မျိုးသုဉ်းရန်အန္တရာယ်ကျရောက်လုနီးပါး မျိုးစိတ်
မျိုးသုဉ်းရန်အန္တရာယ်ကျရောက်လုနီးပါး မျိုးစိတ်ဆိုသည်မှာ ဇီဝမျိုးစိတ်တစ်ခု (ဝါ) တစ်စုသည် မကြာမီအနာဂတ်ကာလ၌ မျိုးသုဉ်းအန္တရာယ် ကျရောက်နိုင်ဖွယ်ရှိကြောင်းကို နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း (IUCN)မှ ၎င်းမျိုးစိတ်အပေါ် "အန္တရာယ်ကျရောက်နိုင်ဖွယ်ရှိ (Near Threatened - NT)" ထိန်းသိမ်းစောင့်ရှောက်ရေးအမျိုးအစား သတ်မှတ်ပေးခြင်းဖြစ်သည်။ သို့ရာတွင် ယင်းသို့ သတ်မှတ်ပေးသည့် လတ်တလော အချိန်ကာလအတွက် "အန္တရာယ်ကျရောက်နေမှု အဆင့်" အနေဖြင့် အသိအမှတ်ပြုထားခြင်းမရှိပေ။[၁][၂]
ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း | |
---|---|
![]() | |
မျိုးသုဉ်းသည့် အဆင့် | |
အန္တရာယ်မြင့်မားသည့် အဆင့် | |
အန္တရာယ်နည်းပါးသည့် အဆင့် | |
အခြားသတ်မှတ်မှု အဆင့် | |
| |
ဆက်စပ်သော အကြောင်းအရာများ | |
![]() အထက်ပါ IUCN အနီရောင်စာရင်းသတ်မှတ်ချက်နှင့် အောက်ပါ NatureServe သတ်မှတ်ချက်အား နှိုင်းယှဉ်မှု ![]() | |
ဤအမျိုးအစားဝင် ဇီဝမျိုးအုပ်စုများအား ထိုက်သင့်သော ကြာမြင့်ချိန်ကာလတွင် ပြန်လည်ဆန်းစစ် အကဲဖြတ်ရန်အရေးကြီးကြောင်းကို IUCN မှ မှတ်သားထားပေးသည်။
ဓာတ်ပုံများပြင်ဆင်
အန္တရာယ်ကျရောက်နိုင်ဖွယ်ရှိသည်ဟု သတ်မှတ်ခံထားရသည့် ချောင်းဖျားဖျံ
အမေရိက သမန်းဝံပုလွေများသည် ဒေသရင်းနယ်မြေများ ဆုံးရှုံးနေခြင်းကြောင့် အန္တရာယ်ကျရောက်နိုင်ဖွယ်ရှိသည့် မျိုးစိတ်အဖြစ်သတ်မှတ်ခံထားရသည်။
ဤအမျိုးအစားအဖြစ် ၂၀၀၄ ခုနှစ်တွင် သတ်မှတ်ထားခဲ့သော မီးခိုးရောင်လင်းနို့ငယ်သည် မြောက်အမေရိက၏ ဒေသရင်းမျိုးစိတ်ဖြစ်ပြီး ယင်းတို့၏ ကျက်စားရာနယ်မြေများ ဆုံးရှုံးနေရခြင်းကြောင့် ၂၀၁၈ ခုနှစ်တွင် မျိုးသုဉ်းအန္တရာယ်ကျရောက်နိုင်သော မျိုးစိတ် (VU) အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ရသည်။[၃]
မြင်းကျား (Equus quagga ) မျိုးစိတ်
Ball python အာဖရိက စပါးကြီးမျိုးစိတ် တစ်ခုဖြစ်သည်။
ကိုးကားပြင်ဆင်
- ↑ What are The IUCN Red List Categories and Criteria?။ IUCN။
- ↑ SUMMARY OF THE FIVE CRITERIA (A-E) USED TO EVALUATE IF A TAXON BELONGS IN AN IUCN RED LIST THREATENED CATEGORY (CRITICALLY ENDANGERED, ENDANGERED OR VULNERABLE)။ IUCN။
- ↑ Myotis grisescens status။ IUCN။ 2020-08-11 တွင် ပြန်စစ်ပြီး။