မြန်မာ့ရှေ့ဆောင်ဘဏ်
မြန်မာ့ရှေ့ဆောင်ဘဏ်သည် ၂၀၁၀ ခုနှစ် ဩဂုတ်လတွင် နိုင်ငံတော်မှ ခွင့်ပြုပေးခဲ့သော ပုဂ္ဂလိကဘဏ် (၄)ခု အနက်မှ တစ်ခုဖြစ်သည်။ ပိုင်ဆိုင်သူမှာ ထင်ရှားသော မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးချစ်ခိုင်ဖြစ်ပြီးဧဒင်ဂရု စီးပွားရေးလုပ်ငန်းကို ပိုင်ဆိုင်သူဖြစ်သည်။ နေပြည်တော်ရုံးချုပ်မှာ အမှတ် (၁၀)၊ အဆင့်မြင့်ဈေး၊ ရာဇသင်္ဂဟလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်တွင် တည်ရှိသည်။
အမျိုးအစား | ပုဂ္ဂလိကပိုင် |
---|---|
လုပ်ငန်း | ဘဏ် |
တည်ထောင်သည့်နှစ် | ၂ ဇူလှိုင် ၂၀၁၀ |
ဌာနချုပ် | ရန်ကုန်၊ မြန်မာ |
အရေးပါ ပုဂ္ဂိုလ်များ | ဒေါ်ခင်စိုးဝေ |
အလုပ်သမားဦးရေ | ၂၄၇၈[၁] (၂၀၁၄) |
ဝက်ဘ်ဆိုက် | mabbank.com |
၂၀၂၂ခုနှစ် ဧပြီလအထိ နောက်ဆုံးထုတ်ပြန်ချက်များအရ တစ်နိုင်ငံလုံးတွင် မြန်မာ့ရှေ့ဆောင်ဘဏ်သည် ဘဏ်ခွဲပေါင်း (၁၀၄)ခုအထိ ရှိလာခဲ့သည်။[၂]
၂၀၂၂ ခုနှစ် ဧပြီလ (၂၅ )ရက်နေ့တွင် ဘဏ်ဥက္ကဋ္ဌဖြစ်သူ ဦးချစ်ခိုင် အား ဘဏ်လုပ်ငန်းနှင့်မပတ်သတ်သော အခြားသောကိစ္စဖြင့် စစ်ကောင်စီက ထိန်းသိမ်းခဲ့ပြီးနောက်[၃] ၂၀၂၂ခုနှစ် ဧပြီလ(၂၇)ရက်တွင် ဘဏ်ဥက္ကဋ္ဌ အသစ် ပြောင်းလဲသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဖော်ပြောဆိုခဲ့သည်။[၄]
မြန်မာ့ရှေ့ဆောင်ဘဏ်၏ ဘဏ်ဥက္ကဋ္ဌအသစ်ဖြစ်သူမှာ ဦးချစ်ခိုင်၏ ဇနီးဖြစ်သူ ဒေါ်ခင်စိုးဝေဖြစ်သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မြန်မာ့ရှေ့ဆောင်ဘဏ် ဥက္ကဋ္ဌ အပြောင်းအလဲသည် ဘဏ်လုပ်ငန်းအတွက် စိုးရိမ်စရာမရှိသော အပြောင်းအလဲဟု ပြောဆိုခဲ့သည်။[၅]
ကိုးကား
ပြင်ဆင်ရန်- ↑ "The Myanmar Times Bank Survey 2014"၊ Myanmar Times၊ 15 July 2014။ 8 February 2015 တွင် ပြန်စစ်ပြီး။
- ↑ ဘဏ်ခွဲများ။ ၂၈ ဧပြီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
- ↑ စီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင် ဖမ်းဆီးအရေးယူခံရ (in my)။ ၂၈ ဧပြီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
- ↑ ဦးချစ်ခိုင် ထိန်းသိမ်းခံရပြီးနောက် MAB ဘဏ် ဥက္ကဋ္ဌတာဝန်ကို ဇနီးဖြစ်သူတာဝန်ယူမည် (in en-gb)။ 28 April 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၈ ဧပြီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) ဥက္ကဋ္ဌနှင့် စပ်လျဉ်း၍ ဗဟိုဘဏ် သတင်းထုတ်ပြန် | The Myanmar Industry Guide (in en) (27 ဧပြီ 2022)။ ၂၈ ဧပြီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
ဤ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |