မိုးဗြဲ

ရှမ်း-ကယားနယ်စပ်ရှိ​ဒေသ

မိုးဗြဲမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်ဖယ်ခုံမြို့နယ်တွင်တည်ရှိသည်။ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ် နယ်နမိတ်ဖြစ်သော ဘီလူးချောင်းပေါ်တွင်တည်ရှိပြီး အချက်အချာကျသော၊ စီးပွားရေး စည်ပင်ထွန်းကားသောမြို့ဖြစ်သည်။ ကယားပြည်နယ် လောပိတရေအားလျှပ်စစ်စက်ရုံအတွက် နွေရာသီရေနည်းချိန်တွင် ရေဖြည့်တင်းပေးနိုင်ရန် တည်ဆောက်ထားသော မိုးဗြဲဆည် ကြောင့်လည်းထင်ရှားသည်။

မိုးဗြဲဆည်
မိုးဗြဲအနီးမှ ဘီလူး​ချောင်း

ကယန်း(ပဒေါင်)၊ ပအိုဝ်း၊ ရှမ်း၊ အင်းသားစသော တိုင်းရင်းသားပေါင်းစုံ အေးချမ်းစွာ နေထိုင်ကြသည်။ လောပိတရေအားလျှပ်စစ်စက်ရုံတည်ဆောက်ချိန်က အလုပ်သမားများအဖြစ်လာရောက်လုပ်ကိုင်ကြပြီး၊ ဆက်လက်နေထိုင်လျက်ရှိကြသည့် ပြည်မမှ ဗမာလူမျိုးများ၊ တရုတ်လူမျိုးများနှင့် ဂေါ်ရခါးလူမျိုးများကိုလည်းတွေ့ရ၏။

နှစ်စဉ် တပို့တွဲလတွင်ကျင်းပသော မိုးဗြဲမွေတော်ဓာတ်စစ်ဘုရားပွဲတော်မှာလည်း လွန်စွာစည်ကားလှ၏။