မီးချိတ်ကို အရှည် ၁၆ ပေ မှ ပေ၂၀ ထိရှိသော ဖြောင့်စင်းသော သစ်ဝါးများဖြင့်လုပ်လေ့ရှိသည်။ မီးချိတ်၏ ထိပ်တွင် သံကောက်၊ သံချိတ်တပ်ဆင်ထားသည်။ အမိုးအကာများကို ထိုးဖောက် ဆွဲချနိုင်ရန်၊ မီးတွင်းမှ ပစ္စည်းများကို ချိတ်ယူဆွဲငင်ရာတွင် သုံးနိုင်သည်။ အမြင့်သို့ တက်ရန် လှေကားအဖြစ် ချိတ်၍သည်း တက်နိုင်သည်။ မီးချိတ်သည် တောင်းတင်းခိုင်မာပြီး တောင့်တင်းရန် လိုအပ်သည်။ သံချိတ်အကောက်၏ အကျယ်သည် အနည်းဆုံး ၆ လက္မရှိပြီး မာကျောနေရန်လဲလိုအပ်သည်။ အချို့ဒေသများတွင် မီးကပ်နှင့် မီးချိတ်ကို တိုင်တစ်ခုတည်းတွင် တစ်ပြိုင်နက် ထပ်ဆင်ထားတတ်ကြသည်။

မီးချိတ်နှင့် မီးကပ်တို့သည် ရှည်လျားသေားကိရိယာများဖြစ်သောကြောင့် တိုင်၊ တန်းများတွင် စနစ်တကျထောင်ထားရမည်။ ထိုသို့ထောင်ထားရာတွင်လည်း သံကြိုးဖြင့် အသေတုပ်နှောင်မထားရန် သတိပြုသင့်သည်။ သူခိုးခိုးမည်ကို စိုးရိမ်၍ အသေတုပ်နှောင်ထားပါက အရေးအကြောင်းတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်စေနိုင်သည်။

ကိုးကား ပြင်ဆင်ရန်

ကြိုတင်ကာကွယ်မီးအန္တရာယ်။ မောင်ညွန့်လွင်။ စာပေဗိမာန်။ ရန်ကုန်။ ၁၉၈၈၊ ပကြိမ်။