မုတ်သုံသည် မြန်မာပန်းချီဆရာ တစ်ဦး ဖြစ်သည်။


ပန်းချီဆရာ မုတ်သုံကို ၁၉၅၆ ခုနှစ်၊ ဇန်နဝါရီလ၊(၂၄)ရက်တွင် ထီးလင်းမြို့နယ်၊ ကင်ပန်ရွာ၌ မွေးဖွားခဲ့သည်။ မိဘနှစ်ပါးအမည်မှာ မြေတိုင်းအင်စပက်တော် ဦးကျော်ဟိန်းနှင့် ဒေါ်နန်းကြွယ်တို့ ဖြစ်သည်။ မွေးချင်း မောင်နှမ ခြောက်ယောက်ရှိပြီး ငါးယောက်မြောက် ဖြစ်သည်။

ငယ်ဘဝ ပြင်ဆင်ရန်

နှစ်နှစ်သားအရွယ်တွင် ပခုက္ကူမြို့ သို့ ပြောင်းရွေ့နေထိုင်ခဲ့ရသည်။ ပခုက္ကူ အ.ထ.က(၁)ကျောင်းတွင် ပညာသင်ကြားပြီး နဝမတန်းအထိ နေခဲ့သည်။ ၁၉၇၄-ခုမှ ၁၉၇၇-ခုနှစ်အထိ မန္တလေးပန်းချီနှင့် ပန်းပုကျောင်း တက်ခဲ့သည်။ သင်တန်းဆင်းပြီးနောက် ရန်ကုန်သို့ ပြောင်းလာကာ ပန်းချီနဲ့ပတ်သတ်၍ ဘဝတစ်လျှောက်လုံးအသက်မွေးခဲ့သူဖြစ်သည်။


ပန်းချီဆရာ မုတ်သုံသည် ရန်ကုန်မြို့၊ ဘောက်ထော်တွင် နေထိုင်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မောင်ကိုကို (အမရပူရ) ရေးသော ခေတ်ပြိုင်ပန်းချီဆရာများ၊ ၂၀၁၅၊ ဩဂုတ်လ၊ စာ-၅၄