[၁] (၁) ဝမ်းမြောက်ခြင်း၊ မုဒိတာစေတသိက်[၂][၃]

လက္ခဏာ, ရသစသည် ပြင်ဆင်ရန်

  • မုဒိတာသည် သုခိတသတ္တဝါကို မြင်လျှင် ကြည်လင် ဝမ်းမြောက်ခြင်း လက္ခဏာရှိ၏။
  • သူတစ်ပါးစည်းစိမ်ကို မငြူစူခြင်း ကိစ္စရှိ၏၊ ဥစ္စာစည်းစိမ် ဂုဏ်သိန်တို့နှင့် ပြည့်စုံသော သုခိတသတ္တဝါကို မြင်လျှင် သူတော်စင်တို့ကို ဝမ်းမြောက်စေနိုင်သော သဘောလက္ခဏာရှိရကား သူတစ်ပါးစည်းစိမ်ကို မငြူစူခြင်းသည် မုဒိတာ၏ ကိစ္စပေတည်း။
  • သူတစ်ပါး၏ ပြည့်စုံခြင်း၌ မမွေ့လျော်နိုင်ခြင်းကို ပယ်ဖျောက်တတ်သော တရားဟု ဉာဏ်အား ရှေးရှု ထင်လာတတ်၏၊
  • သူတစ်ပါး ဂုဏ်ကျက်သရေကို မြင်ရခြင်းလျှင် နီးစွာသော အကြောင်းရှိ၏၊ သတ္တဝါတို့၏ ပြည့်စုံမှုကို မြင်ရခြင်းလျှင် နီးသော အကြောင်းရှိ၏ဟု ဆိုလိုသည်။ [၃]

မုဒိတာ ဖြစ်နိုင် မဖြစ်နိုင် ပြင်ဆင်ရန်

မိမိနှင့် စပ်သူတို့ ပြည့်ပြည့်စုံစုံ ကြွယ်ကြွယ်ဝဝ ဖြစ်နေသည်ကို မြင်လျှင် ဝမ်းမြောက်ဝမ်းသာမှု ဖြစ်ပေါ်လာတတ်၏။ ထိုဝမ်းမြောက်မှုမျိုးကား မုဒိတာအစစ်ဖြစ်နိုင်ခဲသည်။ ပီတိ၏ အစွမ်းဖြင့် ရွှင်လန်းစွာ ဖြစ်ပေါ်လာသော လောဘမူသောမနဿသဟဂုတ်သာ အဖြစ်များလေသည်။ မုဒိတာသည် အရတိ အဖြစ်များသူ၏ စင်ကြယ်ခြင်း အကြောင်းဖြစ်သည်၊ မုဒိတာပွားလျှင် အရတိ မဖြစ်။ လက်ရှိစည်းစိမ်ချမ်းသာမှ မယုတ်လျော့စေလိုမှု, လက်ရှိ စည်းစိမ်ချမ်းသာ အတိုင်း တည်မြဲနေစေလိုမှုသည် မုဒိတာ၏ သဘောတည်း။ အရတိ ငြိမ်းပျောက်ခြင်းသည် မုဒိတာ၏ ပြည့်စုံခြင်း မုဒိတာ၏ ကောင်းစွာ ကိစ္စပြီးစီးခြင်းမည်၏။ ဂေဟဿိတပီတိ၏ အစွမ်းအားဖြင့် ရွှင်ပြခြင်းသည် မုဒိတာ၏ ပျက်စီးခြင်းမည်၏၊ အရတိကင်းပျောက်ခြင်းသည် မုဒိတာ၏ သီးသန့်အကျိုးတည်း။ မုဒိတာ၏ နီးသောရန်သူကား ဂေဟဿိတပေမ၊ ဝေးသော ရန်သူကား အရတိတည်း။ မုဒိတာကို ပွားများလျှင် ပ, ဒု, တ, စတုတ္ထဈာန်ကို ရနိုင်သည်၊ [၄]

(၂) မုဒိတာမင်းသမီး။ [၅][၃]

ကိုးကား ပြင်ဆင်ရန်

  1. မုဒိတာ (ထီ) [မုဒ+တ+အာ။ အဘိ၊ဋ္ဌ၊၁၊၂၃၇။ ပဋိသံ၊ဋ္ဌ၊၁၊၈၃။ နီတိ၊ဓာ၊၁၉၂။]
  2. (၁) မုဒိတာ မုဒိတာယနာ မုဒိကာယိတတ္တံ။ အဘိ၊ဝိ၊၂၉၂။ (ဝိ၊ဋ္ဌ၊၁၊၈၆။ သံ၊ဋ္ဌ၊၁၊၁၂၀။ သင်္ဂဟ၊၂၊၈။) မောဒန္တိ တာယ တံသမင်္ဂိနော သယံ မောဒတိ၊ မောဒနမတ္တမေဝ ဝါ တန္တိ မုဒိတာ။ အဘိ၊ဋ္ဌ၊၁၊၂၃၇။ ပဋိသံ၊ဋ္ဌ၊၁၊၈၃။(-ဝိဘာဝိနီ၊၁၁၁။)
  3. ၃.၀ ၃.၁ ၃.၂ တိပိဋကအဘိဓာန် အတွဲ-၁၆
  4. အဘိ၊ဋ္ဌ၊၁၊၂၃၇၂၄၂။)
  5. (၂) ကုမာရိယောပိ ဝဒေထ၊ ဥပသေနံ ကောကိလဉ္စ မုဒိတဉ္စ။ ဇာ၊၂၊၂၄၂။ ဇာ၊ဋ္ဌ၊၇၊၇၇။