မိုဟာမက် အူမာ (Dari: محمد عمر‎‎ ၊ ၁၉၆၀ - ၂၀၁၃ ဧပြီ ၂၃) သည် အာဖဂန်နစ္စတန်နိုင်ငံသားဖြစ်ပြီး မူလာ ခေါ် ဘာသာရေးခေါင်းဆောင်တယောက် ဖြစ်သည်။ တာလီဘန်အဖွဲ့ကို ခေါင်းဆောင်သော မူဟာဂျစ် စစ်ခေါင်းဆောင်ဖြစ်ကာ ၁၉၉၆ ခုတွင် အာဖဂန်နစ္စတန်အစ္စလာမ္မစ်နိုင်ငံကို ထူထောင်သည်။

ဖိုင်:Mullah Omar (page 6 crop).jpg

စက်တင်ဘာ ၁၁ တိုက်ခိုက်မှုကို လုပ်ဆောင်သည့် အိုစမာဘင်လာဒင်နှင့် အခြား အယ်ကိုင်ဒါလက်နက်ကိုင်တို့ကို လက်ထောက်ချသူအဖြစ် သတ်မှတ်ကာအမေရိကန်နိုင်ငံ၏ အလိုရှိစာရင်းတွင် ပါဝင်လာသည်။ [၁] အမေရိကန်တို့ အာဖဂန်နစ္စတန်သို့ ဝင်လာသည်နောက် ကန္ဒမာရှိနေအိမ်မှ တိတ်တဆိတ်ပြေးကာ တာလီဘန်တော်လှန်ရေးအဖွဲ့အား ညွှန်ကြားပြီး နေတိုးတပ်ဖွဲ့ဝင်များကို၎င်း၊ အမေရိကန်နောက်ခံ အာဖဂန်နစ္စတန်အစိုးရကို၎င်း ပြောက်ကျားတိုက်ခိုက်သည်။ သတင်းရင်းမြစ်အချို့က မကွယ်လွန်မီအထိ ပါကစ္စတန်နိုင်ငံကရာချီမြို့တွင် နေထိုင်သည်ဟု ဆိုသည်။ သို့သော် သတင်းထောက် ဘတ္တီဒမ်ကမူ အာဖဂန်နစ္စတန်နိုင်ငံ၊ ဇာဘူမြို့ရှိ အမေရိကန်အခြေစိုက်စခန်းအနီးတွင် ရုပ်ဖျက်နေထိုင်သည် ဆို၏။ [၂]

အူမာသည် ၂၀၁၃ ခု၊ ဧပြီလ ၂၃ ရက်တွင် အဆုတ်ရောဂါဖြင့် လွန်သည်။ [၃] သေဆုံးကြောင်းကို တာလီဘန်အဖွဲ့က ၂ နှစ်ကြာ သတင်းမဖော်ဘဲ နေသည်။ နောက် အာဖဂန်နစ္စတန်၏ အမျိုးသားလုံခြုံရေးညွှန်ကြားရေးမှူးရုံးမှ ဖော်ထုတ်နိုင်မှသာ လူထုက သိရသည်။ [၄]

ကိုးကား ပြင်ဆင်ရန်