မောင်ရဲနိုင် (၁၀ ဖေဖော်ဝါရီ ၁၉၄၀ – ၁၅ ဇူလိုင် ၂၀၀၈) သည် မြန်မာအမျိုးသား စာရေးဆရာတစ်ဦး ဖြစ်သည်။ အမည်ရင်းမှာ ဦးရဲမြင့် ဖြစ်သည်။

မောင်ရဲနိုင်
မွေးဖွားရဲမြင့်
(၁၉၄၀-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။-၁၀)ဖေဖော်ဝါရီ ၁၀၊ ၁၉၄၀
ဖျာပုံမြို့ဧရာဝတီတိုင်း
ကွယ်လွန်ဇူလိုင် ၁၅၊ ၂၀၀၈(၂၀၀၈-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၇"။-၁၅) (အသက် ၆၈)
ရန်ကုန်မြို့
အလုပ်အကိုင်စာရေးဆရာ
ပညာရေးဝိဇ္ဇာဘွဲ့
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
ကာလ၁၉၉၀–၂၀၀၈

အစောပိုင်းဘဝနှင့် ပညာရေး ပြင်ဆင်ရန်

အဘ ဦးဘိုဝင်း၊ အမိ ဒေါ်မြနွယ်တို့မှ ၁ဝ၊ ဖေဖော်ဝါရီ ၁၉၄ဝ ခုနှစ်တွင် ဧရာဝတီတိုင်းဖျာပုံမြို့နယ်၌ သားအကြီးဆုံး အဖြစ် မွေးဖွားခဲ့သည်။ ဖျာပုံမြို့ အထက (၁) တွင် သတ္တမတန်းအထိ ပညာသင်ယူခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ရန်ကုန်မြို့ ဗဟိုအစိုးရ အထက်တန်းကျောင်း၊ လသာမြို့နယ်တွင် Pre Medical School တက်ရောက်ခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် ဖျာပုံမြို့ အထက (၁) မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ဧရာဝတီတိုင်း တစ်တိုင်းလုံးတွင် ပထမဆု ဆွတ်ခူးခဲ့သည်။

၁၉၆ဝ - ၆၁ ခုနှစ် ဆေးသိပ္ပံ ကျောင်းသားများ သမဂ္ဂ အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သလို ၁၉၆၂ ခုနှစ် မျိုးဆက် ရန်ကုန် တက္ကသိုလ် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ခေါင်းဆောင်အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ၁၉၆၂ ခုနှစ်၊ ဇူလိုင်တွင် ခေတ္တ အထိန်းသိမ်းခံရခဲ့ရပြီး ၁၉၆၃ ခုနှစ်တွင်လည်း ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပြီး ခေတ္တ ထိန်းသိမ်းခံခဲ့ရသည်။

၁၉၆၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကို အောင်မြင်ပြီး ဒေါ်ဖြူဖြူနှင့် အိမ်ထောင်ကျခဲ့သည်။

အမှုထမ်းဘဝ ပြင်ဆင်ရန်

၁၉၆၅ ခုနှစ်တွင် စာတိုက်နှင့် ကြေးနန်းဌာန၊ စာတိုက်ဝန်ထောက် အဖြစ် စတင် အမှုထမ်းခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် အင်္ဂလန်နိုင်ငံတွင် စာပို့တိုက်ပညာ လေ့လာရေး သွားရောက် သင်ကြားခဲ့သည်။ ၁၉၈၈ ခုနှစ်အတွင်း မကွေးတိုင်း ဆက်သွယ်ရေး မန်နေဂျာ အဖြစ် တာဝန် ထမ်းဆောင်စဉ် ၈၈၈၈ လူထုတိုက်ပွဲအပြီး နှစ်ကြိမ် အထိန်းသိမ်းခံရပြီး၊ အငြိမ်းစား ယူခဲ့ရသည်။

၁၉၉၃ မှ ၁၉၉၈ အထိ Swiss Underwriting Services Ltd ၏ Resident Director အဖြစ် တာဝန်ယူခဲ့သည်။

ရရှိခဲ့သော ဘွဲ့များ ပြင်ဆင်ရန်

အမေရိကန် ပြည်ထောင်စု Mellen တက္ကသိုလ်မှ Master of Literature ဘွဲ့နှင့် အိုင်ယာလန်နိုင်ငံ Dublin Metropolitan တက္ကသိုလ်မှ ဂုဏ်ထူးဆောင် Fellow ဘွဲ့များ လက်ခံရရှိခဲ့သည်။

စာပေရေးသားခြင်း ပြင်ဆင်ရန်

မောင်ရဲနိုင် ကလောင်အမည်ဖြင့်

  1. ယနေ့ ဂျပန်ပြည် (၁၉၉ဝ)
  2. ယနေ့ တောင်ကိုရီးယား (၁၉၉၂)
  3. မောင်ပေါက်ကျိုင်းသို့ စကားလက်ဆောင် (၁၉၉၃)
  4. စီးပွားရေး လုပ်ငန်း စီမံ ခန့်ခွဲမှု ကျင့်စဉ် (၁၉၉၃)
  5. အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု စည်းမျဉ်းစည်းကမ်းများ (၁၉၉၄)
  6. အာရှ၏ ထိပ်တန်း ဘီလျှံနာ သူဌေးကြီး ၁ဝဝ (၂ဝဝ၂)

စသည့်စာအုပ်များ ရေးသားခဲ့ပြီး၊ မြဝတီ၊ ရှုမဝ၊ ဗြူတီ၊ စံပယ်ဖြူ၊ Life Style အပါအဝင် မဂ္ဂဇင်း၊ စာစောင်များမှ ဆောင်ပါး၊ ဝတ္ထုတိုများ ရေးသားခဲ့သည်။

ကွယ်လွန်ခြင်း ပြင်ဆင်ရန်

၂ဝဝ၈ ခုနှစ်၊ မေလအတွင်း နာဂစ်မုန်တိုင်း တိုက်ခတ်မှု အပြီး ဖျာပုံမြို့နယ်၊ ဧရာနှင့် တမံ ကျေးရွာများ ကယ်ဆယ်ရေးမှ အပြန် ကျန်းမာရေး အပြင်းအထန် ဆိုးရွားခဲ့ပြီး၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေဗဟိုရ် ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် သားသမီး လေးဦးနှင့် မြေး ခုနှစ်ယောက် ကျန်ရစ်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်