မီးကပ်ကို အရှည် ၁၆ ပေမှ ပေ ၂၀ ထိ ရှည်လျားဖြောင့်တန်းသော သစ်ဝါးများဖြင့် ပြုလုပ်လေ့ရှိသည်။ အဖျားတွင် ဝါးကပ်၊ သံပြား၊ သွပ်ပြား စသည်ကို အနံ ၁၀ လက္မမှ ၁ပေခွဲ၊ အလျား ၁၂ လက္မမှ နှစ်ပေထိ ကပ်ပြားများ ထပ်ဆင်ထားရသည်။ သစ်၊ ဝါး၊ ဓနိ၊ သက်ကယ် စသော အိမ်ခေါင်မှ မီးများကို မီးမလွင့် မကျယ်ပြန့်စေရန် ရေမပက်မီ မီးကပ်ဖြင့် ဖုံးဖိထားရန်ဖြစ်သည်။ ရိုက်ခတ်၍မီးငြိမ်းသတ်ရန်မဟုတ်ဘဲ မီးပျံ့ထွက်မသွားစေရန်အတွက် ဖုံးအုပ်ဖိထားရန်ဖြစ်သည်။ ရိုက်ခတ်၍ငြိမ်းသတ်မိပါ လေယပ်ပေးသည်နှင့်တူ၍ မီးပွားများလွင့်စဉ်ခြင်း၊ မီးကူးစက်မှု လျင်မြန်စေခြင်းတို့ ဖြစ်တတ်သည်။ အချို့ဒေသများတွင် မီးကပ်နှင့် မီးချိတ်ကို တိုင်တစ်ခုတည်းတွင် တစ်ပြိုင်နက် ထပ်ဆင်ထားတတ်ကြသည်။

မီးချိတ်နှင့် မီးကပ်တို့သည် ရှည်လျားသေားကိရိယာများဖြစ်သောကြောင့် တိုင်၊ တန်းများတွင် စနစ်တကျထောင်ထားရမည်။ ထိုသို့ထောင်ထားရာတွင်လည်း သံကြိုးဖြင့် အသေတုပ်နှောင်မထားရန် သတိပြုသင့်သည်။ သူခိုးခိုးမည်ကို စိုးရိမ်၍ အသေတုပ်နှောင်ထားပါက အရေးအကြောင်းတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်စေနိုင်သည်။

ကိုးကား ပြင်ဆင်ရန်

ကြိုတင်ကာကွယ် မီးအန္တရာယ်။ မောင်ညွန့်လွင်။ စာပေဗိမာန်။ ရန်ကုန်။ ၁၉၈၈၊ ပကြိမ်။