မိုးသက်ဟန် (၁၉၈၂ ဖွား) သည် ဝတ္ထုရေးစာရေးဆရာ ဖြစ်သည်။ ဘာသာပြန်များအပြင် ပင်ကိုရေးများလည်း ရေးသားလျက်ရှိသည်။

ငယ်ဘဝ ပြင်ဆင်ရန်

၁၉၈၂ ခုတွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၌ မွေးသည်။ရန်ကုန်မြို့တွင်ပင် ဇနီးဖြစ်သူနှင့်အတူ နေထိုင်။အသက်ဇီ၀မွေးမြူမှုအတွက် စာပေဆိုင်ရာ အလုပ်ကို ဦးစားပေးဇောက်ချလုပ်ကိုင်။ ပင်ကိုယ်ရေးစာအုပ်ခြောက်အုပ်နှင့် ခေတ်ပြိုင်နိုင်ငံတကာ ၀◌တ္ထုဘာသာပြန်စာအုပ်နှစ်ဆယ်ကျော်ကို ထုတ်‌ေ၀ထားခဲ့။

စာပေလှုပ်ရှားမှု ပြင်ဆင်ရန်

နှင်းဆီဖြူ စာပေဂျာနယ်၏ စာတည်းအဖြစ် လုပ်ကိုင်လျက် ရှိသည်။

ကိုယ်တိုင်ရေး စာအုပ်များ ပြင်ဆင်ရန်

ခေါင်းစဉ် ထုတ်ဝေနှစ် ထုတ်ဝေသူ မှတ်ချက်
ငါတွေးသည်၊ ထို့ကြောင့် ဒေးကား မရှိ ဝတ္ထုတို စုစည်းမှု ၂၀၁၀
ကမ္ဘာအတု၊ ကောင်းကင်အတု ၂၀၁၁
တစ်သက်တစ်ကျွန်း ၂၀၁၂ ပျိုးလက်ဟန် နှင့် တွဲ၍
ပျော်ရွှင်ခြင်းနိုင်ငံ ၂၀၁၄
သီးခြားနယ်နိမိတ် ၂၀၁၈

လူကို သတ်ခြင်း ၂၀၂၀

ဘာသာပြန် စာအုပ်များ ပြင်ဆင်ရန်

မူရင်းခေါင်းစဉ် မူရင်းရေးသူ ဘာသာပြန်ခေါင်းစဉ် ထုတ်ဝေနှစ် ထုတ်ဝေသူ မှတ်ချက်
Astonishing the Gods Ben Okri ဗလာမိုးကောင်းကင်ရဲ့ အစွန်းတစ်ဖက်မှာ ၂၀၀၅
South of the Border, West of the Sun ဟာရူကီ မူရာကာမီ နယ်ခြားတောင်ဘက်၊ နေမင်း အနောက်ဘက် ၂၀၁၆
The Alchemist ပေါလို ကွေလို သိုးကျောင်သားရဲ့ အနတ္တလွင်ပြင် ၂၀၀၆
Bamboo People Metali Perkins ကလေးစစ်သား ၂၀၁၅
Kafka on the Shore ဟာရူကီ မူရာကာမီ ကမ်းခြေပေါ်မှာ ကက်ဖကာ ၂၀၁၅
International Flash Fictions နိုင်ငံတကာ လျှပ်တပြက်ဝတ္ထုတိုများ ၂၀၁၃
International Postmodern Short Stories Collection နိုင်ငံတကာ ပို့စ်မော်ဒန် ဝတ္ထုတိုများ ၂၀၁၁
Lanzarote မီရှဲ ဝဲဘက် လန်ဇာရိုတီ ၂၀၁၂
Platform မီရှဲ ဝဲဘက် ပလက်ဖောင်း ၂၀၁၆
Norwegian Wood ဟာရူကီ မူရာကာမီ နော်ဝေတောအုပ် ၂၀၁၁
Spider Women ပင့်ကူလူသားများ ၂၀၁၆ [၁]
Pinball ဟာရူကီ မူရာကာမီ ပင်ဘော
Malay Sketches Alfian Saat အယ်ဒီတာအဖြစ် လုပ်ဆောင်
Whatever မီရှဲ ဝဲဘက် ဘာဖြစ်ဖြစ်
Herculine Barbin Michel Foucault ဟာကူလိုင်း ဘာဘင်
Beauty Is a Wound Eka Kurniawan အလှပဆုံး ဒဏ်ရာ
Short Stories Charles Bukowski ချားလ် ဘူကောစကီး ဝတ္ထုတိုများ

ကိုးကား ပြင်ဆင်ရန်

  1. "ပင့်ကူလူသားများ (မိုးသက်ဟန်)" Archived 24 April 2019 at the Wayback Machine.