မိုဟာမက် အီဘင်း ဇာကာရီးယာ အယ်လ် ရာဇီ

အဘူ ဘက်ကာ မိုဟာမက် ဇာကာရီးယာ ရာဇီ (ပါရှန်း: ابوبكر محمّد زکرياى رازى‎; အင်္ဂလိပ်: Abū Bakr Muhammad Zakariyyā Rāzī) သည် ပါရှား စွယ်စုံရပညာရှင်၊ သမားတော်၊ အဂ္ဂိရတ်ဆရာ၊ ဒဿနပညာရှင်နှင့် ဆေးပညာသမိုင်းတွင် အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ လက်တင်အမည်ဖြင့် ရာဇီး (Rhazes)[၃] (သို့) ရာဇစ် (Rasis) ဟု ရေးသားကြသည်။[၄][၅][၆] ၎င်းသည် ယုတ္တိဗေဒနက္ခတ္တဗေဒ၊ သဒ္ဒါကျမ်းများကို ပြုစုခဲ့၏ ။[၇]

ရာဇီ
Abūbakr Mohammad-e
Zakariyyā-ye Rāzī
ابوبكر محمّد زکرياى رازى
မွေးဖွားစီအီး ၈၅၄[၁]
Rey, Iran[၂]
ကွယ်လွန်၉၃၂ (အသက် ၇၇–၇၈) or ၉၂၅ (အသက် ၇၀–၇၁) CE[၂]
Rey, Iran
ခေတ်အစ္စလာမ်ရွှေခေတ်
ဒေသအစ္စလာမ် ဒဿနအဝန်းအဝိုင်း
အဓိက စိတ်ဝင်စားရာ
ဆေးပညာ, ဒဿန, အဂ္ဂိရတ်,
မှတ်သားလောက်သည့် အတွေးအကြံ
ကျောက်ရောဂါဆိုင်ရာ မှတ်စုများပထမဆုံးစတင်ရေးသားသူ၊ မျက်စိပညာရှေ့ဆောင်လမ်းပြသူ၊ ကလေးဆေးပညာဆိုင်ရာ ပထမဆုံးကျမ်းရေးသူ၊ ဇီဝ/အဇီဝ ဓာတုဗေဒတွင် ဦးဆောင်အကျိုးပြုသူ၊ ဒဿနဆိုင်ရာ လက်ရာအချို့ရေးသူ

ကျယ်ပြန့်စွာတွေးခေါ်တတ်သူ ရာဇီသည် နယ်ပယ်အတော်များများကို အခြေခံကျကျ၊ ကြာရှည်ခိုင်မာသော အကျိုးပြုမှုများကို ဖော်ဆောင်ခဲ့ပြီး လက်ရေးမူပေါင်း ၂၀၀ ကျော်ကို မှတ်တမ်းပြုခဲ့သူတစ်ဦးလည်းဖြစ်သည်။ ၎င်း၏ လေ့လာစူးစမ်းမှုများ၊ ရှာဖွေတွေ့ရှိမှုများမှတစ်ဆင့် ဆေးပညာနယ်ပယ်အတွက် တိုးတက်မှုများစွာဖြစ်ပေါ်စေခဲ့သောကြောင့် ရာဇီကို မှတ်မှတ်ရရရှိကြပေသည်။[၈] လေ့လာစမ်းသပ်သော ဆေးပညာကို အစောပိုင်းအားပေးထောက်ခံသူတစ်ဦးဖြစ်ကာ အောင်မြင်သည့် သမားတော်တစ်ဦးလည်းဖြစ်၏ ။ ဘဂ္ဂဒက်မြို့နှင့် 'ရေး'ဆေးရုံများတွင် အကြီးအကဲသမားတော်တစ်ဦးအဖြစ် အမှုထမ်းခဲ့သည်။[၉][၁၀] ဆေးပညာဆရာတစ်ဦးအနေဖြင့် နောက်ခံအမျိုးမျိုး၊ စိတ်ဝင်စားမှုအထွေထွေရှိသော ကျောင်းသားများကို စွဲဆောင်စေစားနိုင်ခဲ့ကာ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ အလွှာစုံမှ လူနာများကို ကုသရာ၌ စွမ်းစွမ်းတမံဆောင်ရွက်၍ အကြင်နာကြီးသောသူဟုလည်း ဆိုကြလေသည်။[၁၁]

၁၉၁၁ နှစ်ထွက် ဘရစ်တန်နီကာ စွယ်စုံကျမ်းအရ ရာဇီသည် ခန္ဓာကိုယ် ဖွဲ့စည်းမှုနှင့် လုပ်ဆောင်မှုဆိုင်ရာ သီအိုရီ (humoral theory) ကို ပထမဆုံးကျင့်သုံးသူများထဲတွင် ပါဝင်၍ ထိုသီအိုရီဖြင့် ကူးစက်ရောဂါတစ်ခုကို အခြားကူးစက်ရောဂါတစ်ခုနှင့် ခွဲခြားရန်ဖြစ်ပြီး ရေကျောက်၊ ဝက်သက်ရောဂါတို့အကြောင်း ရှေ့ဆောင်လမ်းပြကျမ်းကို ရေးသားခဲ့သည်။[၁၂]

ကိုးကား ပြင်ဆင်ရန်

  1. Pathfinders: (ISBN 978-1-84614-161-4)
  2. ၂.၀ ၂.၁ Iskandar၊ Albert (2006)။ "Al-Rāzī"။ Encyclopaedia of the history of science, technology, and medicine in non-western cultures (2nd ed.)။ Springer။ pp. 155–156။
  3. "Rhazes" Archived 13 January 2021 at the Wayback Machine.. American Heritage Dictionary.
  4. Hitti၊ Philip K. (1977)။ History of the Arabs from the earliest times to the present (10th ed.)။ London: Macmillan။ p. 365။ ISBN 978-0-333-09871-4The most notable medical authors who followed the epoch of the great translators were Persian in nationality but Arab in language: 'Ali al-Tabari, al-Razi, 'Ali ibn-al-'Abbas al-Majusi and ibn-Sina.
  5. Robinson၊ Victor (1944)၊ The story of medicine၊ New York: New Home Library
  6. Porter၊ Dorothy (2005)၊ Health, civilization, and the state: a history of public health from ancient to modern times၊ New York: Routledge (published 1999)၊ p. 25၊ ISBN 978-0-415-20036-3
  7. Majid Fakhry, A History of Islamic Philosophy: Third Edition, Columbia University Press (2004), p. 98
  8. Hakeem Abdul Hameed, Exchanges between India and Central Asia in the field of Medicine Archived 6 October 2008 at the Wayback Machine.
  9. Iskandar၊ Albert (2006)။ "Al-Rāzī"။ Encyclopaedia of the history of science, technology, and medicine in non-western cultures (2nd ed.)။ Springer။ pp. 155–156။
  10. Influence of Islam on World Civilization" by Prof. Z. Ahmed, p. 127.
  11. Rāzī, Abū Bakr Muḥammad ibn Zakarīyā, Fuat Sezgin, Māzin ʻAmāwī, Carl Ehrig-Eggert, and E. Neubauer. Muḥammad ibn Zakarīyāʼ ar-Rāzī (d. 313/925): texts and studies. Frankfurt am Main: Institute for the History of Arabic-Islamic Science at the Johann Wolfgang Goethe University, 1999.
  12. "Handbook to Life in the Medieval World, 3-Volume Set", by Madeleine Pelner Cosman, Linda Gale Jones, page = 52, ISBN 9781438109077, publisher = Infobase Publishing