ဦးမျိုးမြင့်ဦးသည် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းကို နစကက ၂၀၂၂ခုနှစ် ဩဂုတ် ၅ရက်နေ့တွင် ခန့်အပ်ခဲ့ပြီး  ၂၀၂၃ ဩဂုတ် ၃ရက်နေ့ တွင် အနားပေးခဲ့သည်။ [၂] [၃]ဦးမျိုးမြင့်ဦးသည် စွမ်းအင်ဝန်ကြီးဌာန နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။[၄]


မျိုးမြင့်ဦး
စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၅ ဩဂုတ် ၂၀၂၂ – ၃ ဩဂုတ် ၂၀၂၃
သမ္မတဦးမြင့်ဆွေ (ယာယီ)
လက်ထောက်ဦးသန့်စင်
ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဦးသောင်းဟန်
ဆက်ခံသူဦးကိုကိုလွင် [၁]
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး
တာဝန်သက်တမ်း
၂၂ ဩဂုတ် ၂၀၁၃ – ၂၃ ဇွန် ၂၀၂၀
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၂၃ ဇွန် ၁၉၆၀&#၁၆၀;(၁၉၆၀-၀၆-၂၃) (အသက် ၆၃)
လူမျိုးမြန်မာ
ကြင်ဖော်(များ)ဒေါက်တာဥမ္မာမေတင်လှိုင်
သားသမီးလင်းဟေသီဦး(Ausi)

ပညာရေးနှင့်အလုပ်အကိုင် ပြင်ဆင်ရန်

ဦးမျိုးမြင့်ဦးသည် ရန်ကုန်တက္ကသိုလ် ကျောင်းဆင်းတစ်ဦးဖြစ်သည်။ ဘူမိဗေဒဘာသာဘွဲ့ကို ၁၉၈၁ ခုနှစ်တွင် ရရှိခဲ့သည်။ယင်းနောက် မဟာဘွဲ့ကို ထိုင်းတက္ကသိုလ်မှ ရယူခဲ့သည်။ဦးမျိုးမြင့်ဦးသည် ဗိုလ်လောင်းသင်တန်းသို့ တက်ရောက်ခဲ့သူဖြစ်သည့်အပြင် ဗိုလ်မှူးဘဝဖြင့် အငြိမ်းစားယူကာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း သို့ အစိုးရဝန်ထမ်းအဖြစ် ပြောင်းရွှေ့လာသူလည်းဖြစ်သည်။ ၂၀၁၃ခုနှစ် ဩဂုတ် ၂၂ရက်နေ့တွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ညွှန်ကြားရေးမှူး(ကမ်းလွန်)တာဝန်မှ ဦးဆောင်ညွှန်ကြားရေးမှူးအစမ်းခန့် အဖြစ်သို့လည်းကောင်း[၅]၊၂၀၁၄ ဩဂုတ် ၂၈ရက်နေ့တွင် ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ်သို့ အတည်ပြုခန့်အပ်ခြင်းကို ခံရသည်[၆]။ထိုရာထူးနှင့်ပင် ၂၀၂၀ ဇွန် ၂၃ ရက်တွင် ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူခဲ့သည်။

ပုဂ္ဂိုလ်ရေးဘဝ ပြင်ဆင်ရန်

ဇနီးဖြစ်သူမှာ ဒေါက်တာဥမ္မာမေတင်လှိုင်ဖြစ်ပြီး သမီးတစ်ဦးရှိသည်။

ပိတ်ဆို့ခံရမှုများ ပြင်ဆင်ရန်

၂၀၂၃ ဇန်နဝါရီ ၃၁ရက်တွင် အမေရိကန်ပြည်ထောင်စု [၇] [၈] နှင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ဥရောပသမဂ္ဂ (EU) တို့က ဦးမျိုးမြင့်ဦးအား ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုစာရင်းတွင် ထည့်သွင်းခဲ့သည်။ [၉] [၁၀]

ကိုးကား ပြင်ဆင်ရန်

  1. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆၁ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၂ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်) ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းMOI Myanmar (၃ ဩဂုတ်၂၀၂၃)။ ၃ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. SAC appoints U Myo Myint Oo as Union Minister for EnergyEleven Media Group (6 August 2022)။ 26 Feb 2023 တွင် ပြန်စစ်ပြီး။
  3. စစ်ကောင်စီအဖွဲ့ဝင်အချို့နှင့်ဝန်ကြီးအချို့ ရာထူးမှဖယ်ရှားခံရNew Day Myanmar (၂ ဩဂုတ် ၂၀၂၃)။ 2 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေးMINISTRY OF ELECTRICITY AND ENERGY (၁၅ ဖေဖော်ဝါရီ ၂၀၂၀)။ 26 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၆ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. နိုင်ငံတော်သမ္မတရုံးအမိန့်ကြော်ငြာစာအမှတ်၆၉/၂၀၁၃ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများပြောင်းရွှေ့ခန့်ထားခြင်းနှင့်ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးခန့်ထားခြင်းပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်း မှတ်ပုံတင်နံပါတ် ၃၉၊အမှတ် ၃၇၊အတွဲ ၃၆ (၂၂ ဩဂုတ်၂၀၁၃)။ ၂၆ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. နိုင်ငံတော်သမ္မတရုံးအမိန့်ကြော်ငြာစာအမှတ်၆၁/၂၀၁၄ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများပြောင်းရွှေ့ခန့်ထားခြင်း၊ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးအတည်ပြုခန့်ထားခြင်းနှင့်ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများခန့်ထားခြင်းပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်း မှတ်ပုံတင်နံပါတ် ၃၉၊အမှတ် ၃၉၊အတွဲ ၆၇ (၂၈ ဩဂုတ် ၂၀၁၄)။ ၂၆ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. Treasury Sanctions Officials and Military-Affiliated Cronies in Burma Two Years after Military CoupU.S. DEPARTMENT OF THE TREASURY (31 January 2023)။ 26 Feb 2023 တွင် ပြန်စစ်ပြီး။
  8. US hits Myanmar with new sanctions on coup 2nd anniversaryMizzima (1 Feb 2023)။ 26 Feb 2023 တွင် ပြန်စစ်ပြီး။
  9. OO, Myo MyintOpenSanctions။ 26 Feb 2023 တွင် ပြန်စစ်ပြီး။
  10. စစ်ဗိုလ်ချုပ်များနှင့် လက်နက်ပွဲစားများကို အီးယူ ထပ်မံ ဒဏ်ခတ်ပိတ်ဆို့ဧရာဝတီ (၂၁ ဖေဖော်ဝါရီ ၂၀၂၃)။ ၂၆ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။