မောင်းထောင်ကောင် (ဝါ) ဓားခုတ်ကောင်
Temporal range: 145–0 Ma
Early Cretaceous–recent
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Arthropoda
မျိုးပေါင်း: Insecta
Superorder: Dictyoptera
မျိုးစဉ်: Mantodea
Burmeister, 1838
မျိုးရင်းများ

see text

Synonyms
  • Manteodea Burmeister, 1829
  • Mantearia
  • Mantoptera

မောင်းထောင်းကောင် (သို့) ဓားခုတ်ကောင် (ဝါ) ရှိခိုးကောင် (Mantis or Praying Mantis) သည် အင်းဆက်ပိုးမျိုးဖြစ်၍ ပါဏဗေဒအလိုအရ ဒစ်ကတိုတဲရာ မျိုးစဉ်ကြီးတွင် မင်တီဒီး မျိုးရင်း၌ပါဝင်သည်။ ပိုးဟပ်၊ ပုရစ်၊ နှံကောင် တို့နှင့် အမျိုးချင်းနီးစပ်သည်။ မောင်းထောင်းကောင်၏ ကိုယ်အရှေ့ပိုင်းသည် ရှည်လျားသေးသွယ်သည်။ ဦးခေါင်းသည် တူကဲ့သို့ရှိပြီးလျှင် မျက်နှာမှာ သုံးထောင့်ပုံသဏ္ဌာန်ရှိသည်။ နောက်ခြေထောက်များသည် သွေးသွယ်ရှည်လျားသည်နှင့်အမျှ ရှေ့ခြေထောက်များမှာ ကြီးမားတုတ်ခိုင်သည်။ မောင်းထောင်းကောင် သည် ထိုရှေ့ခြေထောက်များကို လမ်းသွားသည့်အခါတွင်ဖြစ်စေ အပေါ်ဘက်သို့ ခေါက်တင်ထားလေ့ရှိသည်။ အရွယ်ရောက် မောင်းထောင်းကောင်ကြီးများသည် အလျား ၂ လက်မမှ ၅ လက်မထိ ရှိသည်။

ကြီးမားသော ရှေ့ခြေနှစ်ချောင်းကို အပေါ်ဘက်သို့ ခေါက်တင်ထားပုံမှာ မိန်းမကြီးတစ်ယောက် ရှိခိုးဝတ်ပြုနေပုံ နှင့်တူသောကြောင့် ယင်းကို ရှိခိုးကောင် ဟုလည်း ခေါ်ကြသည်။ ဘာသာတရားကို ရိုသေကိုင်းရှိုင်းပုံ ရှိသောကြောင့် အမြင် အားဖြင့် ကြင်နာသနားစိတ်ရှိသည်ဟု ထင်ရသော်လည်း စင်စစ် မောင်းထောင်းကောင်သည် အင်းဆက်ပိုးမျိုးတွင် အရက်စက် ဆုံး၊ လောဘအကြီးဆုံးပိုးမျိုးတွင် ပါဝင်သည်။ အပေါ်ဘက်သို့ ခေါက်တင်ထားသော ရှေ့ခြေ ၂ ချောင်းတွင် ပိုးကောင်ကလေး များကိုဖမ်းရန် ကြောက်မက်ဖွယ်ကောင်းသော ဆူးများပါရှိ သည်။ ပြူးထွက်နေသော မျက်လုံးများရှိသည့် ဦးခေါင်းသည် အငြိမ်မနေဘဲ ထိုမှ ဤမှ အဆက်မပြတ် လှည့်၍သားကောင် ကိုသာ ရှာဖွေလျက်ရှိ၏။ ထိုနောက် အနီးသို့ရောက်လာသော ပိုးကောင်များကို ရုတ်ခြည်း ခုန်အုပ်၍ ဖမ်းကာ အရှင်လတ် လတ် ကိုက်စားလိုက်လေသည်။ တစ်ဖန် မူလအနေအထား အတိုင်း ပြန်နေကာ သားကောင်ကို စောင့်နေပြန်သည်။ အခြား ပိုးကောင်များကို ရက်စက်စွာ သတ်ဖြတ်စားရုံသာမက မိမိတို့ အချင်းချင်းလည်း အသေအကြေ တိုက်ခိုက်ကြ၍ ရှုံးသော အကောင်ကို နိုင်သောအကောင်က စားတတ်ကြသည်။ မောင်းထောင်းကောင် အမသည် ဆာလောင်မွတ်သိပ်သည့်အခါ မိမိနှင့် မိတ်လိုက်သော မောင်းထောင်းကောင် အဖိုကိုပင် မညှာမတာ သတ်ဖြတ်စားသောက်တတ်သည်။

မောင်းထောင်းကောင်သည် မိမိနေသော အပင်၏ အကိုင်းအခက်၊ အရွက်အလက်များနှင့် အရောင်ချင်းတူသောကြောင့် ရုတ်တရက် မမြင်နိုင်ချေ။ အမများသည် ဥများကို အစုလိုက်ဥ၍ မိမိတို့ကိုယ်မှထွက်သော အစေးဖြင့် သစ်ပင် အကိုင်းအခက်များတွင် ကပ်ထားကြသည်။ ဥမှပေါက်ခါစ မောင်းထောင်းကောင်ကလေးများပင် ပိုးကောင်များကို သတ်ဖြတ်စားသောက်တတ်ကြသည်။ ယင်းတို့၏ ဘဝဖြစ်စဉ်သည် ပုရစ်၊ နှံကောင်တို့ကဲ့သို့ အသွင်ပြောင်းခြင်း မရှိချေ။[၁]


ကိုးကား ပြင်ဆင်ရန်

  1. မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၆၅)။ "မောင်းထောင်းကောင်"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ စာပေဗိမာန်ပုံနှိပ်တိုက်ရန်ကုန်မြို့။: စာပေဗိမာန်