မျက်ခမ်းစပ်ရောဂါကို ကြမ်းတမ်းသော မျက်ခွံအတွင်းသားရောင်ရမ်းနာအီဂျစ်လူမျိုး မျက်လုံးရောင်ရမ်းနာ[၁] နှင့် အမြင်အာရုံကွယ်စေသော မျက်ခမ်းစပ်ရောဂါ ဟုလည်း ခေါ်သည်။ ၎င်းမှာ Chlamydia trachomatis (English)[၂] ဟုခေါ်သော ဘက်တီးရီးယားကြောင့် ဖြစ်ပွားသော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ ဤကူးစက်ရောဂါသည် မျက်ခွံအတွင်းလွှာရှိ ဂရမ်နူလေးရှင်းတစ်ရှူးဟုခေါ်သော မျက်နှာပြင်ကို ကြမ်းတမ်းစေသည်။ ဤသို့မျက်နှာပြင် ကြမ်းတမ်းလာသောကြောင့် မျက်လုံးနာခြင်း၊ မျက်ကြည်လွှာ ပျက်စီးခြင်းနှင့် အမြင်အာရုဏ်ကွယ်ခြင်းတို့ပါ ဖြစ်နိုင်သည်။[၂]

မျက်ခမ်းစပ်ရောဂါ
In-turned eyelid and eyelashes as a result of trachoma
အထူးပြုကူးစက်ရောဂါ, ophthalmologist Edit this on Wikidata

ဖြစ်ပေါ်ရသောအကြောင်းရင်း ပြင်ဆင်ရန်

မျက်ခမ်းစပ်ရောဂါဖြစ်နေသူ၏ မျက်လုံးနှင့် နှာခေါင်းကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ဖြစ်စေ ထိတွေ့ပါက မျက်ခမ်းစပ်ရောဂါပိုး ကူးစက်နိုင်သည်။[၂] သွယ်ဝိုက်၍ထိတွေ့ခြင်းဆိုသည်မှာ မျက်ခမ်းစပ်ရောဂါဖြစ်နေသူ၏ မျက်လုံးနှင့် နှာခေါင်းကို ထိတွေ့ထားသော အဝတ် သို့မဟုတ် ယင်ကောင်မှတဆင့် ကူးစက်ခြင်းဖြစ်သည်။[၂] ဤရောဂါကို နှစ်ပေါင်းများစွာ ခံစားရနေသူသည် မျက်ခွံတွင် အမာရွတ်ဖြစ်လာပြီး မျက်တောင်မွှေးများ မျက်လုံးကို ပွတ်တိုက်တတ်သည်။[၂] ဤရောဂါသည် လူကြီးများထက် ကလေးများတွင် ပို၍ဖြစ်ပွားလေ့ရှိသည်။[၂] မိလ္လာနှင့်ရေဆိုးစနစ်စီမံမှု ကောင်းစွာမရှိခြင်း၊ ပြည့်ကျပ်စွာ နေထိုင်ခြင်းနှင့် မသန့်ရှင်းသော ရေနှင့် အိမ်သာများ အသုံးပြုခြင်းမှလည်း ရောဂါကူးစက်နိုင်သည်။[၂]

ကြိုတင်ကာကွယ်ခြင်းနှင့် ကုသခြင်း ပြင်ဆင်ရန်

သန့်ရှင်းသော ရေကို ပေးဝေခြင်းဖြင့် ဤရောဂါကို ကာကွယ်နိုင်ပြီး ရောဂါခံစားနေရသူများကို ပဋိဇီဝဆေး တိုက်ကျွေးခြင်းဖြင့် ကုသနိုင်သည်။ [၂] ရောဂါကုသရာတွင် ရောဂါဖြစ်လေ့ရှိသော လူများအားလုံးကို တပြိုင်နက်ကုသရမည်။[၃] ရေဖြင့် သန့်ရှင်းအောင် ဆေးကြောခြင်းတစ်မျိုးထဲဖြင့် ဤရောဂါကို မကာကွယ်နိုင်သော်လည်း အခြားရောဂါကာကွယ်ရေးနည်းလမ်းများဖြင့် အတူဆောင်ရွက်ခြင်းဖြင့် ကာကွယ်နိုင်သည်။[၄] အဇီသရိုမိုင်စင်သောက်ဆေး သို့မဟုတ် တက်ထရာစိုင်ကလင်းလိမ်းဆေးဖြင့် ကုသနိုင်သည်။[၃] အဇီသရိုမိုင်စင်သည် တစ်ကြိမ်သာ သောက်သုံးရန်လိုအပ်သဖြင့် ရောဂါကုသရာတွင် ပိုအသုံးဝင်သည်။ [၅] အကယ်၍ မျက်ခွံပေါ်တွင် အမာရွတ်ပေါ်လာပါက မျက်တောင်မွှေးများ နေရာမှန်ရောက်အောင် ခွဲစိက်ကုသခြင်းဖြင့် အမြင်အာရုဏ်ကွယ်ခြင်းမဖြစ်အောင် ကာကွယ်နိုင်သည်။[၂]

ရောဂါ ဖြစ်ပွားမှုနှုန်း၊ ကူးစက် ပြန့်ပွားမှု နှင့် ရောဂါသမိုင်း ပြင်ဆင်ရန်

ကမ္ဘာအနှံ့တွင် ဤရောဂါဖြစ်ပွားသူများ သန်းပေါင်း ၈၀ခန့်ရှိသည်။[၆] တချို့နေရာများတွင် ကလေးပေါင်း ၆၀-၉၀ ရာခိုင်နှုန်းခန့် ဤရောဂါဖြစ်ပွားနေပြီး အမျိုးသားများထက် အမျိုးသမီးများက ကလေးများနှင့် ပို၍ထိတွေ့မှုရှိသောကြောင့် ပို၍အဖြစ်များသည်။[၂] လူပေါင်း ၂.၂ သန်းခန့်မှာ ဤရောဂါကြောင့် အမြင်အာရုဏ် ချို့ယွင်းနေပြီး လူပေါင်း ၁.၂ သန်းခန့်မှာ လုံးဝ အမြင်အာရုဏ်ကွယ်သွားကြသည်။[၂] ဤရောဂါသည် အာဖရိကတိုက်၊ အာရှတိုက်၊ အမေရိကတိုက် အလယ်နှင့် တောင်ပိုင်းတို့ရှိ နိုင်ငံပေါင်း ၅၃ နိုင်ငံတွင် ဖြစ်ပွားနေပြီး လူပေါင်း သန်း၂၃၀မှာ ဤရောဂါဖြစ်နိုင်ခြေရှိသည်။[၂] ဤရောဂါကြောင့် အမေရိကနိုင်ငံတွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၈သန်းခန့် ကုန်ဆုံးနေသည်။ [၂] ဤရောဂါသည် လျှစ်လျူရှူခံထားရသော အပူပိုင်းဒေသရှိ ရောဂါများ ဟုခေါ်သော ရောဂါအုပ်စုတွင် ပါဝင်သည်။[၆]

ကိုးကား ပြင်ဆင်ရန်

  1. Swanner၊ Yann A. Meunier ; with contributions from Michael Hole, Takudzwa Shumba & B.J. (2014)။ Tropical diseases : a practical guide for medical practitioners and students။ Oxford: Oxford University Press, USA။ p. 199။ ISBN 9780199997909
  2. ၂.၀၀ ၂.၀၁ ၂.၀၂ ၂.၀၃ ၂.၀၄ ၂.၀၅ ၂.၀၆ ၂.၀၇ ၂.၀၈ ၂.၀၉ ၂.၁၀ ၂.၁၁ ၂.၁၂ Blinding Trachoma Fact sheet N°382World Health Organization (November 2013)။ 14 March 2014 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Evans JR1, Solomon AW (March 2011). "Antibiotics for trachoma". Cochrane Database Syst Rev 16 (3): CD001860. doi:10.1002/14651858.CD001860.pub3. PMID 21412875. 
  4. Ejere, HO (Apr 18, 2012). "Face washing promotion for preventing active trachoma.". The Cochrane database of systematic reviews 4: CD003659. doi:10.1002/14651858.CD003659.pub3. PMID 22513915. 
  5. Mariotti SP (November 2004). "New steps toward eliminating blinding trachoma". N. Engl. J. Med. 351 (19): 2004–7. doi:10.1056/NEJMe048205. PMID 15525727. 
  6. ၆.၀ ၆.၁ Fenwick, A (Mar 2012). "The global burden of neglected tropical diseases.". Public health 126 (3): 233–6. doi:10.1016/j.puhe.2011.11.015. PMID 22325616.