မြန်မာ့ဒဏ္ဍာရီလာသတ္တဝါများ
မြန်မာ့ဒဏ္ဍာရီပုံပြင်များတွင် သာမန်မဟုတ်ထူးခြားသည့် သတ္တဝါများကို တွေ့ရှိရသည်။ အချို့သတ္တဝါများမှာ လူ့အသွင်တစ်ပိုင်းတစ ရှိတတ်ကြသည်။ အချို့မှာမူ လူ့အသွင်ကိုဖန်ဆင်းနိုင်ကြသည်။[၁] ရွှေသွေးဂျာနယ်မှ ရေးဆွဲထားသော ဗုဒ္ဓဇာတ်တော်များတွင် ထိုကဲ့သို့သောသတ္တဝါများကို တွေ့ရှိရသည်။ လူသိအများဆုံးသတ္တဝါမှာ ဘီလူးဖြစ်သည်။
သတ္တဝါများ
ပြင်ဆင်ရန်အောက်ပါတို့မှ မြန်မာ့ဒဏ္ဍာရီပုံပြင်များမှ တွေ့ရှိရသော သတ္တဝါများဖြစ်ကြသည်။
အခြားဘုံမှသတ္တဝါများ
ပြင်ဆင်ရန်- အသူရကာယ် – အပါယ်လေးပါးအနက် တစ်ပါးဖြစ်သော ပြိတ္တာတစ်မျိုး။ (အသူရာ(တာဝတိံသာနတ်တို့၏ပြိုင်ဘက်နှင့်မတူ) အသူရကာယ်သည် (နတ်ပြိတ္တာ) တို့၏ အပေါင်းအစုဟု အနက်ရသည်။)[၂][၃]
- ဘီလူး – ဇာတ်၊ ဒဏ္ဍာရီများတွင် ဖော်ပြလေ့ရှိသော၊ အစွယ်အမွှေးပါသော၊ လူနှင့်ဆင်တူသော၊ ကြီးမားကြမ်းကြုတ်သောသတ္တဝါ
- ပန်းကိုက်ဘီလူး – ကြီးမားဖြောင့်တန်းသောအစွယ်ရှိ၍ လူတို့ကိုစားလေ့ရှိသော ဘီလူမျိုး
- ပန်းဆွဲဘီလူး – ကြီးမားကောက်ကွေ့သော အစွယ်ရှိ၍ ပန်းသို့မဟုတ်သစ်သီးတို့ကို စားလေ့ရှိသောဘီလူမျိုး
- နတ်စိမ်း – အသေဆိုးနှင့် သေပြီးနောက်ဖြစ်သော နတ်တစ်မျိုး
- ဥစ္စာစောင့် – ဥစ္စာပစ္စည်းစွဲလမ်းစိတ်ဖြင့် သေလွန်ပြီးနောက် ထိုဥစ္စာပစ္စည်းကို စောင့်နေရသော နာနာဘာဝမျိုး
- သိုက်နန်းရှင် – ရာတနာသိုက်ကို စောင့်ရသော ဥစ္စာစောင့်မျိုး
- ပြိတ္တာ – သရဲ၊ တစ္တေ၊ မှင်စာစသော နာနာဘာဝမျိုး (အပါယ်လေးဘုံသတ္တဝါအနက် တစ်မျိုးဖြစ်သည်)
- စုန်း – ပြုစားတတ်သည်ဆိုသော လောကီအတတ်ပညာသည်
- သရဲ – မကောင်းဆိုးဝါးကောင်တစ်မျိုး
- ယမမင်း – ငရဲပြည်ကို အစိုးရသောသူ
- ယက္ခ – သစ်ပင်၌ရှိသောနတ်တစ်မျိုး၊ နတ်ဘီလူးတစ်မျိုး
- ဇော်ဂျီ – ဆေးဝါးမန္တရားအတတ်၊ မြေလျှိုးမိုးပျံအတတ် စသည်ကျွမ်းကျင်သူ
ငှက်များ
ပြင်ဆင်ရန်- ဂဠုန် – ငှက်တို့၏မင်း၊ နဂါးတို့၏ရန်သူဖြစ်သော ငှက်ကြီး
- ဟင်္သာ – ရေအိုင်တွင်နေထိုင်ကျက်စားတတ်သော ဝမ်းဘဲမျိုးဝင် ငှက်တစ်မျိုး (မွန်လူမျိုးတို့၏ အထွတ်အမြတ်ထားရာဖြစ်သော ငှက်လည်းဖြစ်သည်)
- ကရဝိတ်ငှက် – သာသောအသံရှိသည့် ငှက်တစ်မျိုး
တွားသွားသတ္တဝါများ
ပြင်ဆင်ရန်- မကန်း – ဆူးရှိသော ကိုယ်ခွံအထပ်ထပ်နှင့် လက်မကြီးနှစ်ခု၊ လက်ခြောက်ဖက်၊ အမြှီးပါရှိသည့် ပင်လယ်သတ္တဝါတစ်မျိုး
- နဂါး – ကျမ်းဂန်လာမြွေကြီးတစ်မျိုး
- ငမိုးရိပ် – မင်းနန္ဒာနှင့်ရှင်မွှေးလွန်း ဒဏ္ဍာရီလာ မိကျောင်း၏အမည်
နို့တိုက်သတ္တဝါများ
ပြင်ဆင်ရန်- ကျွတ် – စိုစွတ်သောအရပ်တွင်နေ၍ တွယ်ကပ်သွေးစုတ်တတ်သေ ကျောရိုးမဲ့ ကောင်ငယ်တစ်မျိုး
- စာမရီ – မွှေးရှည်နွားတစ်မျိုး
- သမန်းကျား – လူမှကျားအဖြစ်ပြောင်းလဲသော မိစ္ဆာအတတ်တစ်မျိုး
ပင့်ကူများ
ပြင်ဆင်ရန်- ပင်းတယပင့်ကူ – ပင်းတယမြို့၌ မင်းသမီး ၇ ဦးကို ဖမ်းခေါ်သွားခဲ့သော ပင့်ကူကြီး
ပေါင်းစပ်သတ္တဝါများ
ပြင်ဆင်ရန်- ဗျာလ – ရခိုင်ဒဏ္ဍာရီ၏ နဝရူပသတ္တဝါပုစံ
- ကိန္နရာ (ထီး)၊ ကိန္နရီ (မ) – မြင်း၏မျက်နှာနှင့်တူသော မျက်နှာရှိ၍ လူနှင့်တူသော ကိုယ်လက်အင်္ဂါရှိသောသတ္တဝါ
- မနုဿီဟ – လူမျက်နှာတစ်ခုနှင့် ခြင်္သေ့ကိုယ်နှစ်ခွပါရှိသော သတ္တဝါ
- နဝရူပ – သတ္တဝါ ၉ မျိုး၏ ရုပ်အဆင်းရှိသော သတ္တဝါ
- ပဉ္စရူပ – သတ္တဝါ ၅ မျိုး၏ ရုပ်အဆင်းရှိသော သတ္တဝါ
ကိုးကားချက်
ပြင်ဆင်ရန်- ↑ Mythical Creatures in Burmese Folklore, Jataka tales, History of Burma, Yama Zatdaw, Ramayana, Asura (Buddhism), Rakshasa, Garuda. (2011), 108 pag. ISBN 978-613-6-67801-6
- ↑ Pali-English Dictionary, A P Buddhadatta Mahathera and Vipassana Research Institute.
- ↑ မြန်မာ-မြန်မာ အဘိဓာန်၊ မြန်မာစာအဖွဲ့
- Htin Aung, Maung Folk Elements in Burmese Buddhism. London, New York: Oxford University Press, 1962.