ပြဒါးဖိတ်စဉ်၍ အစိတ်စိတ်ကွဲသွားသောအခါ အလုံးကလေးများအဖြစ်တည်နေ သည်ကို မြင်ဘူးကြပေမည် ။ ထိုအလုံးကလေးများကို ထပ်မံခွဲစိတ်ပြန်သော်လည်း အလုံးကလေးများပင် ဖြစ်မြဲဖြစ်နေကြပေလိမ့်မည် ။ အလုံးကလေးများကို အချင်းချင်း ထိစေသောအခါ၌လည်း တစ်ခုနှင့် တစ်ခု စုပေါင်း၍ အရွယ်ကြီးလာ သည့်တိုင်အောင် အလုံးပင် ဖြစ်နေသည်ကို တွေ့ရပေလိမ့်မည် ။ တစ်ဖန် ငြိမ် သက်နေသော ရေ၏ မျက်နှာပြင်ပေါ်သို့ အပ်ကလေးတစ်ချောင်းကို ဖြည်းည|င်းစွာ ချကြည့်သောအခါ အပ်ကလေးသည် ရေထဲသို့နစ်မြုပ်မသွားဘဲ ရေပေါ်၌ ပေါ်လျက်ရှိသည်ကို စမ်းသပ် တွေ့မြင်နိုင်ပေသည်။ ထိုသို့သော အခြင်းအရာ များမှာ မျက်နှာပြင် တင်းအားကြောင့်ပင် ဖြစ်သည်။

ဒြဗ်ဝတ္ထုမှန်သမျှတို့သည် မော်လီကျူးများဖြင့် ဖွဲ့စည်းထားသည့် အစုအဝေးများ ဖြစ်ကြသည်။ ထိုမော်လီကျူးတို့သည် အချင်းချင်း ဆွဲငင်လျက် ရှိကြ၏။ သို့သော် အရည်နှင့် ဓာတ်ငွေ့တို့ကို နှိုင်းရှည့်ကြည့်လျှင် အရည်တွင်ပါရှိသော မော်လီကျူးတို့၌ ဓာတ်ငွေ့တွင် ပါရှိသော မော်လီကျူးတို့ထက် ဆွဲအားပို၍ ကြီးကြသည်ကို တွေ့ရသည်။ အရည်တစ်ခုတွင် မျက်နှာပြင် အနီး၌ ရှိကြသော မော်လီကျူးတို့သည် မျက်နှာပြင်ပေါ်တွင် ရှိကြသော မော်လီကျူးတို့ကို ဆွဲငင် ကြသည်။ ထိုကြောင့် မျက်နှာပြင်တွင် မော်လီကျူးများ ပိုမိုစုရုံးကြရာမှ မျက်နှာပြင်သည် အရေပါးကလေးလွှမ်းထားသည့်ပမာ တင်းပြီးရှိနေလေသည်။

ဤသို့ တင်းနေမှုကို မျက်နှာပြင်တင်းအားဟုခေါ်၏။ အရည်အသီးအသီးတွင် ရှိသော မျက်နှာပြင်တင်းအားတို့သည် မော်လီကျူးတို့၏ ဆွဲငင်အားကိုလိုက်၍ တစ်ခုနှင့်တစ်ခု မတူကြပေ ။ မျက်နှာပြင်တင်းအားသည် မျက်နှာပြင်ကို နေရာ အကျည်းဆုံးယူအောင် မျက်နှာပြင် အကျဉ်းဆုံးဖြစ်၏။ ထိုကြောင့် ပြဒါးကို အစိတ်စိတ် ခါဲ့ကြည့်ရာ၌သော်လည်းကောင်း၊ အရည်များကို အစက်ချကြည့်လျှင် သော်လည်းကောင်း၊ ဆပ်ပြာရည်ကို ပူဖောင်းမှုတ်ကြည့်လျှင်သော်လည်းကောင်း စက်ဝိုင်းလုံးပုံသာ ဖြစ်သွားသည်ကို တွေ့မြင်ရခြင်းဖြစ်လေသည်။ အပ်ကလေးကို ရေမျက်နှာပြင်ပေါ်သို့အသာချကြည့်စဉ်က ပေါ်နေနိုင်ခြင်းမှာလည်း တင်းနေသော ရေမျက်နှာပြင်သည် ကွဲပြတ်ပျက်ပြားသွားခြင်း မရှိသေးသည့်အတွက်ကြောင့် ဖြစ် လေသည်။[၁]


ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)