မြကန်
မြကန်သည် မြန်မာနိုင်ငံ ပုဂံဒေသရှိ ရှေးခေတ်ရေကန်တစ်ကန် ဖြစ်ပြီး တုရင်တောင် အနောက်ဘက်တွင် တည်ရှိသည်။ ထိုမြကန်အား ထီးလှိုင်ရှင် ကျန်စစ်သားမင်းကြီး ကိုယ်တိုင် ဦးဆောင်လျက် ပုဂံသူ ပုဂံသားတို့ စီမံပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မြကန်၏ မူလအမည်မှာ မဟာနိဗ္ဗာန လက်ဆွဲချီရေ (မဟာနိဗ္ဗာန် လက်ဆွဲချီကန်)ဟု ကျောက်စာများ၌ တွေ့ရသည်။ မြကန်သည် ပိုက်လှမ်းတောင်အား တာတမံ အရံအတားမျိုး ပိတ်ဆို့ကာဆီး၍ စီမံထားသော တစ်ဖက်ဆည်ကန် ဖြစ်သည်။ မြကန်ကို အမရကန်ဟုလည်း ခေါ်ကြသည်။ (မ−မရဏ) သေခြင်းမရှိသော ဟူ၍လည်း အနက်အဓိပ္ပာယ် ဖွင့်ဆိုကြသည်။ သက္ကရာဇ် ၅၉၈−ခုနှစ်တွင် ပုဂံကျစွာမင်းကြီးက မြကန်ကို ပြန်လည်၍ ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ခဲ့သည်။ မြကန်အနီးတွင် ကျစွာမင်းကြီး၏သမီးတော် သံပျင်မင်းသမီး ကောင်းမှုတော် (သမ်းတော်မူ)ဘုရားစေတီ တစ်ဆူရှိသည်။
အစောဆုံး မြန်မာအက္ခရာ
ပြင်ဆင်ရန်ရာဇကုမာရ် ကျောက်စာမျှ သိပ်မထင်ရှားသော ကျန်စစ်သားမင်း၏ မြကန် မွန်ကျောက်စာမှာ ရေကန်အမည်ကို မဟာနိဗ္ဗာန် လက်ဆုယ်ခိရိယ် ( မူရင်း အတိုင်း) ဟု တွေ့ရသည်မှာ အစောဆုံး မြန်မာ အက္ခရာဟု ပြောနိုင်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ ရေနံ့သာဝင်းမောင်။ စွယ်တော်ငါးဆူ ပြည့်(၅)ပြည့်။