မြန်မာကာတွန်းဆရာတစ်ဦးဖြစ်သူ ကာတွန်းဦးမြင့်စိုးလေးကို (၁၉၄၁)ခုနှစ်၊ ဖေဖော်ဝါရီလ(၁၉)ရက်တွင် မွေးဖွား ခဲ့သည်။ အဖ ဦးပါ၊ အမိ ဒေါ်ခင်ကြည်တို့၏ သားဖြစ်သည်။ ပဲခူးတိုင်းဖောင်တော်သီဇာတိ ဖြစ်သည်။

ကာတွန်းပညာကို ကာတွန်းဦးဟိန်စွန်းကာတွန်းဦးဖေသိန်းကာတွန်းဦးဘထွေးတို့၏လက်ရာများအား လေ့လာဆည်းပူးခဲ့သည်။ (၁၉၆၅)ခုနှစ်၊ ကြေးမုံသတင်းစာတွင် ကာတွန်းစတင်ရေးဆွဲသည်။ သတင်းစာများ တွင် ကိုယ်ပိုင်ဟန်လိုင်းသစ်ဖြင့် ရေးဆွဲသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကာတွန်းများ အထူးအောင်မြင် ထင်ရှားခဲ့သည်။ (၂၀ဝ၆)ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ကာတွန်းဝင်းအောင်၏ မြန်မာကာတွန်းပေါင်းချုပ်