မြန်မာနိုင်ငံ၏ နေရောင်ခြည်စွမ်းအင်

မြန်မာနိုင်ငံတွင် နေရောင်ခြည်စွမ်းအင်ကို အသုံးပြု၍ တစ်နှစ်လျှင် လျှပ်စစ် ၅၁၉၇၃.၈ တီယာဝပ် (TWh/year)ထုတ်လုပ်နိုင်ရန် အလားအလာရှိသည်။မဟာမဲခေါင်ဒေသခွဲအတွင်းတွင် နေရောင်ခြည်စွမ်းအင် အလားအလာ အများဆုံးရှိသော တိုင်းပြည်ဖြစ်သည်။သို့ရာတွင် ထိုနေရောင်ခြည်စွမ်းအင်ကို အသုံးချ၍ လျှပ်စစ်ထုတ်လုပ်ရာ၌ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ထက် များစွာ နောက်ကျနေသည်။[၁] 

မြန်မာနိုင်ငံ၏ ​နေ​ရောင်ခြည်စွမ်းအင်အလားအလာ

မြန်မာ့လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍအတွက် ၂၀၂၁တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ၈ရာခိုင်နှုန်းထုတ်လုပ်ရန် ရည်မှန်ပြီး ၂၀၂၅တွင် ၁၂ရာခိုင်နှုန်းအထိ ထုတ်လုပ်ရန် ရည်မှန်းထားသည်။[၂]၂၀၁၂-၂၀၁၈ ကာလအတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍအတွက် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု နည်းပါးခဲ့သည်။ [၃]

မြန်မာ့ကျေးလက်ဒေသအချို့တွင် ဆိုလာကိုအသုံးပြု၍ ဘက်ထရီအားသွင်းခြင်းနှင့် ရေတင်ခြင်းများ ပြုလုပ်ကြသည်။မြို့ပြဒေသများတွင် မီးတိုင်အမျိုးမျိုးအတွက် သုံးစွဲလေ့ရှိကြသည် ။[၄]၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာ့လူဦးရေ၏ ၇၀ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြသည်။ [၅]

မြန်မာနိုင်ငံ၏ ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို ၂၀၁၈ခုနှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်နိုင်ခဲ့သည်။မကွေးတိုင်း မင်းဘူးတွင်တည်ရှိကာ ပထမအဆင့်တွင် ၄၀မဂ္ဂါဝပ် ထုတ်လုပ်မည်ဖြစ်ပြီး အပြည့်အဝလည်ပတ်နိုင်ပါက ၁၇၀မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်သည်။[၆]ထို့အပြင် စက်ရုံတစ်ရုံလျှင် ၁၅၀မဂ္ဂါဝပ် ထုတ်လုပ်ပေးမည့် စီမံကိန်းနှစ်ခုကိုလည်း မန္တလေးတိုင်းရှိ မြင်းခြံနှင့် ဝမ်းတွင်း တွင်ဆောက်လုပ်ရန် လျာထားသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်ရုံများတည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ၁၀၆၀မဂ္ဂါဝပ် ထုတ်လုပ်ရန်အတွက် ၂၀၂၀ပြည့်နှစ် စက်တင်ဘာ ၉ရက်နေ့တွင် တင်ဒါဖွင့်လှစ်ခဲ့သည်။ထိုတင်ဒါပွဲအတွင်း နေရာ ၃၀တွင် နေရာတစ်ခုမှလွဲ၍ ကျန်နေရာများအတွက် လေလံအောင်မြင်သူများတွင် တရုတ်ကုမ္ပဏီများမှ တင်ဒါအောင်မြင်ခဲ့သည်။လေလံအောင်ကုမ္ပဏီများ၏ အဆိုပြုဈေးနှုန်းများမှ ၁ကီလိုဝပ်နာရီလျှင် မြန်မာငွေ ၄၅ကျပ်မှ ၆၅ကျပ်ဖြစ်သည်။[၇]

၂၀၂၀ပြည့်နှစ်တွင် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများတည်​ဆောက်ရန် လျာထား​သော တည်​နေရာများ

ကိုးကား ပြင်ဆင်ရန်

  1. Vakulchuk, Roman; Kyaw Kyaw Hlaing; Edward Ziwa Naing; Indra Overland; Beni Suryadi and Sanjayan Velautham (2017). Myanmar’s Attractiveness for Investment in the Energy Sector. A Comparative International Perspective. Norwegian Institute of International Affairs (NUPI) and Myanmar Institute of Strategic and International Studies (MISIS) Report.
  2. Rural areas to receive electricity powered by renewable sources: Minister (in en) (March 3, 2019)။ 20 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. Stokke, Kristian; Vakulchuk, Roman and Indra Overland (2018) Myanmar: A Political Economy Analysis. Norwegian Institute of International Affairs (NUPI). Report commissioned by the Norwegian Ministry of Foreign Affairs.
  4. Renewable Energy Sector Archived April 14, 2012, at the Wayback Machine.
  5. Solar power fills in for electricity in rural areas Archived 2012-07-08 at the Wayback Machine.
  6. Country’s first solar power plant to start operations in Magwe (in en) (October 15, 2018)။ 20 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  7. "ဆိုလာစွမ်းအင်စီမံကိန်းအတွက် တက်သုတ်ရိုက်ကြိုးပမ်းခြင်း"။