မြဂနိုင်

၁၉၃၄ခုနှစ်ထုတ် ဗမာ့အသံတိတ်ရုပ်ရှင်

မြဂနိုင် သည် ၁၉၃၄ ခုနှစ်က ရိုက်ကူးခဲ့သော မြန်မာအဖြူအမည်း အသံတိတ်ရုပ်ရှင်ဇာတ်ကားတစ်ခု ဖြစ်သည်။[၁] မြဂနိုင် ရုပ်ရှင်ကို ယူနက်စကို ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ၏ အာရှ ပစိဖိတ်ဒေသဆိုင်ရာ အမွေအနှစ် အဖြစ် ၂၀၁၈ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။

မြဂနိုင်
မြဂနိုင် ရုပ်ရှင်ပိုစတာ
အခြေခံအချက်အလက်
ဒါရိုက်တာအေဝမ်းတင်မောင်
စာရေးသူဒဂုန် မြတ်လေးနွယ် (ဇာတ်ညွှန်း)
သရုပ်ဆောင်ချစ်ဆွေ
မြင့်မြင့်
ကြာမြင့်ချိန်
၉၇ မိနစ်
နိုင်ငံမြန်မာ
ဘာသာစကားမြန်မာ
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
၁၉၃၄
ထုတ်ဝေသူမြန်မာအဆွေအေဝမ်းဖလင်

မြဂနိုင် ရုပ်ရှင်ကို ဒဂုန် မြတ်လေးနွယ် က ဇာတ်ညွှန်းရေးသားခဲ့ပြီး အေဝမ်းတင်မောင် က ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။ ရုပ်ရှင်ကားတွင် ချစ်ဆွေ၊ မြင့်မြင့်၊ ဖူး၊ စိုင်တမော့၊ မြိုင်ရာဇာဘိုးစော၊ ဒေါ်ဂျမ်းစိန် တို့ ပါဝင်သရုပ်ဆောင်ကြသည်။ မြန်မာအဆွေအေဝမ်းဖလင်မှ မြဂနိုင် ဇာတ်ကားကို ၁၉၃၄ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင် ပလာဇာရုံ၌ တင်ဆက်ခဲ့သည်။[၂] စတင်ရိုက်ကူးစဉ်က အသံတိတ်ရုပ်ရှင်ဖြစ်ပြီး နောက်ခံ သီချင်းကို ၁၉၅၄ ခုနှစ်တွင် ထည့်သွင်းခဲ့ကာ စကားပြောခန်းများကို ၁၉၇၀ ခုနှစ်မှာ ထပ်မံ ဖြည့်စွက်ခဲ့သည်။[၃]

အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရခြင်း ပြင်ဆင်ရန်

အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ် ကော်မတီ (MOWCAP) ၏ အဋ္ဌမ အကြိမ်မြောက် အထွေထွေအစည်းအဝေးကို မေ ၂၉ ရက်မှ ဇွန် ၁ ရက် အထိ တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ တင်သွင်းသော အာနန္ဒစန္ဒြကျောက်စာနှင့် ၁၉၃၄ ခုနှစ်တွင် ရိုက်ကူးခဲ့သော မြဂနိုင်ရုပ်ရှင်တို့အား အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။[၄]

ကိုးကား ပြင်ဆင်ရန်

  1. ဇော်ထက် (၄ ဇွန် ၂၀၁၈)။ “မြဂနိုင်”မြန်မာရုပ်ရှင် ယူနက်စကို အမွေအနှစ်စာရင်းသွင်းခံရဗွီအိုအေ မြန်မာပိုင်း။ ၂၃ ဇွန် ၂၀၁၈ တွင် ပြန်စစ်ပြီး။
  2. ကျော်သန်းမြင့် (ဗန်းမော်) (ဖေဖော်ဝါရီ ၂၀၀၇)။ မြန်မာ့ ရုပ်ရှင် ငွေကြယ်ပွင့်တို့ ရုပ်ပုံလွှာများ (ပထမအကြိမ် ed.)။ Unknown parameter |piblisher= ignored (အကူအညီ)
  3. ယုဖြူဟန် (၆ ဇွန် ၂၀၁၈)။ ပထမဆုံး ယူနက်စကို စာရင်းဝင်ခဲ့တဲ့ မြန်မာ့အသံတိတ် ရုပ်ရှင် “မြဂနိုင်”။ ဧရာဝတီသတင်းဌာန။ ၂၃ ဇွန် ၂၀၁၈ တွင် ပြန်စစ်ပြီး။
  4. မြောက်ဦးမြို့ ရှစ်သောင်းဘုရားရှိ အာနန္ဒစန္ဒြကျောက်စာအား အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရ။ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတရုံး (၇ ဇွန် ၂၀၁၈)။ 2 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၃ ဇွန် ၂၀၁၈ တွင် ပြန်စစ်ပြီး။