မောင်မောင် (ကာတွန်း) မြန်မာကာတွန်းဆရာကြီး ဦးမောင်မောင်ကို (၁၉၄၂)ခုနှစ်၊ ဇွန်လ(၁၈)ရက်နေ့တွင် မွေးဖွားသည်။ အဖ ဦးပေါ်ကြင်၊ အမိ ဒေါ်ချိုယဉ်တို့၏ သား ဖြစ်သည်။ လပွတ္တာဇာတိ ဖြစ်သည်။ ကာတွန်းပညာကို လက်ဦးဆရာအဖြစ် အစ်ကိုရင်းဖြစ်သူ ကာတွန်းစိန်မြင့်အောင်၊ ပန်းချီဦးဗမိုး၊ ကာတွန်းဦးမောင်စိန်ကာတွန်းဦးဗကလေးတို့ထံတွင် လေ့လာသင်ယူခဲ့သည်။ (၁၉၅၆)ခုနှစ်မှစ၍ ရန်ကုန်သတင်းစာ၊ စုံထောက်မဂ္ဂဇင်း၊ ဖိုးပြုံးချိုလစဉ်၊ သောကြာစာစောင်များတွင် ကာတွန်း များ စတင်ရေးဆွဲခဲ့သည်။စန္ဒာမဂ္ဂဇင်းတွင် ဦးဦးပုံပြောမယ် အခန်းတာဝန်ယူ ရေးဆွဲခဲ့သည် မုဆိုးကျော်ဖိုးထော် ကိုမှောင် တက်ပု မျောက်ကလေး ပေါက်ကျော် ပိုးကောင်လေး မောင်ဖိုးအေး ပိန်ပိန်ရှေရှေ ဂွက်ဂွက် ဖိုးကတုံးနဲ့ လောရှေ စသည့် နာမည်ကျော် ဇာတ်ကောင်များ ဖန်တီးရေးဆွဲခဲ့သည် ရွှေမိလစဉ်စာစောင်ကို ကိုယ်တိုင်စီစဉ်ထုတ်ဝေခဲ့သည်။ ယနေ့အချိန်ထိ စာနယ်ဇင်း များတွင် ကာတွန်းများ ရေးဆွဲလျက် ရှိသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ကာတွန်းဝင်းအောင်၏ မြန်မာကာတွန်းပေါင်းချုပ်