည့် ရုံးသုံးဆော့ဝဲများနှင့် ဝမ်းဒရိုက်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ဝမ်းနုတ်ကို ဝဘ်အခြေခံဗားရှင်းတစ်ခုအနေဖြင့် ဝဘ်ဘရောက်မှ အသုံးပြုနိုင်သေးသည်။

Microsoft OneNote
Notes being created and organised in the 2018 update of OneNote on desktop, running on Windows 10
ဆော့ဖ်ဝဲလ်ရေးသူ(များ)Microsoft
ပထမဆုံး ဖြန့်ချိခြင်းနိုဝင်ဘာ ၁၉၊ ၂၀၀၃; ၂၀ နှစ် အကြာက (၂၀၀၃-၁၁-19)
တည်ငြိမ်သောထုတ်ပြန်မှု
ကွန်ပျူတာ
စက်လည်ပတ်ရေး စနစ်
Microsoft Windows,[၁] macOS
ဆော့ဖ်ဝဲလ် အမျိုးအစားNotetaking software
လိုင်စင်Proprietary software, Freeware (OneNote 2013 and later)
ဝက်ဘ်ဆိုဒ်products.office.com/onenote
Microsoft OneNote
Notes being created and organised in the OneNote UWP app, running on Windows 10
ဆော့ဖ်ဝဲလ်ရေးသူ(များ)Microsoft
ပထမဆုံး ဖြန့်ချိခြင်းဇူလိုင် ၁၆၊ ၂၀၁၂; ၁၁ နှစ် အကြာက (၂၀၁၂-၀၇-16)
တည်ငြိမ်သောထုတ်ပြန်မှု
17.10325.20049 / ဇူလိုင် ၂၀၁၈; ၅ နှစ် အကြာက (၂၀၁၈-၀၇)
ကွန်ပျူတာ
စက်လည်ပတ်ရေး စနစ်
Windows 10,[၁] Android,[၂] Chrome OS, iOS,[၃] iPadOS,[၄] Windows Phone
ဆော့ဖ်ဝဲလ် အမျိုးအစားNotetaking software
လိုင်စင်Freeware[၁][၂][၃][၄]
ဝက်ဘ်ဆိုဒ်products.office.com/onenote
OneNote.com
Notes being created and organised on OneNote.com
ဝဘ်ဆိုဒ် အမျိုးအစား
Notetaking software
ပိုင်ဆိုင်သူMicrosoft
ဝဘ်ဆိုဒ်onenote.com
စီးပွားရေးNo
မှတ်ပုံတင်ခြင်းRequired

ခြုံငုံချက် ပြင်ဆင်ရန်

ဝမ်းနုတ်တွင် အသုံးပြုသူသည် စာများ၊ ရုပ်ပုံများ၊ ဇယားများနှင့် ဆွဲသားချက်များကို ထည့်သွင်းနိုင်သည်။ စာသားတည်းဖြတ်ရေးဆော့ဝဲများနှင့် မတူသည်မှာ ဝမ်းနုတ်တွင် အသုံးပြုသူသည် စာရွက်စာတမ်းတစ်ခုကို အတည်တကျ သတ်မှတ်ထားခြင်း မရှိပေ။ အသုံးပြုသူသည် စာမျက်နှာပေါ်ရှိ မည်သည့်နေရာကို မဆို ကလစ်နှိပ်ကာ စာရိုက်ရန်နေရာများကို ဖန်တီးနိုင်သည်။ ဝမ်းနုတ်သည် အသုံးပြုသူက ဖိုင်အတွင်း ပြင်ဆင်တည်းဖြတ်မှုလုပ်သမျှကို အလိုအလျောက် အချက်အလက်များအား သိမ်းဆည်းပေးသည်။

ဝမ်းနုတ်သည် စာမျက်နှာများကို သိမ်းဆည်းရာတွင် အစိတ်အပိုင်းများခွဲခြားကာ ထိန်းသိမ်းကာ မှတ်စုစာအုပ်များတွင် သိမ်းဆည်းသည်။ ဝမ်းနုတ်၏ User Interface သည် tabbed ring binder ကို အသုံးပြုထားသည်။ ထို့ကြောင့် အခြားသော ဆော့ဝဲများမှ အသုံးပြုသူသည် အချက်အလက်များကို ရရှိနိုင်ခြင်း၊ မှတ်စုများကို တိုက်ရိုက်ဖန်တီးနိုင်ခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။ ထို့အပြင် ဝမ်းနုတ်သည် အချက်အလက်များကို စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်းနှင့် မျှဝေခြင်းများကိုပါ ဆောင်ရွက်နိုင်သည်။ အခြားသော စာသားတည်ဖြတ်ဆော့ဝဲများနှင့် wikis တို့နှင့် နှိုင်းယှဉ်ပါက ဝမ်းနုတ်သည် ဖြန့်ဝေနိုင်ရေးကို ဦးတည်ချက်ထားသည်။ ဝမ်းနုတ်၏ အသွင်းအပြင်နှင့် လုပ်ဆောင်နိင်မှုကွာခြားချက်များကို ပြသထားသည် -

  • စာမျက်နှာများကို လိုအပ်သလို ချုံ့ချဲ့နိုင်သည်။
  • ရုပ်ပုံများကို ထည့်သွင်းနိုင်သည်။
  • တူညီသည့် စာမျက်နှာပုံစံနှင့် အရွယ်အစားကို အသုံးပြုရန် မလိုအပ်ပေ။

ဖိုင်ပုံစံ ပြင်ဆင်ရန်

.one file icons for sections (left) and notebooks (right)

OneNote notebook ကို အပိုင်းတစ်ခုချင်းစီးအတွက် သီးခြားဒေတာဖိုင်တစ်ခုစီထားရှိကာ ဖိုဒါတစ်ခုထဲတွင် သိမ်းဆည်းပေးသည်။ .one ဖိုင်တစ်ခုသည် OneNote notebook တစ်ခု သို့မဟုတ် OneNote အပိုင်းတစ်ခုကို သိမ်းဆည်းပေးနိုင်သည်။[၇]

မိုက်ခရိုဆော့သည် ဝမ်းနုတ်ကို စတင်ခဲ့သည့် OneNote 2003 နောက်တွင် နှစ်ကြိမ်တိုင် ဖိုင်ပုံစံ (file format) ကို အဆင့်မြှင့်တင်ခဲ့သည်။[၈] ပထမတစ်ကြိမ်မှာ OneNote 2007 တွင် ဖြစ်ပြီး ဒုတိယတစ်ကြိမ်မှာ OneNote 2010 တွင် ဖြစ်သည်။ OneNote 2003 ဖိုင်များကို OneNote 2007 နှင့် OneNote 2010 နှစ်ခုစလုံးတွင် read - only mode ဖြင့် ဖွင့်ကြည့်နိုင်သည်။ နောက်ပိုင်းတွင် နောက်ပိုင်းဗားရှင်း၏ ဖိုင်ဖောများသို့ အဆင့်မြှင့်တင်ခဲ့သည်။ OneNote 2010 သည် OneNote 2007 ဖိုင်များကို ဖတ်ခြင်း၊ ရေးသားခြင်းများ ပြုလုပ်နိုင်သည်။[၉][၁၀] ၎င်းအပြင် 2010 နှင့် 2007 ဖိုင်ပုံစံများအကြားတွင်လည်း အပြန်အလှန်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်သေးသည်။[၁၀]

မိုက်ခရိုဆော့သည် OneNote ဖိုင်ပုံစံကို မှတ်တမ်းတင်ခဲ့သည်။ ၎င်းသည် open format တစ်ခုဖြစ်ကာ .one ဖိုင်တစ်ခုတည်းဖြင့် မီဒီယာအချက်အလက်များပါရှိသည့် အကြောင်းအရာများကို ပြောင်းလဲသိမ်းဆည်းပေးနိုင်သည်။ OneNote ဖိုင်ပုံစံကို iPad နှင့် Mac တွင် မှတ်စုမှတ်သားသည့် ဆော့ဝဲဖြစ်သည့် Outline ကလည်း အထောက်အပံ့ပေးထားသည်။ Outline သည် OneNote ဖိုင်ပုံစံဖြင့် ရေးသားထားသည့် မှတ်စုများကို ဖွင့်ခြင်း၊ ပြင်ဆင်ခြင်း၊ သိမ်းဆည်းခြင်းများ လုပ်ဆောင်နိုင်သည်။[၇][၁၁][၁၂]

.one ဖိုင်များစွာကို .onepkg ဖိုင်အဖြစ်သို့ ပြောင်းလဲနိုင်သည်။ ၎င်း .onepkg ဖိုင်သည် .one ဖိုင်များစွာကို မှတ်စုများအား နေရာတကျသီးသန်း သိမ်းဆည်းပေးနိုင်သည်။

ပလက်ဖောင်းထောက်ပံ့နိုင်မှု ပြင်ဆင်ရန်

OneNote စာရွက်စာတမ်းများကို OneDrive ၏ မျှဝေသည့် ဖိုဒါ (Shared Folder) ထဲ ထည့်သွင်းထားပါက အသုံးပြုသူများစွာတို့က တစ်ပြိုင်တည်း အသုံးပြုနိုင်သည့် လုပ်ဆောင်နိုင်စွမ်းကို ထည့်သွင်းပေးထားသည်။ Dropbox ကိုလည်း sync protocol တစ်ခုအနေဖြင့် ထည့်သွင်းပေးထားသည်။ သို့သော် Windows Live Mesh ပြီးနောက်တွင် ၎င်းကို ရပ်တန့်ပစ်ခဲ့သည်။ OneNote တွင် ဝမ်းနုတ်ဖိုင်များကို သိမ်းဆည်းရန် cloud-based storage နှင့် synchronization လုပ်ဆောင်မှုကိုလည်း ထောက်ပံ့ပေးထားသည်။ ဝဘ်အသုံးချဆော့ဝဲတစ်ခုဖြစ်သည့် Office Online တွင်လည်း ဝမ်းနုတ်ကို အသုံးပြုနိုင်ပြီး ပြင်ဆင်တည်းဖြတ်မှုများ ပြုလုပ်နိုင်သည်။

မိုဘိုင်းဖုန်းများတွင်လည်း OneNote ကို အသုံးပြုနိုင်သည်။ မိုက်ခရိုဆော့သည် iOS, အန်းဒရွိုက် ပလက်ဖောင်းများအတွက် OneNote အပ်ကို ထုတ်ဝေထားပြီး ၎င်းတွင် OneDrive ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် Cloud Storage ကို ၅ GB အထိ ထောက်ပံ့ထားသည်။ [၁၃]သိမ်းဆည်းနိုင်မှုကို တိုးချဲ့ချင်ပါက အသုံးပြုသူသည် 5GB အထက် ပိုမိုတိုးချဲ့နိုင်မည် ဖြစ်သည်။ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် မိုက်ခရိုဆော့သည် OneNote ဗားရှင်း ၂ ကို iPad အတွက် ထုတ်ဝေခဲ့သည်။ ၎င်းတွင် ဝင်းဒိုးပလက်ဖောင်းရှိ OneNote ကဲ့သို့နီးပါး လုပ်ဆောင်နိုင်သည့် ပိုမိုမြင့်မားသည့် လုပ်ဆောင်နိုင်စွမ်းများ ပါဝင်လာခဲ့သည်။ ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့တွင် အန်းဒရွိုက်တက်ဘလက်များအတွက် OneNote ကို အဆင့်မြှင့်တင်ခဲ့ပြီး ၎င်းတွင် လက်ဖြင့်ရေးသားနိုင်မှု၊ touch-friendly navigation စသည်တို့ ပါဝင်လာခဲ့သည်။[၁၄] ဤဗားရှင်းသည် OneDrive သို့မဟုတ် SharePoint တွင် သိမ်းဆည်းထားသည့် မှတ်စုစာအုပ်များကို ထောက်ပံ့ပေးထားသည်။

ဝင်းဒိုးမိုဘိုင်းဖုန်းများ အဟောင်းများနှင့် pocket PCs များတွင် OneNote 2007 သည် ပါဝင်ခဲ့သည်။ Symbian တွင်လည်း မိုက်ခရိုဆော့အပ်များ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် OneNote ကို ရရှိနိုင်သည်။[၁၅] ဝင်းဒိုးစတိုးရှိ OneNote ၏ ဗားရှင်းတစ်ခု (ယခင်က OneNote MX ဟု သိကြ) အနေဖြင့် ဝင်းဒိုး ၈ နှင့် ဝင်းဒိုး RT ပေါ်တွင်လည်း အသုံးပြုနိုင်သည်။ ၎င်းတွင် OneDrive ကို သိမ်းဆည်းရန်နေရာအဖြစ် အသုံးပြုထားသည်။ တက်ဘလက်များတွင် pie menu အသွင်အပြင်ကို ထည့်သွင်းပေးထားသည်။[၁၆]

၂၀၁၄ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် မိုက်ခရိုဆော့သည် Mac ကွန်ပျူတာအတွက် OneNote ကို ထုတ်ဝေခဲ့သည်။ ၎င်းကို Mac OS X 10.9 နှင့် ထိုထက်မြင့်သည့်ဗားရှင်းများတွင် အဆင်ပြေစွာအသုံးပြုနိုင်ပြီး Mac App Store မှ အခမဲ့ ရယူအသုံးပြုနိုင်သည်။[၁၇] မိုက်ခရိုဆော့သည် ဝင်းဒိုးစားပွဲတင်ကွန်ပျူတာများအတွက် OneNote 2013 ကို အခမဲ့ ဖန်တီးခဲ့သည်။ ဝင်းဒိုးနှင့် Mac အတွက် ထုတ်ဝေထားသည့် OneNote သည်  freemium မော်ဒယ် ဖြစ်သည်။  SharePoint အထောက်အပံ့၊ version history နှင့် Outlook integration စသည့်လုပ်ဆောင်ချက်များကို Office 365 နှင့် Office 2013 အသုံးပြုသူများသာ ရရှိနိုင်သည်။ [၆][၁၈] သို့သော်လည်း ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မိုက်ခရိုဆော့၏ အခမဲ့ဗားရှင်းတွင် စက်အတွင်းမှတ်စုများဖန်တီးနိုင်သည်မှလွဲ၍ အခြားလုပ်ဆောင်ချက်များ ကန့်သတ်ထားမှုကို ဖယ်ရှားခဲ့သည်။ OneNote အခမဲ့ဗားရှင်းသည် လုံးဝအခမဲ့အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားကာ မှတ်စုများကို OneDrive တွင် သိမ်းဆည်းပေးသည်။[၁၉]

Microsoft OneNote သည် ဝင်းဒိုး ၁၀ နှင့် မိုဘိုင်းဖုန်းများ တွင် အခြေခံဆော့ဝဲတစ်ခုအနေဖြင့် ပါဝင်လာခဲ့သည်။ သို့သော်လည်း ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ အချက်အလက်ဤရ အန်းဒရွိုက်အပ်သည် အသံးသွင်းသည့် လုပ်ဆောင်ချက်ကို သုံးမိနစ်စာသာ ခွင့်ပြုထားသည်။

၂၀၁၈ ခုနှစ်တွင် မိုက်ခရိုဆော့သည် ဝင်းဒိုး ၁၀ ရှိ OneNote ကို အခြေခံထားသည့် OneNote ကို Windows, the Universal Windows Platform (UWP) တို့တွင် ရရှိရန် ကြေညာခဲ့သည်။ Win32/Win64 စားပွဲတင်ကွန်ပျူတာဗားရှင်းများတွင် ၎င်းသည် Office 2019 ထွက်ရှိသော်လည်း OneNote 2016 အဖြစ် ကျန်ရှိနေခဲ့ပြီး လုပ်ဆောင်ချက်အသစ်များလည်း မရရှိတော့ပေ။ ထို့အပြင်လည်း Office နှင့် ပုံသေထား ထည့်သွင်းနိုင်ခြင်း မရှိတော့ပေ။ သို့သော်လည်း OneNote ကို မူ အသုံးပြုနိုင်သေးသည်။

သို့သော် ၂၀၁၉ တွင် မိုက်ခရိုဆော့သည် ဗားရှင်းအားလုံးကို ပြန်လည်အသက်သွင်းရ်န လုပ်ဆောင်မည်ဟု ကြေညာခဲ့သည်။ ၎င်းတို့တွင် တိုးတက်မှုများကိုလည်း ရရှိမည် ဖြစ်သည်။ ထို့ကြောင့် စားပွဲတင်ကွန်ပျူတာဗားရှင်းကို Office တွင် ပါလာမည်ဖြစ်ကာ ထည့်သွင်းနိုင်မည် ဖြစ်သည်။ ၎င်း၏ အမည်ကိုလည်း ရိုးစင်းစွာ OneNote ဟု ပေးခဲ့သည်။ ၎င်းသည် Office 365 ဆော့ဝဲများနှင့်အတူ အတူပါလာမည် ဖြစ်သည်။

ဗားရှင်းနှင့် လိုင်စင်ကွာခြားမှုများ ပြင်ဆင်ရန်

Desktop OneNote နှင့် OneNote for Windows 10 တို့တွင် မတူညီသည့် အသွင်အပြင်များနှင့် လုပ်ဆောင်နိုင်စွမ်းများ ရှီကြသည်။ အခြားပလက်ဖောင်းများတွင်လည်း ဤနှစ်ခုသည် ခြားနားကြသည်။ ဝင်းဒိုး ၁၀ တွင် ဝမ်းနုတ်ကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက desktop OneNote တွင် Office ribbon အသွင်အပြင် အပြည့်အစုံ ပါဝင်သည်။ စိတ်ကြိုက်ပြင်ဆင်နိုင်မှုလည်း များစွာထည့်သွင်းပေးထားပြီး ဝင်းဒိုးဗားရှင်းများစွာတွင်လည်း အလုပ်လုပ်ဆောင်နိုင်သည်။ စက်အတွင်း မှတ်စုစာအုပ်တစ်ခုအနေဖြင့်သာမကပဲ OneDrive cloud storage နှင့် ချိတ်ဆက်ကာ အလုပ်လုပ်ဆောင်နိုင်သည်။ ဤဗားရှင်းသည် အခပေးသုံးစွဲသည့် စနစ်တွင်ပင် လုပ်ဆောင်နိုင်မှုများကို နောက်ကျမှ ရရှိလေ့ရှိသည့် ဗားရှင်းလည်း ဖြစ်သည်။ ဝင်းဒိုးနှင့် Mac တွင် အလုပ်လုပ်ဆောင်သည့် ဝမ်းနုတ်သည်လည်း အခမဲ့နှင့် အခပေး စနစ်ပေါ်မူတည်ကာ အလုပ်လုပ်ဆောင်နိုင်စွမ်းသည် ကွာခြားမှု ရှိသည်။ [၂၀][၂၁]

မှတ်ချက်များ ပြင်ဆင်ရန်

ခရစ်စတိုဖာဒေါ်ဆင်က OneNote 2010 ကို "OneNote သည် ပညာရေးကဏ္ဍတွင် Office 2010 ဆော့ဝဲများကို ဖျက်ဆီးသည့် ဆော့ဝဲဖြစ်သည်" ဟု မှတ်ချက်ပေးခဲ့သည်။[၂၂] ဝမ်းနုတ်သည် ကျောင်းသားများ မှတ်စုမှတ်သားရာတွင် အသုံးဝင်သည့် ကိရိယာတစ်ခု ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။

ထုတ်ဝေမှုရာဇဝင် ပြင်ဆင်ရန်

 
Microsoft OneNote 2010 with an open side note

All release dates pertain general availability. Release to manufacturing is usually two or three months in advance.

Product release or event Release date[၂၃]
First Public Announcement ၁၇ နိုဝင်ဘာ ၂၀၀၂
OneNote 2003[၂၄] ၁၉ နိုဝင်ဘာ ၂၀၀၃
OneNote 2007[၂၅] ၂၇ ဇန်နဝါရီ ၂၀၀၇
OneNote 2010[၂၆] ၁၅ ဇူလိုင် ၂၀၁၀
OneNote 2013[၂၇] ၂၉ ဇန်နဝါရီ ၂၀၁၃
OneNote 2016 ၂၂ စက်တင်ဘာ ၂၀၁၅[၂၈]
OneNote ၁၉ နိုဝင်ဘာ ၂၀၁၉[၂၉]

ပိုမိုဖတ်ရှုရန် ပြင်ဆင်ရန်

  • Pratley၊ Chris (January 30, 2004)။ OneNote genesisChris Pratley's Office Labs and OneNote Blog။ Microsoft။ July 25, 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 9, 2013 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ Microsoft makes OneNote for Windows completely free by removing all feature restrictions (February 13, 2015)။ July 27, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 5, 2017 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Microsoft OneNoteAndroid Market။ February 12, 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 1, 2012 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Microsoft OneNoteApp Store။ Apple Inc။ March 12, 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 1, 2012 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ Microsoft OneNote for iPadApp Store။ Apple Inc။ March 7, 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 1, 2012 တွင် ပြန်စစ်ပြီး။
  5. Your OneNote (October 1, 2020)။ September 29, 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 1, 2020 တွင် ပြန်စစ်ပြီး။
  6. ၆.၀ ၆.၁ OneNote now on Mac, free everywhere, and service poweredOffice Blogs။ Microsoft (March 17, 2014)။ March 18, 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 17, 2014 တွင် ပြန်စစ်ပြီး။
  7. ၇.၀ ၇.၁ တမ်းပလိတ်:Bracket: OneNote File Format Specification။ MSDN။ Microsoft (June 10, 2011)။ September 6, 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 29, 2011 တွင် ပြန်စစ်ပြီး။
  8. Error message when you try to open a OneNote 2007 or 2010 file in OneNote 2003: "This section is from a later version of One Note and cannot be opened" (Revision 4.0)Support။ Microsoft (September 12, 2011)။ September 29, 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 29, 2011 တွင် ပြန်စစ်ပြီး။
  9. Rasmussen၊ David (October 8, 2006)။ Why the OneNote 2007 and 2003 file format are differentDavid Rasmussen's Blog။ Microsoft။ January 23, 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 2, 2011 တွင် ပြန်စစ်ပြီး။
  10. ၁၀.၀ ၁၀.၁ About file format changes in OneNote 2010Microsoft Office website။ Microsoft။ November 16, 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 29, 2011 တွင် ပြန်စစ်ပြီး။
  11. တမ်းပလိတ်:Bracket: OneNote Revision Store File Format Specification။ MSDN။ Microsoft (June 10, 2011)။ September 30, 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 29, 2011 တွင် ပြန်စစ်ပြီး။
  12. OneNote 2010: XML Schema Definition (XSD) FileDownload Center။ Microsoft (September 13, 2011)။ December 4, 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 29, 2011 တွင် ပြန်စစ်ပြီး။
  13. Microsoft OneNote App for iPhone and iPod free for limited time Archived January 24, 2011, at the Wayback Machine.
  14. Delivering improved handwriting capabilities, including OneNote for Android tablets။ Microsoft။ December 30, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 29, 2017 တွင် ပြန်စစ်ပြီး။
  15. Blandford၊ Rafe (September 8, 2011)။ Microsoft Business Apps for Symbian Belle။ All About Symbian။ August 9, 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ July 10, 2013 တွင် ပြန်စစ်ပြီး။
  16. Microsoft's Lync and OneNote apps for Windows 8, Windows RT now in Windows Store။ ZDNet။ March 16, 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 14, 2013 တွင် ပြန်စစ်ပြီး။
  17. Introducing OneNote for MacOffice Blogs။ Microsoft (March 17, 2014)။ March 25, 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 25, 2014 တွင် ပြန်စစ်ပြီး။
  18. Sinha၊ Robin။ Microsoft releases OneNote for Mac, makes it free on all platforms။ NDTV။ March 21, 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 25, 2014 တွင် ပြန်စစ်ပြီး။
  19. OneNote is now (even more) free!။ Microsoft (February 13, 2015)။ April 2, 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 27, 2015 တွင် ပြန်စစ်ပြီး။
  20. Archived copy။ November 29, 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 21, 2020 တွင် ပြန်စစ်ပြီး။
  21. Archived copy။ November 11, 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 21, 2020 တွင် ပြန်စစ်ပြီး။
  22. Dawson၊ Christopher (May 12, 2010)။ OneNote is Office 2010's killer app in educationZDNet။ August 19, 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 28, 2011 တွင် ပြန်စစ်ပြီး။
  23. Microsoft OneNote Life-cycle Information။ July 1, 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 25, 2011 တွင် ပြန်စစ်ပြီး။
  24. Microsoft Office OneNote 2003 Product Guide။ April 20, 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 7, 2016 တွင် ပြန်စစ်ပြီး။
  25. What's new in Microsoft Office OneNote 2007။ 7 May 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 June 2021 တွင် ပြန်စစ်ပြီး။
  26. DavidRas (July 14, 2009)။ OneNote 2010 What's new။ Blogs.msdn.com။ January 30, 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 2, 2011 တွင် ပြန်စစ်ပြီး။
  27. What's new in OneNote 2013။ May 7, 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 7, 2016 တွင် ပြန်စစ်ပြီး။
  28. Office 2016 for Mac is available now (in en)။ October 6, 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 8, 2015 တွင် ပြန်စစ်ပြီး။
  29. Your OneNote (in en)။ September 29, 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 1, 2020 တွင် ပြန်စစ်ပြီး။