မျောက်ငိုပင်

အပင်မျိုးစိတ်များ
Duabanga grandiflora
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Myrtales
မျိုးရင်း: Lythraceae
မျိုးရင်းသေး: Duabangoideae
မျိုးစု: Duabanga
မျိုးစိတ်:
D. grandiflora
ဒွိနာမ
Duabanga grandiflora

မျောက်ငိုပင် သည် အထက် အောက် မြန်မာနိုင်ငံတွင် စမ်းချောင်းများ အနီးအနား တလျှောက်၌ အနှံ့အပြား ပေါက်သောတောသစ်ပင်များဖြစ်၍ အမြင့်ပေ ၈ဝ ခန့်အထိ ရှိသည်။ ပင်စည်လုံးပတ်မှာ ၇ ပေခန့် ရှိသည်။ မျောက်ငိုပင်သည် လစ်သရေးစီအီးမျိုးရင်း (Febaceae)တွင် ပါဝင်၍ ယင်း၏ ရုက္ခဗေဒအမည်မှာ ဒျူအာဗန်ဂါ ဆွန်နီရေးရှိအိုအိဒီး(Duabanga sonneratioides; ယခုအခါတွင် Parkia speciosa[၁][၂]) ဖြစ်သည်။

မျောက်ငိုပင်သည် မျောက်ချောပင်ကဲ့သို့ အပင်ဖျား၌သာ အကိုင်းအခတ်အရွက်တို့ ဝေဝေဆာဆာဖြာထွက်၍ ချောမွတ်ဖြောင့်မတ်ရှည်လျားသော ပင်စည်များရှိကြ သည်။ ယင်းကဲ့သို့ အပင်၏ အောက်ပိုင်းနှင့်အလယ်ပိုင်းတို့၌ ချောမွတ်သော ပင်စည်များရှိသောကြောင့် သစ်ပင်များပေါ်၌သာ ကျက်စားလေ့ရှိကုန်သော တောတိရစ္ဆာန်ဖြစ်သည့် မျောက်တို့ပင်လျှင် ငိုရလောက်အောင် လွယ်လွယ်ကူကူနှင့် မတက်နိုင် ၊ မဆင်းနိုင်သဖြင့် မျောက်ငိုပင်ဟူ၍ အမည်မှည့်ရသည်ဟု ဆိုကြသည်။ မျောက်ငိုပင်၏ အခေါက်မှာ ညို၍ချောမွတ်သည်။ အပင်ဖျားမှ အကိုင်းတို့သည် ဘေးဖက်သို့ ခပ်တန်းတန်း ထွက်လျက် အကိုင်းတို့သည် ဘေးဖက်သို့ ခပ်တန်းတန်းထွက်လျက် အကိုင်းဖျားတို့မှာ ညွှတ်ကျနေသည်။

မျောက်ငိုသား၏ အရောင်သည် မွဲပြာရောင်ဖြစ်၍ အစင်းကြောင်းများပါသည်။ သစ်သားပျော့ဖြစ်သဖြင့် မီးခြစ်နှင့် သုံးထပ်သားများ ပြုလုပ်ရာတွင် အသုံးဝင်သည်။ အသားသေအောင် ပြုလုပ်ရာ၌ မျောက်ချောသားကဲ့သို့ ကောက်ကွေးကွဲအက်ခြင်း မရှိသော်လည်း စွန်းကွက်လွယ်သော သစ်သားဖြစ်သည်။ အသားကြမ်းသည်ဟု ဆိုရသော်လည်း ပြုပြင်ရလွယ်၍ အရောင်တင်နိုင်သဖြင့် အိမ်အသုံးအဆောင်များပြုလုပ်ရန် အသုံးကျသည်။ ပျဉ်ခွဲရန်နှင့် သေတ္တာများ၊ ရေတွင်းဘောင်များ၊ လှေများ၊ လှော်တက်များ လုပ်ရန်အသုံးဝင်သော သစ်ပင်ဖြစ်သည်။ မြန်မာနိုင်ငံအထက်ပိုင်းရှိ ကသာနယ်တွင် ပေါက်ရောက်သော မျောက်ငိုပင်များကို အောက်ချင်းစာပင်ဟူ၍ လည်းခေါ်ဝေါ်ကြသည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. Hassler, M. (2019). World Plants: Synonymic Checklists of the Vascular Plants of the World (version Nov 2018). In: Species 2000 & ITIS Catalogue of Life, 2019 Annual Checklist (Roskov Y., Ower G., Orrell T., Nicolson D., Bailly N., Kirk P.M., Bourgoin T., DeWalt R.E., Decock W., Nieukerken E. van, Zarucchi J., Penev L., eds.). Digital resource at http://www.catalogueoflife.org/annual-checklist/2019 Species 2000: Naturalis, Leiden, the Netherlands. ISSN 2405-884X.
  2. Duabanga grandiflora Buch.-Ham. (Plants of the World Online, Kew Science). Accessdate 18 December 2019
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)