ဂရင်းနစ် မွန်းတည့်မျဉ်း၏ အရှေ့ဘက်ရှိ လောင်ဂျီတွဒ်များကို အရှေ့လောင်ဂျီတွဒ်များဟုခေါ်၍ အနောက်ဘက်ရှိ လောင်ဂျီတွဒ်များကို အနောက်လောင်ဂျီတွဒ်များဟုခေါ်ရန် သတ်မှတ်ကြသည်။ ထိုလောင်ဂျီတွဒ်များကို မြောက်နှင့်တောင် ဝင်ရိုးစွန်းများအား ဖြတ်၍ဆွဲထားကြသဖြင့် အီကွေတာဒေသရှိ လောင်ဂျီတွဒ် တစ်ခုနှင့်တစ်ခု၏ အကွာအဝေးသည် ကျယ်ဝန်း၍ မြောက်နှင့်တောင်ဘက်များရှိ နေရာများသည် ဝင်ရိုးစွန်းများနှင့် နီးကပ်သွားလေလေ တစ်ခုနှင့်တစ်ခုပို၍ နီးကပ်သွားလေလေဖြစ်သည်။ လောင်ဂျီတွဒ် တစ်ခုနှစ်တစ်ခု၏ အကွာအဝေးကို တစ်ဒီဂရီစီ ခြားထားသဖြင့် ရင်းနစ် မွန်းတည့်မျဉ်း၏ အရှေ့ဘက်တွင် ကပ်လျက်ရှိသော လောင်ဂျီတွဒ်သည် အရှေ့လောင်ဂျီတွဒ် တစ်ဒီဂရီဖြစ်၍ မွန်းတည့်မျဉ်း၏ အနောက်ဘက်တွင် ကပ်လျက်ရှိသော လောင်ဂျီတွဒ်သည် အနောက်လောင်ဂျီတွဒ် တစ်ဒီဂရီဖြစ်လေသည်။ ကမ္ဘာကြီးသည် ၂၄ နာရီတွင် တစ်ပတ်၊ သို့မဟုတ် ၃၆ဝ° ပတ် လျက်ရှိသဖြင့် တစ်နာရီတွင်(၃၆ဝ/၂၄) = ၁၅° ဖြတ်သန်းသွားလာလျက် ရှိလေသည်။ ကမ္ဘာပေါ်ရှိ လူတစ်ဦးကမူ နေက ဖြတ်သွားသည်ဟု ထင်မြင်ပေလိမ့်မည်။ ထိုကြောင့် ၁ နာရီသည် ၁၅° လောင်ဂျီတွဒ်နှင့် တူညီသည်ဟု ဆိုနိုင်ပေသည်။ တစ်ဖန် တစ်ဒီဂရီကို မိနစ် ၆ဝ(၆ဝ) အဖြစ်လည်းကောင်း၊ တစ်မိနစ်ကို စက္ကန့်၆ဝ(၆ဝ)အဖြစ်လည်းကောင်း ခွဲခြားထားကြပြန်သည်။ ထိုမိနစ်နှင့် စက္ကန့်တို့မှာ အကွာအဝေးများသာဖြစ်ကြ၍ အချိန်များ မဟုတ်ကြ ချေ။ အချိန်တစ်မိနစ်နှင့် တစ်စက္ကန့်ကိုလည်း လောင်ဂျီတွဒ် မိနစ်နှင့် စက္ကန့်တို့နှင့် မည်သို့ဆက်သွယ်တူညီပုံကို ပြနိုင်ပေသည်။ ၂၄ နာရီအချိန်သည် ၃၆ဝ° လောင်ဂျီတွဒ်နှင့် တူညီသဖြင့်
တစ်နာရီအချိန်သည် = ၁၅° လောင်ဂျီတွဒ်
လေးမိနစ်သည် = ၁° ။
တစ်မိနစ်သည် = ၁၅° ။
တစ်စက္ကန့်သည် = ၁၅° ။ ဖြစ်လေသည်။[၁]

ဝင်ရိုးစွန်းမှ ဝင်ရိုးစွန်းသို့ ဒေါင်လိုက်မျဉ်းများသည် လောင်ဂျီကျူမျဉ်းများ ဖြစ်ကြပြီး အီကွေတာနှင့်အပြိုင်မျဉ်းများသည် လတ္တီကျူမျဉ်းများ ဖြစ်ကြသည်။


ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)