မိုင်တဲလ်မြန်မာ (အင်္ဂလိပ်: Mytel Myanmar) သည် မြန်မာနိုင်ငံတွင် ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီ၊ Myanmar National Telecom Holding ကုမ္ပဏီ နှင့် Star High Public ကုမ္ပဏီ တို့ပူးပေါင်းတည်ထောင်ပြီး မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုပေးနေသည့် ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်သည်။[၁] မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ မှစတင်၍ ဝန်ဆောင်မှု ပေးနိုင်ခဲ့သည်။

မိုင်တဲလ် မြန်မာ
Mytel Myanmar
အမျိုးအစားပုဂ္ဂလိက
လုပ်ငန်းဆက်သွယ်ရေး
တည်ထောင်သည့်နှစ်ဇန်နဝါရီလ ၂၀၁၈
ဌာနချုပ်ရန်ကုန် မြန်မာ
အရေးပါ ပုဂ္ဂိုလ်များHoàng Trung Thành (CEO)
အလုပ်သမားဦးရေ၁၀၀၀
ဝက်ဘ်ဆိုက်mytel.com.mm

Vietel အနေဖြင့် မြန်မာ့ကျေးလက်ဒေသနေပြည်သူများကို ပစ်မှတ်ထား၍ ဖြန့်ချိရန် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံရှိ မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် မိုင်တဲလ် မြန်မာသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော E-SIMကိုပထမဦးဆုံး အသုံးပြုနိုင်သည့် မိုဘိုင်းအော်ပရေတာဖြစ်ပြီး E-SIM ဝန်ဆောင်မှုကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် စတင်အသုံးပြုနိုင်ခဲ့သည်။[၂][၃]



ဆက်စပ်ဖတ်ရှုရန်ပြင်ဆင်

ကိုးကားပြင်ဆင်

  1. Myanmar 4th Operator။ Myanmar Tech Press။ 2017-09-11 တွင် ပြန်စစ်ပြီး။
  2. Myanmar။ Internet in Myanmar။ 2018-10-29 တွင် ပြန်စစ်ပြီး။
  3. Myanmar။ Myanmar Tech Press။ 2017-09-11 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များပြင်ဆင်