အကဲဖြတ်ဆန်းစစ်ခြင်းမပြုရသေးသော မျိုးစိတ်
အကဲဖြတ်ဆန်းစစ်ခြင်းမပြုရသေးသော မျိုးစိတ် ( Not Evaluated - NE ) ဆိုသည်မှာ ဇီဝမျိုးစိတ်တစ်ခု (ဝါ) တစ်စုသည် အန္တရာယ်ကျရောက်နေသော မျိုးစိတ်များဆိုင်ရာ IUCN အနီရောင်စာရင်းတွင် အမျိုးအစားခွဲခြားဖော်ပြရန် အကဲဖြတ်ခြင်း မပြုရသေးကြောင်းကို နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း (IUCN)မှ ၎င်းမျိုးစိတ်အပေါ် ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း အမျိုးအစားသတ်မှတ်ပေးခြင်း ဖြစ်သည်။[၁][၂]
ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း | |
---|---|
![]() | |
မျိုးသုဉ်းသည့် အဆင့် | |
အန္တရာယ်မြင့်မားသည့် အဆင့် | |
အန္တရာယ်နည်းပါးသည့် အဆင့် | |
အခြားသတ်မှတ်မှု အဆင့် | |
| |
ဆက်စပ်သော အကြောင်းအရာများ | |
![]() အထက်ပါ IUCN အနီရောင်စာရင်းသတ်မှတ်ချက်နှင့် အောက်ပါ NatureServe သတ်မှတ်ချက်အား နှိုင်းယှဉ်မှု ![]() | |
ဤထိန်းသိမ်းစောင့်ရှောက်ရေး အမျိုးအစားသည် မျိုးစိတ်များအတွက် ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းမည့် အန္တရာယ်ကိုညွှန်ပြရန် IUCN မှ အကဲဖြတ်သတ်မှတ်သည့် အန္တရာယ်ကျရောက်မှု အမျိုးအစား ကိုးမျိုးထဲမှတစ်ခုဖြစ်သည်။ ၎င်းအမျိုးအစားများတွင် အရောင်ဖြင့်ဖော်ပြသော 'မျိုးသုဉ်းခြင်း' () အမျိုးအစားမှ 'အန္တရာယ်ကျရောက်နိုင်ချေမရှိ' (
) အမျိုးအစားအထိသည် အရေးယူလုပ်ဆောင်ရန် သတ်မှတ်ပေးခြင်းဖြစ်သည်။ အခြားသောသတ်မှတ်ချက်များဖြစ်သည့် 'အချက်အလက်ပြည့်စုံမှုမရှိ' (
) နှင့် 'အကဲဖြတ်ဆန်းစစ်ထားခြင်းမရှိ' (
) အမျိုးအစားများသည် အန္တရာယ်ကျမှုအဆင့်ဖော်ပြနိုင်သော အမျိုးအစားများ၌ ထည့်သွင်းသတ်မှတ်ရန် လုံလောက်အောင် မသုံးသပ်ရသေးသော မျိုးစိတ်များကို ညွှန်ပြခြင်းသာ ဖြစ်သောကြောင့် ၎င်းတို့သည် အရောင်ဖြင့်သတ်မှတ်မှုများကဲ့သို့ အကျုံးဝင်မှုမရှိပါ။[၃]

မှတ်စုနှင့် ကိုးကားချက်များ
ပြင်ဆင်ရန်- ↑ About the IUCN Red List.။ 21 September 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 October 2021 တွင် ပြန်စစ်ပြီး။
- ↑ Walker၊ Timothy (2013)။ Plant Conservation: Why It Matters and How It Works။ Timber Press။ p. 80။ ISBN 9781604692600။ 24 July 2018 တွင် ပြန်စစ်ပြီး။
- ↑ IUCN Red List Categories and Criteria: Version 3.1. (PDF) (2nd ed.)။ Gland, Switzerland and Cambridge, UK။ 2012။ ISBN 978-2-8317-1435-6။