တောင်ကြီးခရိုင်
တောင်ကြီးခရိုင် ( ရှမ်း: ၸႄႈတွၼ်ႈတူၼ်ႈတီး၊ အင်္ဂလိပ်: Taunggyi District ) သည် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ခရိုင်တစ်ခု ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အမြင့် ၄၆၀၆ ပေ (၁၄၀၄ မီတာ) တွင် တည်ရှိသည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ တောင်ကြီးမြို့ဖြစ်သည်။ တောင်ကြီးခရိုင်တွင်းရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁,၆၉၉,၀၈၆ ယောက်[၁] ဖြစ်သည်။
တောင်ကြီးခရိုင် | |
---|---|
တောင်ကြီးမြို့မြင်ကွင်း | |
ရှမ်းပြည်နယ်အတွင်းတည်နေရာ | |
ရှမ်းပြည်နယ်အတွင်းတည်နေရာ | |
ကိုဩဒိနိတ်: 20°40′N 97°00′E / 20.667°N 97.000°Eကိုဩဒိနိတ်: 20°40′N 97°00′E / 20.667°N 97.000°E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ရှမ်း |
မြို့နယ်ပေါင်း | ၂ |
မြို့တော် | တောင်ကြီးမြို့ |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၄၆၀၆ ပေ (၁၄၀၄ မီတာ) |
လူဦးရေ (၂၀၁၄) | ၁,၆၉၉,၀၈၆ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
နာမည်ကျော် အင်းလေးကန် နှင့် အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော သည် တောင်ကြီးခရိုင်တွင် တည်ရှိသည်။ ပင်းတယရွှေဥမင်လှိုဏ်ဂူ၊ ထမ်ဆမ်းဂူ၊ မွေတော်ကက္ကူ၊ ကလောနှီးဘုရား၊ မြင်းမထိသဘာဝလှိုဏ်ဂူ၊ မြသပိတ်ရေပြာအိုင် စသည် အထင်ကရ နေရာများစွာရှိသည်။
မြို့နယ်နှင့်မြို့များ
ပြင်ဆင်ရန်တောင်ကြီးခရိုင်တွင် ယခင်က မြို့နယ် (၁၀)မြို့နယ်၊ မြို့ (၁၈)မြို့ ပါဝင်ခဲ့သော်လည်း ယခုအခါတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ ခရိုင်အသစ်များ ဖွဲ့စည်းခဲ့သဖြင့် တောင်ကြီးခရိုင်တွင် မြို့နယ် (၂)မြို့နယ်၊ မြို့ (၆)မြို့သာ ကျန်ရှိတော့သည်။
တောင်ကြီးခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။
ယခင် ဖွဲ့စည်းပုံ
ပြင်ဆင်ရန်- တောင်ကြီးမြို့နယ်
- တောင်ကြီးမြို့
- အေးသာယာမြို့ (တောင်ကြီးမြို့သစ်)
- ကျောက်တလုံးကြီးမြို့
- ရွှေညောင်မြို့
- ညောင်ရွှေမြို့နယ်
- ကလောမြို့နယ်
- ကလောမြို့
- အောင်ပန်းမြို့ (ရှမ်းမြေလတ်တွင် အဓိက စီးပွားရေးမြို့)
- ရပ်စောက်မြို့နယ်
- ဖယ်ခုံမြို့နယ်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၃၂၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ February 28, 2015 တွင် ပြန်စစ်ပြီး
- ↑ မြန်မာ သတင်းအချက်အလက် စီမံခန့်ခွဲရေးဌာန။ 1 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 February 2015 တွင် ပြန်စစ်ပြီး။