မြန်မာနိုင်ငံအပေါ် ဆိုက်ဘာတိုက်ခိုက်မှုများ

၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဆိုက်ဘာတိုက်ခိုက်မှုများဖြင့် ရင်ဆိုင်ခဲ့ရသည်။ DDoS တိုက်ခိုက်မှု ပုံစံဖြင့် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ တိုက်ခိုက်မှုသည် အောက်တိုဘာလ ၂၅ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည်။[၁] ၂၀၁၀ ခုနှစ် မြန်မာနိုင်ငံရွေးကောက်ပွဲထက် စော၍ ဖြစ်ပွားခဲ့သည်။[၂][၃] ထိုရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၂၀) ကြာပြီးမှ ပြန်လည်ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်သည်။[၄] ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးများသည် အခြားနိုင်ငံများတွင်လည်း ဖြစ်ပေါ်ခဲ့ဖူးသည်။ ၂၀၀၇ ခုနှစ်တွင် အက်စတိုးနီးယားနိုင်ငံတွင် ဖြစ်ပွားခဲ့ဖူးပြီး ၂၀၀၈ ခုနှစ်တွင် ဂျော်ဂျီယာနိုင်ငံတို့တွင် ဖြစ်ပွားခဲ့သည်။ သို့သော် မြန်မာနိုင်ငံတွင် တိုက်ခိုက်ခံရမှုများသည် အထက်တွင် ဖော်ပြခဲ့သည့် တိုက်ခိုက်ခံရမှုများထက် ကြီးမားသည်။[၅] ၂၀၁၀ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်လည်း ပုံစံဆင်တူသည့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။[၆] ထို့ပြင် ရေကြောင်းမှ ဆက်သွယ်ထားသည့် ကေဘယ်ကြိုးသည် မတော်တဆဖြစ်ခဲ့ရာ အင်တာနက်အဆက်အသွယ်များ ပြတ်တောက်သွားခဲ့ရသည့် ဖြစ်ရပ်များလည်း ပေါ်ပေါက်ခဲ့သည်။[၇]

၂၀၁၀၊ အောက်တိုဘာလ ၂၅ တွင် စတင်ခဲ့သည့် တိုက်ခိုက်မှုများ ပြင်ဆင်ရန်

အချိန်တစ်ပတ်ကျော် ကြာမြင့်ခဲ့သည့် ကြီးမားပြင်းထန်သည် DDoS တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ မြန်မာနိုင်ငံ၏ အဓိက အင်တာနက်ထောက်ပံ့သူ (ISP) ဖြစ်သည့် MPT ( the Ministry of Post and Telecommunication) ကို အဓိကထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အောင်မြင်ခဲ့သည့် အဆိုပါတိုက်ခိုက်မှုသည် အဓိကကျသည့် အဝင်၊ အထွက် ကွန်ရက်အသွားအလာတို့ကို နှောင့်ယှက်ခဲ့သည်။

တိုက်ခိုက်မှုအတွက် လှုံ့ဆော်မှုများနှင့် ပြဿနာဖန်တီးသူများကို သဲသဲကွဲကွဲ မသိရပေ။ သို့သော် ရွေးကောက်ပွဲမတိုင်ခင် အင်တာနက်အဆက်အသွယ်များ နှောင့်ယှက်ရန် တိုက်ခိုက်မှုများအတွက် မြန်မာအစိုးရကို အပြစ်တင်ခဲ့သည်ဆိုသည့် ထင်ကြေးပေးမှုများလည်း ရှိခဲ့သည်။[၈] ထိုအချိန်ဝယ် နိုင်ငံခြားမှ ဂျာနယ်သမားများနှင့် လေ့လာသူများကို ရွေးကောက်ပွဲတွင် မသင်္ကာမှုများမှ ဖုံးအုပ်ကာကွယ်ရန် ပြည်ထဲသို့ ဝင်ခွင့် ပိတ်ပင်ထားခဲ့သည်။ တပ်မတော် အရာရှိကြီးများသည် ရွေးကောက်ပွဲ ကာလတစ်လျှောက်လုံး သတင်းအချက်အလက်များ မပေါက်ကြားအောင် ကန့်သတ်မှုများ ပြုလုပ်ခဲ့ကြသည်။[၅]

နည်းပညာဆိုင်ရာ အချက်အလက်များ ပြင်ဆင်ရန်

DDoS တိုက်ခိုက်မှုသည် လက်ခံနိုင်သော bandwidth ပမာဏထက် ပိုမိုများပြားသော ဒေတာပမာဏဖြင့် အချက်အလက် gateway ကို လွှမ်းမိုးရန် ဖြစ်သည်။ DDoS တိုက်ခိုက်မှုတစ်ခုတွင် ကမ္ဘာတစ်ဝန်းရှိ ပျံ့နှံ့သွားသည့် ကွန်ပျူတာအားလုံးလည်း ပါဝင်သည်။ ထိုကဲ့သို့ တိုက်ခိုက်ခံရသည့် ကွန်ပျူတာများကို botnets ဟု ခေါ်သည်။ botnets များသည် ဗိုင်းရပ်စ်များဖြင့် တိုက်ခိုက်ခြင်း၊ အပိုင်စီးခြင်း ခံရသည့် အိမ်သုံးကွန်ပျူတာများ ဖြစ်ကြသည်။ botnets များသည် အမျိုးမျိုးသော ရည်ရွယ်ချက်များဖြင့် ဆိုက်ဘာပြစ်မှုများအတွက် အသုံးချခံရသည့် ကွန်ပျူတာများ ဖြစ်သည်။ ၎င်းကွန်ပျူတာများကို အင်တာနက် အဆက်အသွယ်မှ တစ်ဆင့် ထိန်းချုပ်ထားကြသည်။[၅] ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ - နိုဝင်ဘာလ တိုက်ခိုက်မှုပမာဏသည် နေ့စဉ် ၀.၅ မှ ၁၀-၁၅ Gbit/s သို့ တိုးလျက်ရှိခဲ့သည်။ အကြိမ်ရာပေါင်းများစွာ တိုက်ခိုက်ခဲ့သဖြင့် နိုင်ငံ၏ ၄၅ Mbit/s T3 မြေပြင်နှင့် ဂြိုဟ်တုလင့်များကို လွှမ်းမိုးကာ ချုပ်ကိုင်နိုင်သည်ထက်ပင် ပိုမိုခဲ့သည်။[၉] စက်တင်ဘာလတွင် ဘလော့ဝဘ်ဆိုက်များကို တိုက်ခိုက်ခဲ့ရာ Gbit/s အစဉ်အတိုင်း ရှိခဲ့သည်။[၁၀]


၂၀၀၇ ခုနှစ်တွင် အက်စတိုးနီးယားနိုင်ငံတွင် ဖြစ်ခဲ့သည်များမှာ 90 Mbit/s ရှိခဲ့သည်။ ထိုဖြစ်ရပ်နှင့် နှိုင်းယှဉ်ပါက တစ်မိနစ်မှ ၁၀ နာရီ ကျော်သည်အထိ ကြာခဲ့သည်။[၁၁]

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် မြန်မာနိုင်ငံရှိ တိုက်ဘာတိုက်ခိုက်မှုများ ပြင်ဆင်ရန်

၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ဆိုက်ဘာတိုက်ခိုက်မှုသည် ရတနာပုံတယ်လီပို့ ကုမ္ပဏီကို ထိခိုက်မှုများ ဖြစ်စေခဲ့သည်။[၆] ပင်လယ်ရေကြောင်း ကေဘယ်ချို့ယွင်းကာ အင်တာနက်အဆက်အသွယ်အားလုံး ပြတ်တောက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဖြစ်ပွားခဲ့သည်။[၇]

ကိုးကား ပြင်ဆင်ရန်

  1. "Internet out hits tourism sector"၊ Myanmar Times၊ 1 November 2010။ 4 November 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 5 November 2010။ 
  2. Clegg၊ Nick။ "Myanmar's Sham Election"၊ The New York Times၊ 3 October 2010။ 4 November 2010 တွင် ပြန်စစ်ပြီး 
  3. "Protesters in Japan decry Myanmar 'sham election' plan"၊ Channel News Asia၊ 27 October 2010။ 4 November 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 30 October 2010။ 
  4. "Myanmar's Internet Under Cyberattack"၊ 4 November 2010။ 30 October 2014 တွင် ပြန်စစ်ပြီး 
  5. ၅.၀ ၅.၁ ၅.၂ "Burma hit by massive net attack ahead of election"၊ BBC News၊ 4 November 2010။ 4 November 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 5 November 2010။ 
  6. ၆.၀ ၆.၁ Feng၊ Yingqiu။ "Myanmar Internet link continues to meet with interruption"၊ People's Daily၊ 3 November 2010။ 8 November 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 6 November 2010။ 
  7. ၇.၀ ၇.၁ Seltzer၊ Larry။ "DDoS Attack on Myanmar Takes the Country Offline"၊ PC Magazine၊ 11 April 2010။ 8 November 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 7 November 2010။ 
  8. Sample၊ Charmaine; Nart Villeneuve; Masashi Crete-Nishihata (April 2013)။ "8"။ Culture and Computer Network Attack Behaviors (PDF)။ pp. 153–1761 November 2014 တွင် ပြန်စစ်ပြီး
  9. Labovitz၊ Craig (3 November 2010)။ Attack Severs Burma Internet။ Arbor Networks။ 4 November 2010 တွင် ပြန်စစ်ပြီး။
  10. Wade၊ Francis (29 September 2010)။ Scale of cyber attacks 'rare and serious'။ Democratic Voice of Burma။ 31 January 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 February 2013 တွင် ပြန်စစ်ပြီး။
  11. Nazario၊ Jose (29 September 2010)။ Estonian DDoS Attacks - A summary to date။ Arbor Networks။ 15 May 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 February 2013 တွင် ပြန်စစ်ပြီး။