မြန်မာ စံတော်ချိန်

အချိန်ဇုန်
(မြန်မာစံတော်ချိန် မှ ပြန်ညွှန်းထားသည်)

မြန်မာစံတော်ချိန် ( အင်္ဂလိပ်: Myanmar Standard Time) သည် ဂရင်းနစ်စံတော်ချိန်ကို ၆ နာရီ ၃၀ မိနစ် ထပ်ပေါင်းထားသည့်အချိန်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စံတော်ချိန် ဖြစ်သည်။ တစ်နှစ်ပတ်လုံး မြန်မာတစ်နိုင်ငံလုံးတွင် တစ်သမတ်တည်း အသုံးပြုသည်။ မြန်မာစံတော်ချိန် (MMT) 97°30′E လောင်ဂျီကျူ အခြေခံဖြင့် တွက်ချက်သည်။[၁] မြန်မာစံတော်ချိန်သည် နေ့အလင်းရောင် ထိန်းသိမ်းသော အချိန်ကို လိုက်နာထားခြင်း မရှိသည့်အတွက် တစ်နှစ်ပတ်လုံး တစ်နိုင်ငံလုံးတွင် တစ်သမတ်တည်း အသုံးပြုသည်။ [၂][၃]

မြန်မာစံတော်ချိန်
အချိန်ဇုန်
UTC offset
UTCUTC+06:30
လက်ရှိအချိန်
10:29, 10 March 2024 UTC+06:30 [refresh]
Central လောင်ဂျီတွဒ်
တမ်းပလိတ်:Infobox time zone/meridian-central
Date-time group
တမ်းပလိတ်:Infobox time zone/utc-dtg

သမိုင်းကြောင်း ပြင်ဆင်ရန်

 
ရန်ကုန်မြို့ရှိ အလံပြဘုရား (၁၈၅၅ ခုနှစ်)။ အချိန်ဘောလုံးကို ဘုရားထိပ်တွင် ချိတ်ဆွဲထားသည်ကို တွေ့မြင်ရသည်။[၄]

ကိုလိုနီခေတ် မတိုင်မီ ပြင်ဆင်ရန်

မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီခေတ်မတိုင်မီက စံအချိန်မရှိပေ။ မြန်မာပြက္ခဒိန် စည်းမျဉ်းအရ ဒေသတစ်ခုစီသည် နေထွက်ချိန်၊ မွန်းတည့်ချိန်၊ နေဝင်ချိန်နှင့် သန်းခေါင်ယံအချိန်တို့ကို ခွဲခြားထားသည်။ [၅]. နေ့ကို ဗဟို ဟု ခေါ်သည့် သုံးနာရီကြာ အပိုင်းရှစ်ခု သို့မဟုတ် နာရီ ဟု ခေါ်သည့် ၂၄ မိနစ်ကြာသည့် အပိုင်း ခြောက်ဆယ် ဖြင့် ပိုင်းခြားထားသည်။ ပြက္ခဒိန်တွင် မီလီစက္ကန့်အဆင့်အထိ အချိန်ယူနစ်များ ပါဝင်သော်လည်း ဗဟို နှင့် နာရီ ကို ပိုမိုလူကြိုက်များသည်။ နာရီ တစ်ခုစီတိုင်း မောင်း တစ်ချက်တီးကာ ဗဟို တစ်ခုစီတိုင်းတွင် စည် နှင့် ခေါင်းလောင်းတို့ကို တီးခတ်သည်။ [၆]

အမျိုးအစား အချိန် မြန်မာအမည် ဖော်ပြချက်
နေ့ ၁ နာရီထိုး နံနက် တစ်ချက်တီး နေထွက်ချိန်နှင့် နေ့လယ် အကြား
၂ နာရီထိုး နေ့ နှစ်ချက်တီး မွန်းတည့်
၃ နာရီထိုး နေ့ သုံးချက်တီး မွန်းတည့်နှင့် နေဝင်ချိန် အကြား
၄ နာရီထိုး နေ့ လေးချက်တီး နေဝင်ချိန်
၁ နာရီထိုး ည တစ်ချက်တီး နေဝင်ချိန်နှင့် ညလည် အကြား
၂ နာရီထိုး ည နှစ်ချက်တီး ညလည်
၃ နာရီထိုး ည သုံးချက်တီး ညလည်နှင့် နေထွက်ချိန် အကြား
၄ နာရီထိုး နံနက် လေးချက်တီး နေထွက်ချိန်


ကိုးကား ပြင်ဆင်ရန်

  1. MFF 2002: 1
  2. USNAO 2013: 262
  3. Myanmar
  4. Kinns 2020: 544
  5. (Clancy 1906:57): The Burmese calendar recognizes two types of day: astronomical and civil. The mean Burmese astronomical day is from midnight to midnight, and represents 1/30th of a synodic month or 23 hours, 37 minutes and 28.08 seconds. The civil day comprises two halves, the first half beginning at sunrise and the second half at sunset
  6. Clancy 1906: 57