မြန်မာနိုင်ငံတွင်း စီအိုင်အေ၏ လှုပ်ရှားမှုများ
မြန်မာနိုင်ငံတွင်း စီအိုင်အေ၏ လှုပ်ရှားမှုများ ဆိုသည်မှာ အမေရိကန်ပြည်ထောင်စု (The United States of America)၏ ထောက်လှမ်းရေး အဖွဲ့အစည်းများ အနက်မှ အဖွဲ့အစည်း တစ်ခုဖြစ်သော ဗဟိုထောက်လှမ်းရေးအေဂျင်စီ (Central Intelligence Agency - C.I.A)နှင့် စီအိုင်အေ မဖွဲ့စည်းမီတွင် တည်ရှိခဲ့သော ဗျူဟာအဖွဲ့ရုံး (O.S.S)၏ ဒုတိယကမ္ဘာစစ်မှ စတင်ပြီး မြန်မာနိုင်ငံအတွင်း ဆောင်ရွက်ခဲ့သော လှုပ်ရှားဆောင်ရွက်မှုများ ဖြစ်သည်။ ဗီယက်နမ်ကဲ့သို့ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင်းရှိ စီအိုင်အေ အော်ပရေးရှင်းများ နှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်မှာ အကန့်အသတ်ဖြင့်သာရှိသည်။
ဒုတိယကမ္ဘာစစ်ကာလ
ပြင်ဆင်ရန်ဒုတိယကမ္ဘာစစ်ကာလအတွင်းက ဘာမားရှိ အိုအက်စ်အက်စ်အော်ပရေးရှင်းများမှာ မြန်မာနိုင်ငံအားဂျပန်သိမ်းပိုက်မှုအား တိုက်ခိုက်ရန် အာရုံထားခဲ့သည်။ ဘာမားကမ်ပိန်းအတွင်း တိုင်းရင်းသားအုပ်စုများအကြား ဂျပန်ကျူးကျော်သူများအား ဆန့်ကျင်တော်လှန်ရေးများ စုစည်းပေးခြင်းဖြင့် ဗြိတိသျှတပ်များအား အိုအက်စ်အက်စ်က ထောက်ပံ့ပေးခဲ့သည်။ ၁၉၄၂ မြန်မာနိုင်ငံအား ဂျပန်တို့အောင်နိုင်ပြီးနောက်တွင် ဘားမားကမ်ပိန်းစတင်သည်။[၁]
နောက်ပိုင်းတွင် ထောက်လှမ်းရေးနှင့် သုတေသန လက်ထောက်အတွင်းဝန်ဖြစ်လာမည့် ရော်ဂျာဟေးလ်စ်မန်းမှာ မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားအစုအဖွဲ့အမျိုးမျိုးအကြား ဂျပန်ဆန့်ကျင်ရေး လျှို့ဝှက်တော်လှန်ရေးတပ်သားများဖွဲ့စည်းရန် ကြိုးပမ်းမှုများ၏ ဝါရင့်ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ ဤကြိုးပမ်းမှုများတွင် ပါဝင်ခဲ့မှုကြောင့် ပြောက်ကျားစစ်ဆင်ရေး သာမက သောင်းကျန်းမှုခြေမှုန်းရေးအော်ပရေးရှင်းများအတွင်း ပြည်သူ့စစ်ဖွဲ့စည်းခြင်း၏ အရေးပါမှုကိုပါ ခုံခုံမင်မင်ရှိလာခဲ့ရာ နောက်ပိုင်းကာလ ဗီယက်နမ်စစ်ပွဲအတွက် ချဉ်းကပ်ပုံများအပေါ် သက်ရောက်မှုရှိခဲ့သည်။[၂]
စစ်အေးကာလ
ပြင်ဆင်ရန်နိုင်ငံတော်လုံခြုံရေးမော်ကွန်းတိုက်မှ ထုတ်ပြန်လိုက်သော စာရွက်စာတမ်းများအရ စစ်အေးကာလအတွင်း ကွန်မြူနစ် ဝါဒီများ၏ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုအား အမေရိကန်ပြည်ထောင်စုက အစဉ်တစိုက်စိုးရိမ်ခဲ့သည်။ အဓိကစိုးရိမ်ပူပန်မှုမှာ စီးပွားရေးရာစစ်ဆင်မှုဖြစ်သည်။ ဤနိုင်ငံမှာ ဆန်စပါးအဓိကတင်ပို့သူဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံအပေါ် ကွန်မြူနစ်လွှမ်းမိုးမှုကြောင့် ဈေးကစားခြင်းနှင့် အမေရိကန်မဟာမိတ်များဖြစ်သည့် အိန္ဒိယ ၊ ဆီလွန် ၊ မလေးရှား နှင့် ဂျပန်တို့သို့ မြန်မာ့ဆန်ဖြန့်ချိရေးအား လိုသလိုကစားနိုင်မည်ကို အမေရိကန်ပြည်ထောင်စုက စိုးရိမ်ခြင်း ဖြစ်သည်။[၃]
မြန်မာနိုင်ငံရှိ ကူမင်တန်
ပြင်ဆင်ရန်ကိုရီးယားစစ်ပွဲအဆုံးသတ်သည့်အချိန်၌ စီအိုင်အေပါဝင်ပတ်သက်သည့် နောက်ဆုံးပိတ်စစ်ဆင်ရေးစစ်မျက်နှာတစ်ခုမှာ မြန်မာနိုင်ငံမြောက်ပိုင်းဖြစ်သည်။ ဤစစ်ဆင်ရေးမှာ မြောက်ပိုင်းရှိ ဗိုလ်ချုပ်ကြီး မက်အာသာ၏ တပ်ဖွဲ့များအား တိုက်ခိုက်မှုများ အားပျော့ပျက်ပြယ်သွားစေရန် ဗျူဟာမြောက်ကြိုးပမ်းမှုဖြစ်သည်။ တရုတ်မျိုးချစ်ဗိုလ်ချုပ် လိမီ၏ စစ်သား ၁၅၀၀ နီးပါးမှာ မြန်မာပြည်မြောက်ပိုင်းတွင် ပိတ်မိခဲ့ကြသည်။ မျိုးချစ်တရုတ်စစ်သားများကို စီအိုင်အေက ထိုင်းနိုင်ငံတွင် လေ့ကျင့်သင်ကြားပေးခြင်း ၊ စစ်လက်နက်တပ်ဆင်ပေးခြင်းနှင့် မြန်မာပြည်မြောက်ပိုင်းသို့ ပို့ဆောင်ပေးခြင်းများ ပြုလုပ်ခဲ့သည်။ ဘန်ကောက်မြို့ရှိ ကွန်မြူနစ်သတင်းပေးတဦး၏ ကျေးဇူးဖြင့် မော်ဝါဒီတပ်ဖွဲ့များက ၎င်းတပ်သားများအား စောင့်ဆိုင်းပြီး ထိုသူများစွာတို့အား သုတ်သင်ခဲ့ကြသည်။ စီအိုင်အေအရာရှိ ဒက်စ်မွန်ဖစ်ဂျရဲလ်က ယင်းဧရိယာအတွင်းသို့ လက်နက်များနှင့် ကျည်ဆန်များ အများအပြား ချပေးခြင်းဖြင့် အနေအထား မှန်ကန်စေရန် ကြိုးပမ်းခဲ့သည်။ သို့သော် ၎င်းတပ်သားများက တိုက်ခိုက်ရန် ငြင်းဆန်ပြီး ဧရိယာအတွင်းအခြေချနေထိုင်ကာ ဘိန်းစိုက်ပျိုးခြင်း ၊ ဒေသခံများနှင့် လက်ဆက်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ စီအိုင်အေ၏ ဆိုးဝါးသောအမှားကြောင့် နောင်နှစ် (၂၀) ကြာပြီးသည့်နောက်တွင် စီအိုင်အေက တိုက်ဖျက်ရှင်းလင်းရမည်ဖြစ်သော ဧရာမဘိန်းဖြူစိုက်ပျိုးထုတ်လုပ်မှုကို လိမီ က လုပ်ဆောင်နိုင်ခဲ့သည်။[၅]
လိမီ၏ တပ်ဖွဲ့များကို အားဖြည့်ရန် ၁၉၅၂ ခုနှစ်တွင် ထိုင်ဝမ်မှ စစ်သား ၇၀၀ အား လေကြောင်းဖြင့်ပို့ဆောင်ခဲ့သည်။ ၁၉၅၂ နှင့် ၁၉၅၃ နှစ်များ တလျောက် စစ်လက်နက်နှင့်ကျည်ဆန်များ သယ်ဆောင်လာသည့် လေယာဉ်များမှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် မိုင်းဆတ်မြို့သို့ နေ့စဉ်လိုလို ပြေးဆွဲခဲ့သည်။ ဆေးဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းများနှင့် ဆက်သွယ်ရေးပစ္စည်းများကိုလည်း လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည်။ သို့သော် ယင်းကိန်းဂဏန်းများမှာ ပိုပိုသာသာပြောဆိုခြင်းဖြစ်ကြောင်း နှင့် ၁၉၅၂ ခုနှစ်က မိုင်းဆတ်သို့ ပို့ဆောင်မှု ကြိမ်ရေ ၂၀ သာ ရှိခဲ့ပြီး လေယာဉ်တစင်းလျှင် လူ ၁၀ ဦးနှင့် ကုန် ၁ တန်သာ သယ်ဆောင်နိုင်ကြောင်း ဗိုလ်ချုပ်လိမီက ပြောဆိုခဲ့သည်။[၆]
ဓာတုလက်နက် စွပ်စွဲချက်များ
ပြင်ဆင်ရန်၁၉၈၈ စီအိုင်အေစာရွက်စာတမ်းတစောင်အရ ၁၉၈၀ အစောပိုင်းနှစ်များအတွင်း အနောက်ဂျာမဏီ၏အကူအညီဖြင့် တည်ဆောက်ထားသော အသေးစား ဓာတုလက်နက်ထုတ်လုပ်ရေးစက်ရုံ ဘားမားတွင်ရှိသည်ဟု ဆိုသည်။ အတိတ်ကာလက လောင်မီးဓာတ်ငွေ့ထုတ်လုပ်ခဲ့သော်လည်း ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ပြီးဖြစ်ကြောင်း ယင်းစာရွက်စာတမ်းက ဆိုသည်။ တပ်မတော်က တရုတ်နိုင်ငံမှ ဓာတုလက်နက်များတင်ပို့နေကြောင်း ဘားမားရှိ တိုင်းရင်းသားတော်လှန်ရေးသမားများက စွဲဆိုကြသော်လည်း ယင်းစွပ်စွဲချက်များကို စီအိုင်အေက အတည်ပြုနိုင်ခဲ့ခြင်းမရှိကြောင်းကိုလည်း ထိုစာရွက်စာတမ်းက ဆက်လက်ဖော်ပြထားသည်။[၇]
စစ်အေးလွန်ကာလ
ပြင်ဆင်ရန်၂၀၀၇ ခုနှစ် စက်တင်ဘာ ၁၀ ရက်တွင် စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းလိုသည့် ကရင် အမျိုးသား အစည်းအရုံးမှ ကရင်သောင်းကျန်းသူတပ်မှူး တစ်ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု မြန်မာအစိုးရက စီအိုင်အေအား စွပ်စွဲခဲ့သည်။[၈]
၂၀၁၀ ထွက် ဂျာမဏီနိုင်ငံ Der Spiegel က ပုံနှိပ်လိုက်သည့် စာရွက်စာတမ်းများအား ကိုးကားထားသော မီဒီယာသတင်းပေးပို့မှုများအရ ရန်ကုန်မြို့ရှိ အမေရိကန်ပြည်ထောင်စုသံရုံးမှာ တယ်လီဖုန်း နှင့် ဆက်သွယ်ရေး ကွန်ယက်များအား စောင့်ကြည့်နေသော အီလက်ထရောနစ်ထောက်လှမ်းရေးဌာနတခုဖြစ်သည်။ အထူးသတင်းစုဆောင်းရေးဌာနဟု အသိများသော အဖွဲ့မှတဆင့် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ) နှင့် နိုင်ငံတော်လုံခြုံရေးအေဂျင်စီ (အန်အက်စ်အေ)တို့က ယင်းဌာနကို ခန့်ခွဲနေခြင်းဖြစ်သည်။[၉]
၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဝီကီလိခ်ကေဘယ်လ် သတင်းအချက်အလက်များကို ဂါးဒီးယန်းသတင်းစာက ပုံနှိပ်ထုတ်ဝေလိုက်သည်။ ဧရာဝတီမြစ်ပေါ်ရှိ အငြင်းပွားဖွယ်ရာ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားစေရေးအတွက် မြန်မာအစိုးရအား ဖိအားပေးနိုင်စေရန် အရပ်ဘက်လူမှုအဖွဲ့အစည်းအချို့ကို ယူအက်စ်က အထောက်အပံ့ပေးခဲ့ကြောင်း ကေဘယ်လ်က ဖွင့်ချထားသည်။ [၁၀]
ဖတ်ရှုရန်
ပြင်ဆင်ရန်အကိုးအကားများ
ပြင်ဆင်ရန်- ↑ BBC - History - World Wars: The Burma Campaign 1941 - 1945 (in en-GB)။ 2018-07-26 တွင် ပြန်စစ်ပြီး။
- ↑ The Mouse That Roared: State Department Intelligence in the Vietnam War။
- ↑ Jeffrey T. Richelson, The Soviet Estimate: U.S. Analysis of the Soviet Union, 1947-91 (Washington, D.C.: The National Security Archive, 1995), SE 00081, “The Communist Influence in Burma,” January 11th 1950, pp. 5-6.
- ↑ Chen၊ C. Peter။ "Li Mi"၊ WW2DB။
- ↑ Tim Weiner. (2008). Legacy of Ashes: The History of the CIA. New York: Anchor Books. pages 60-61.
- ↑ Jovan Čavoški. (April 2010). Arming Nonalignment: Yugoslavia’s Relations with Burma and the Cold war in Asia (1950-1955). Woodrow Wilson International Center for Scholars.
- ↑ http://nsarchive.gwu.edu/nukevault/ebb423/docs/11.%20special%20weapons.pdf
- ↑ Burma Accuses CIA of Involvement in KNU Assassination။ Narinjara.com (9 October 2007)။ 30 April 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Tim McLaughlin and Nyan Lynn Aung။ "US embassy in Yangon a secret listening post: Snowden"၊ 31 October 2013။ 31 October 2013 တွင် ပြန်စစ်ပြီး။ Archived from the original on 2 November 2013။
- ↑ "WikiLeaks cables: Americans funded groups that stalled Burma dam project"၊ 30 September 2011။ 1 November 2013 တွင် ပြန်စစ်ပြီး။