မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်

မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ် (အင်္ဂလိပ်: Journal of the Burma Research Society) သည် ၁၉၁၁ ခုနှစ်မှ ၁၉၈၀ ခုနှစ်အကြားတွင် မြန်မာနိုင်ငံ သုတေသနအသင်းမှ ထုတ်ဝေသော မြန်မာနိုင်ငံဆိုင်ရာ လေ့လာမှုဘာသာရပ်များ ပါဝင်သော ပညာရပ်ဆိုင်ရာ ဂျာနယ်တစ်စောင် ဖြစ်သည်။ ၁၉၁၁ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ပြီးနောက် ဂျာနယ်သည် မြန်မာနိုင်ငံဆိုင်ရာ လေ့လာမှုများကို အလေးပေးထားသော ပထမဆုံးသော ပညာရပ်ဆိုင်ရာ ဂျာနယ်တစ်စောင် ဖြစ်ခဲ့သည်။[၁] ၆၉ နှစ်ကျော် ကာလအတွင်း အတွဲပေါင်း ၅၉ တွဲနှင့် ဂျာနယ် ၁၃၂ စောင်ထုတ်ဝေနိုင်ခဲ့ပြီး ဆောင်းပါးပေါင်း ၁၃၀၀ ကျော် ဖော်ပြနိုင်ခဲ့သည်။[၂] အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာ နှစ်မျိုးလုံးဖြင့် တစ်နှစ်လျှင် နှစ်ကြိမ် ရန်ကုန်တက္ကသိုလ် ပရဝုဏ်မှနေ၍[၃] ထုတ်ဝေခဲ့သည်။[၄]

Journal of the Burma Research Society
မြန်မာနိုင်ငံ သုတေသနအသင်း ဂျာနယ်
 
အတိုကောက်အမည် (ISO 4)
J. Burma Res. Soc.
ဘာသာရပ် နယ်ပယ်Burma studies
ဘာသာစကားအင်္ဂလိပ်
ထုတ်ဝေမှု အချက်အလက်များ
ထုတ်ဝေခြင်း
ထုတ်ဝေမှု သမိုင်း
၁၉၁၁–၁၉၈၀
ကြိမ်နှုန်းတစ်နှစ် နှစ်ကြိမ်
Indexing
ISSN0304-2227
LCCN23013972
OCLC no.1537852

၁၉၈၀ ခုနှစ် မပိတ်သိမ်းမီအချိန်ထိ ဂျာနယ်သည် မြန်မာနိုင်ငံ၏ အရေးပါသော ပညာရပ်ဆိုင်ရာ ထုတ်ဝေမှု ဖြစ်ခဲ့သည်။[၅] ဂျာနယ်တွင် မြန်မာ့ ယဉ်ကျေးမှုနှင့် မြန်မာ့သမိုင်းဆိုင်ရာများအား ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်ထားသည်များ ပါဝင်သလို လူမျိုးခွဲဗေဒ လေ့လာမှုများ၊ မြန်မာစာပေ ၊ ရှေးရိုးစဉ်လာများ၊ ဂီတ၊ ဘာသာရေးယုံကြည်မှုများ၏ ဘာသာပြန်များနှင့် သုံးသပ်ချက်များ၊ ဒေသရင်း တိရစ္ဆာန်များ၊ ပထဝီဝင်နှင့် ရှေးဟောင်းသုတေသန အစီရင်ခံစာများ၊ မြန်မာဘာသာ၊ ပါဠိ၊ မွန်နှင့် အခြားဘာသာစကားများမှ ဘာသာပြန်ထားသော သမိုင်းဆိုင်ရာ စာတမ်းများနှင့် မှတ်ချက်များ ပါဝင်သည်။[၆]

၁၉၆၂ ခုနှစ်တွင် ဂျာနယ်သည် အစိုးရလက်အောက်ခံ ဖြစ်ခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် ဂျာနယ်နှင့် မြန်မာနိုင်ငံ သုတေသနအသင်းအား မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ မှ ပိတ်သိမ်းခဲ့သည်။[၄]

ကိုးကား ပြင်ဆင်ရန်

  1. Selth, Andrew (29 October 2008). "Modern Burma Studies: A Survey of the Field". Modern Asian Studies 44 (2): 406. Cambridge University Press. doi:10.1017/s0026749x08003508. 
  2. Journal of the Burma Research Society (JBRS)။ IG Publishing။ 12 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 July 2015 တွင် ပြန်စစ်ပြီး။
  3. Annual Bibliography of Indian Archaeology: For the Years 1970–1972။ Dordrecht: D. Reidel Publishing Company။ 1984။ pp. xvii။ ISBN 9789400962712
  4. ၄.၀ ၄.၁ Taylor၊ Robert H. (2004)။ Keat Gin Ooi (ed.)။ Southeast Asia: A Historical Encyclopedia, from Angkor Wat to East Timor1။ ABC-CLIO။ p. 295။
  5. Seekins၊ Donald M. (2006)။ Historical Dictionary of Burma (Myanmar)။ Historical Dictionaries of Asia, Oceania, and the Middle East။ Scarecrow Press။ pp. 126ISBN 9780810864863
  6. "Foreign Acquisitions Newsletter" (47): 86. The Association of Research Libraries. ISSN 0014-8512. 

ကျမ်းကိုးစာစုစာရင်း ပြင်ဆင်ရန်

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်