ခရစ်နှစ် ၁၉၇၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်၊ မြန်မာ သက္ကရာဇ် ၁၃⁠၃၈ ခုနှစ်၊ တော်သလင်း လပြည့်ကျော် ၃ ရက်၊ သောကြာနေ့ နံနက် ၆ နာရီ ၅၅ မိနစ်တွင် ရန်ကုန်မြို့၌ ဖွားမြင်သည်။ အဘ ဦးမျိုးညွန့် (ကွယ်လွန်) အမိ ဒေါ်အေးမိချို တို့မှ ဖွားမြင်သော သားသမီး သုံးဦးအနက် အကြီးဆုံးသား ဖြစ်သည်။

မျိုးသာထက်
မွေးဖွား (၁၉၇၆-0၉-၁၀) စက်တင်ဘာ ၁၀၊ ၁၉၇၆ (အသက် ၄၇)
အလုပ်အကိုင်ဘီဘီစီ သတင်းဌာန(မြန်မာပိုင်းအစီအစဉ်) အယ်ဒီတာ၊ ဂျာနယ်လစ်၊ ဘာသာပြန်။
မိဘ(များ)ဦးမျိုးညွန့်+ ဒေါ်အေးမိချို

၁ ၉⁠၉၉ ခုနှစ်၊ နိုဝင်ဘာလတွင် မန္တလေးသား လူငယ်တစ်စု ဦးစီး ဦးဆောင်၍ ရန်ကုန် အခြေစိုက် ထုတ်ဝေသော မြန်မာသစ် ဂျာနယ် (The New Myanmar Weekly) တွင် ဘာသာပြန် အယ်ဒီတာ အဖြစ် စတင် တာဝန် ထမ်းဆောင်ခဲ့သည်။ ထိုစဉ် မြန်မာသစ် ဂျာနယ်၏ အယ်ဒီတာချုပ်မှာ နေထွတ် ဖြစ်သည်၊ ဂျာနယ် အတွဲ (၁) အမှတ် (၁) ထွက်သည့် နေ့တွင် ဂျာနယ်၌ အလုပ် စဝင်သည်။

မြန်မာ သစ်တွင် ပထမပိုင်း အချိန်ပြည့်၊ နောက်ပိုင်း အချိန်ပိုင်း (လူကြီးများ၏ စီစဉ်မှုအရ) လုပ်ကိုင် ပြီးနောက် နှစ်⁠နှစ်နီးပါး အကြာတွင် ကမ္ဘောဒီးယားနိုင်ငံဖနွမ်းပင်မြို့ရှိ တော်ဝင် ဖနွမ်းပင် တက္ကသိုလ် (Royal University of Phnom Penh) တွင် အမေရိကန် သတင်းစာ ဆရာများ သင်ကြား ပေးသော လေးလကြာ အင်္ဂလိပ်စာ၊ အခြေခံနှင့် အဆင့်မြင့် သတင်းစာ ပညာ သင်တန်း များသို့ တက်ရောက် သင်ယူ ခဲ့သည်။

နောက် ပိုင်း ရန်ကုန် ပြန်လာပြီး အလွတ် ဘာသာပြန်၊ ပင်တိုင် ဆောင်းပါးရှင်၊ မဂ္ဂဇင်း တည်းဖြတ် စီစဉ်ပေးသူ စသည့် အလုပ်များကို လုပ်ကိုင် ပြီးနောက် ၂၀⁠၀၂ ခုနှစ် နှောင်းပိုင်းတွင် ရန်ကုန် အခြေစိုက် ထုတ်ဝေသော ဆဲဗင်းဒေး သတင်း ဂျာနယ် (7Day News) တွင် သူငယ်ချင်း အယ်ဒီတာ လှိုင်ဘွား၏ အကူအညီဖြင့် ပထမ "၇ ရက် စကားဝိုင်း ကဏ္ဍ" (ကိုယ်ပိုင် တီထွင်) စီစဉ်သူ နှင့် ပင်တိုင် ရေးသားသူ၊ နောက်ပိုင်း ထိုစဉ်က အယ်ဒီတာချုပ် ဖြစ်သူ ကိုကို (စက်မှု တက္ကသိုလ်) ၏ ဖိတ်ခေါ် ကမ်းလှမ်း မှုဖြင့် သတင်း အယ်ဒီတာ အဖြစ် စတင် တာဝန် ထမ်းဆောင်သည်၊ နောက်ပိုင်း အယ်ဒီတာချုပ်က သဘောကျ သဖြင့် ရာထူး တိုးပေး၍ တာဝန်ခံ အယ်ဒီတာ ဖြစ်လာ ခဲ့သည်။

တစ် နှစ်နှင့် သုံးလကြာ ဆဲဗင်းဒေး ဂျာနယ်တွင် လုပ်ကိုင်ပြီး နောက်တွင် အယ်ဒီတာချုပ် နှင့် အဆင်မပြေ သဖြင့် အလုပ် ထွက်သည်၊ အလွတ် ဘာသာပြန်၊ ဆောင်းပါးရှင် ခေတ္တ လုပ်ပြီးနောက် သုံးလ အကြာတွင် ထိုစဉ် အမ်အိုင်စီတီ ပါ့ခ် MICT Park ဟုခေါ်သော နည်းပညာ ရပ်ဝန်းထဲမှ အီးထရိတ် မြန်မာ e-TradeMyanmar ဟု ခေါ်တွင်သော စီးပွားရေး သတင်း အချက် အလက်များ ရောင်းချသည့် စီးပွားရေး ဆိုင်ရာ နည်းပညာ ကုမ္ပဏီ တွင် အွန်လိုင်း အယ်ဒီတာ အဖြစ် တာဝန် ထမ်းဆောင်သည်။ ထိုစဉ်က အီးထရိတ် ကို ဦးဆောင်သူ များမှာ ဦးထွန်း⁠ထွန်းနိုင်၊ ဦးသူရအောင်၊ ဦးသက်လင်းဦးနှင့် ဦးငွေထွန်း တို့ (လူငယ်တစ်စု) ဖြစ်သည်။

ဆဲ ဗင်းဒေး ဂျာနယ်တွင် အယ်ဒီတာချုပ် အပြောင်းအလဲ ဖြစ်သွား ပြီးနောက် ၂၀⁠၀၅ ခုနှစ် နှစ်ဆန်း တွင် ဆဲဗင်းဒေးသို့ ပြန်လည် ရောက်ရှိလာပြီး၊ ဂျာနယ် ထုတ်ဝေသူ နှင့် ညှိနှိုင်း သဘောတူညီ ချက်အရ ရာထူးသစ် တီထွင်ပြီး ဒုတိယ အယ်ဒီတာချုပ် အဖြစ် လုပ်ကိုင် ဆောင်ရွက် ခဲ့သည်။ ထိုစဉ်က အယ်ဒီတာချုပ်မှာ သောင်းစုငြိမ်း ဖြစ်သည်။ ဆဲဗင်းဒေးတွင် ၂၀⁠၀၉ ခုနှစ်၊ ဇွန်လကုန် အထိ တာဝန် ထမ်းဆောင် ခဲ့သည်။

၂ ၀⁠၀၉ ခုနှစ်၊ ဇူလိုင်လမှ စတင်ပြီး ဘီ⁠ဘီစီမြန်မာပိုင်းအစီအစဉ် BBC Burmese Service တွင် အစီအစဉ်မှူး အဖြစ် စတင် တာဝန် ထမ်းဆောင်သည်။ ၁၀ နှစ် နီးပါးကြာ ဂျာနယ်၊ မဂ္ဂဇင်းများတွင် ဘာသာပြန်၊ အင်တာဗျူးသူ၊ သတင်း ဆောင်းပါး ရေးသူ၊ အတွေး အမြင် ဆောင်းပါး ရေးသူ၊ အယ်ဒီတာ စသည့် ပုံနှိပ်ဘက် ဆိုင်ရာ ဂျာနယ်လစ် အဖြစ် လုပ်ကိုင် ပြီးနောက် ရေဒီယို ဂျာနယ်လစ် ဖြစ်လာ ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဘီ⁠ဘီစီ မြန်မာပိုင်း အစီအစဉ် ဌာနမှူးမှာ ဒေါ်တင်ထားဆွေ ဖြစ်သည်။

၂၀၁၃ မေတွင် လန်ဒန်ဘီဘီစီမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ၂၀၁၄ မတ်လကုန်အထိ တနှစ်နီးပါး မည်သည့်သတင်းဌာနတွင်မှ အလုပ်မဝင်ဘဲ သတင်းစာပညာဆိုင်ရာ အတွေ့အကြုံနှင့် စာအုပ်များ ရေးသားခဲ့သည်။ ‘လန်ဒန်ဘီဘီစီရောက် မြန်မာသတင်းထောက်’ စာအုပ်မှာ ထင်ရှားပြီး၊ အခြားစာအုပ် သုံးအုပ်ကိုလည်း ယင်းတနှစ်အတွင်း ရေးသားထုတ်ဝေခဲ့သည်။

၂၀၁၄ ဧပြီမှ ၂၀၁၆ ဇွန်လကုန်အထိ နှစ်နှစ်နှင့် သုံးလအကြာ DVB Debate မူဝါဒရေးရာ ရုပ်သံဒီဘိတ်များကို တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုစဉ်က အခြားတင်ဆက်သူများမှာ သန်းဝင်းထွဋ်နှင့် မျိုးမျိုးဖြစ်သည်။ 

၂၀၁၆ ဩဂုတ်မှ စတင်ကာ မီဒီယာဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေသော Internews တွင် သတင်းစာပညာသင် သင်တန်းဆရာအဖြစ် ဆောင်ရွက်လျက်ရှိသည်။

ကိုးကား ပြင်ဆင်ရန်