မြန်မာ့ဟာဂ်ျခရီးစဉ် ကြိုးပမ်းမှုသမိုင်း

မြန်မာ့ဟာဂ်ျ ကြိုးပမ်းမှုသမိုင်း တစ်စိတ်တစ်ပိုင်း

Hajji's from Myanmar were holding Myanmar National flag 🇲🇲 at Saudi Arabia in 2010

|thumb|Myanmar Hajji holding Myanmar National during the Hajj 2015]]

တမ်းပလိတ်:Infobox pilgrimage

ဟာဂ်ျသည် ကာဗာအ်ကျောင်းတော်မြတ်တည်ရှိရာ မက္ကာရွှေမြို့တော်[၁] ရှိ အစ္စလာမ်သာသနာ့ဆိုင်ရာအထွက်အမြတ်နေရာများကို ဟိဂျီရိနှစ် ၁၂လပိုင်းတွင် ဖူးမော်လည်ပတ်ခြင်း ဖြစ်သည်။ ဟဂျ်သည် အိစ္စလာမ်သာသနာ၏ ပင်မ မဏ္ဍိုင်ကြီး ၅ ခု အနက် တစ်ခုလည်းဖြစ်သည်။ ငွေရေးကြေးရေး အဆင်ပြေသော အစ္စလာမ်ဘာသာဝင်များသည် ဘဝတစ်သက်မှာ အနည်းဆုံးတစ်ကြိမ် ဟာဂ်ျ ပြုခြင်းမှာ ဖရဇ်ဖြစ်ပေသည်။

ကြိုးပမ်းမှုသမိုင်း(၁၉၆၁-၂၀၂၂) ပြင်ဆင်ရန်

မြန်မာနိုင်ငံရှိအစ္စလာမ်ဘာသာဝင်တို့သည် မြန်မာဘုရင်များလက်ထက်ကတည်းကပင် ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာရွှေမြို့တော်သို့ သာသနာ့ ဟာဂ်ျပြုရန် မိမိတို့အစီအစဉ်ဖြင့် သွားရောက်ခဲ့သည်မှာ သမိုင်းတလျှောက် ထင်ထင်ရှားရှားတွေ့ရသည်။ ရှေးအခါက မြန်မာဟာဂျီများသည် ရေကြောင်းခရီးဖြင့်လည်းကောင်း၊ ကုန်ကြောင်းခရီးဖြင့်လည်းကောင်း မက္ကာမြို့သို့ ဟဂျ်ဘုရားဖူးသွားလေ့ရှိခဲ့သည်။ ရေကြောင်းခရီးဖြင့် တစ်လခွဲ၊ နှစ်လနီးပါးလောကကြာမြင့်၏။ ကုန်းကြောင်းခရီးဖြင့် ၆ လတောင် ကြာမြှင့်သည်ဟုဆိုသည်။ မြန်မာနိုင်ငံမှ ဗြိတိသျှအိန္ဒိယ၊ ထိုမှတဆင့် ဆော်ဒီအရေးဗီးယားသို့ ရေကြောင်းနှင့်သွားရသည်။ မြန်မာမင်းများက ဟဂျ်ခရီးစဉ်ကို အားပေးသည့်အနေဖြင့် ငွေကြေးထောက်ပံ့ခြင်း၊ မက္ကမြို့၌ အဆောက်အဦးများ ဆောက်လုပ်လှူဒါန်းခြင်းတို့ကို ပြုလုပ်လေ့ရှိခဲ့သည်။

အာရကန်ပြည်(ယနေ့ ရခိုင်ပြည်)သို့ ခိုလှုံလာခဲ့သော မဂိုမင်းသား ရှားရှူဂျား(သက်သုဇာ)သည် အာရကန်မှတဆင့် အာရေဗျသို့ ဟဂျ်ဘုရားဖူးသွားရန် စီစဉ်ခဲ့ဖူးသည်။[၂]

ဘိုးတော်ဘုရားလက်ထက်တွင် အမရပူရမှ ဦးအိုးသည် တမန်တော်မိုဟာမွတ် ပွင့်တော်မူရာ အာရေဗျပြည်၊ မက္ကာဟ်မြို့သို့ ဘုရားဖူးသွားခဲ့ကြောင်း မှတ်တမ်းရှိသည်။

မင်းတုန်းမင်းတရားကြီးလက်တွင် ဟာဂျီများအတွက် မက္ကာဟ်မြို့၌ နှစ်ထပ်အုတ်ဇရပ် ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း မဟာရာဇဝင်ကြီးတွင် ဖော်ပြထားသည်။

၁၉၅၀ ပြည့်လွန်နှစ်များမှ ဦးနုအစိုးရ ခေတ်များတိုင်အောင် နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် မြန်မာပြည်အစ္စလာမ်ဘာသာဝင်များ ဟဂျ်ခရီးတော် သွားခွင့်အဆက်မပြတ် ရရှိခဲ့လေသည်။

-၁၉၆၁ ခုတွင် မြန်မာဟာဂျီ ၄၉၄ ဦးကို ဦးနုအစိုးရက ဟာဂ်ျပြုခွင့် စီစဉ်ပေးခဲ့သည်။

- ၁၉၆၂ တွင် အာဏာသိမ်းတော်လှန်ရေးကောင်စီက နိုင်ငံခြားငွေနည်းပါးသည်ကို အကြောင်းပြု၍ ဟာဂျီ ၁၀၂ ဦးသို့ လျော့ချခဲ့သည်။

-၁၉၆၃ ခုတွင် ဦးနေဝင်းအစိုးရက ဟာဂ်ျပြုခွင့်ကို လုံးဝပိတ်ပင်ခဲ့လိုက်သည်။

-၁၉၆၈ တွင် တော်လှန်ရေးအစိုးရမှ ဖမ်းဆီးထိန်းသိမ်းထားသောဝန်ကြီးဟောင်း ဦးရာရှစ် ပြန်လည်လွတ်မြောက်လာပြီး BMO အဖွဲ့ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ ဦးနေဝင်းအစိုးရသို့ မြန်မာပြည်မွတ်စလင်တို့အား ဟာဂ်ျခရီးစဉ်အတွက် ခွင့်ပြုပေးပါရန် တောင်းဆိုခဲ့သည်။

-၁၉၇၈ တွင် မွဖ်သီချုပ်မာမွတ်ဒါဝတ်ယူစွပ်သည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်အခြေစိုက် Islamic Council of Europe (ICE) ညီလာခံသို့ တက်ခွင့်ရခဲ့ရာ ဟာဂ်ျမသွားရခြင်းသည် မြန်မာအစိုးရ၏ နိုင်ငံခြားငွေ အခက်အခဲကြောင့်ဟု သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားခဲ့သည်။

- ၁၉၈၀ မလေးရှားတွင်ကျင်းပသော အစ္စလာမ်မစ်ဒအိဝဟ်ကွန်ဖရင့်သို့ ဆရာကြီးဃာဇီ မိုဟာမက်ဟာရှင်၊ ဆရာချယ်၊ ပျဉ်းမနားဒေါ်ပုတို့သည် မြန်မာကိုယ်စားလှယ်များအဖြစ် တက်ရောက်ခဲ့ပြီး ဟာဂ်ျကိစ္စနှင့်စပ်လျဉ်း၍ မြန်မာအစိုးရ၏ အခက်အခဲနှင့် မကြာမီ ပြန်လည်ဖွင့်ပေးပါလိမ့်မည်ဟု ပြောကြားခဲ့၏။

-၁၉၈၀ တွင် မဆလ အစိုးရမှ လူပုဂ္ဂိုလ် ၁၅၀ အား ဟာဂ်ျပြုရန်ခွင့်ပေးခဲ့ရာ မော်လနာဆရာဦးခင်ရွှေ ဦးစီးလျက် နှစ်ပေါင်း ၁၇ နှစ်အကြာတွင်ပြန်လည် ဟာဂျ်ခရီးတော် သွားခွင့်ရခဲ့သည်။

 
Myanmar hajjis were arrived at Yangon international airport for Saudi Arabia in 1990

-၁၉၉၂ ခုတွင် မြန်မာစစ်အစိုးရ(နဝတ)က မြန်မာဟာဂျီဦးရေ(၂၀၀)အထိ တိုး၍ သွားခွင့်ပေးခဲ့သည်။

-၂၀၀၀ ပြည့်နှစ်တွင် မြန်မာဟာဂျီများသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြည်ဝင်ခွင့်ဗီဇာပြသာနာကြုံခဲ့ရသည်။

-၂၀၀၃ ခုတွင် မြန်မာဟာဂျီများဟာဂ်ျပြုရန် သွားရာ ဘန်ကောက်တွင် VISAကိစ္စ ပြသာနာ ပြန်ပေါ်ခဲ့၏

-၂၀၀၄ ခုတွင် မြန်မာဟာဂျီများ ထိုင်းနိုင်ငံတွင် VISA ကိစ္စထပ်မံ၍ ပြသာနာပေါ်ပေါက်ခဲ့ပြန်သည်

-၂၀၀၅ ခုတွင် မြန်မာစစ်အစိုးရ(နအဖ)က မြန်မာဟာဂျီဦးရေ(၃၅၀)အထိတိုးမြင့်၍ ဟာဂ်ျသွားခွင့်ပြုခဲ့၏

-၂၀၀၆ ခုတွင် မြန်မာပြည်တွင် ဆော်ဒီသံရုံးမှ တိုက်ရိုက် visa ပေးမည်ဟု ကြေညာခဲ့ရာ မွတ်စလင်များ ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြရ၏

-၂၀၀၈ ခုတွင် ထိုင်းဆန္ဒပြသူများက ဘန်ကောက်သုဝဏ္ဏဘူမိလေယာဉ်ကွင်းအားပိတ်ဆို့ထားခဲ့ရာ မြန်မာဟာဂျီများသည် ထိုင်းစစ်တပ်ပိုင်လေယာဉ်ကွင်းငယ်လေးမှတဆင့် ဆော်ဒီအရေဗီးယားနိုင်ငံသို့ သွားခဲ့ရသည်။

-၂၀၁၀ ပြည့်နှစ်တွင် မြန်မာဟာဂျီများ ထိုင်းနိုင်ငံတွင် ဆော်ဒီVISAအတွက် ခက်ခဲကြန့်ကြာခဲ့ကြရသည်။

-၂၀၁၁ ခုတွင် ဟာဂ်ျဗီဇာမှာ မြန်မာနိုင်ငံရှိဆော်ဒီသံရုံးတွင် တိုက်ရိုက်VISAစနစ်ဖြစ်လာသော်လည်း ဟာဂ်ျခရီးစဉ် ကိုယ်စားလှယ်များက (အေးဂျင့်) VISAများကို အဆမတန် ဈေးတင်ရောင်းချခဲ့ကြသည်။

-၂၀၁၂ ခုတွင် များပြားစွာသော မြန်မာဟာဂျီလောင်းများသည် ဟာဂျ်ကိုယ်စားလှယ်အချို့၏ လိမ်လည်မူကြောင့် မသွားကြရဘဲ ဆော်ဒီသံရုံးနှင့်သာသနာရေးဝန်ကြီးဌာနရှေ့တွင် ဆန္ဒပြမူများပေါ်ပေါက်ခဲ့သည်။

-၂၀၁၆ တွင် ခွဲတမ်းအရ ဟာဂျီ ၂၈၀ ဦးကို မဲစနစ်ဖြင့်ရွေးချယ်၍ သွားခွင့်ရရှိခဲ့သည်။

-၂၀၁၇ ခုတွင် ဟာဂ်ျပြုသူဦးရေမှာ ၇၀၀၀ ကျော်အထိရှိပြီး အေးဂျင့်ပေါင်း ၅၀ ကျော် ဆော်ဒီသံရုံးမှခွင့်ပြုခဲ့သည်။ မော်လမြိုင်တက္ကသိုလ် သမိုင်းပါမောက္ခ ဒေါက်တာ မောင်မောင်အပါအဝင် မြန်မာပြည်မှ ဧည့်သည်တော် ဟာဂျီ (၁၀)ဦးသည် ဆော်ဒီဘုရင် ဆာလ်မာန်ဘင် အဗ္ဗဒုလ်အာဇီးဇ်၏ အထူးဖိတ်ခေါ်ခြင်းခံခဲ့ရသည်။[၃]


-၂၀၁၈ ခုတွင် ဟာဂ်ျအေးဂျင့်များက အဆမတန်ငွေကြေးတောင်းခံခြင်း၊ ကောင်းမွန်စွာ ဝန်ဆောင်မူမပေးဘဲ ရှောင်တိမ်းပျက်ကွက်ခြင်းများပြုလုပ်ခဲ့ရာ ဟာဂ်ျကူညီရေးအဖွဲ့(ဟာဂ်ျမစ်ရှင်)မှ ဝင်ရောက်ကူညီဖြေရှင်းပေးခဲ့သည်။ နိုင်ငံတော်အသိအမှတ်ပြု ဟဂျ်ကော်မတီတစ်ရပ် ပေါ်ပေါက်ဖို့အတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် ရန်ကုနမြို့ မဟာဗန္ဓုလပန်းခြံရှေ့၌ အစ္စလာမ်ဘာသာဝင်အချို့က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။[၄]

-၂၀၂၀/၂၁ တွင် ကိုဗစ်ရောဂါကပ်ဘေးကြောင့် ဆော်ဒီအစိုးရမှ ကမ္ဘာလုံးဆိုင်ရာ ဟာဂ်ျခွဲတမ်းများလျော့ချခဲ့ရာ မြန်မာနိုင်ငံလည်း ခွဲတမ်းလျော့ချဖြတ်တောက်ခြင်းခံခဲ့ရသည်။

- ၂၀၂၂ တွင် ဆော်ဒီသံရုံးမှ ဟာဂ်ျဗီဇာကို အွန်လိုင်းစနစ်ဖြင့် တိုက်ရိုက်လျောက်ခြင်းကို အတည်ပြုခဲ့ပြီး မြန်မာအတွက်ခွဲတမ်း ၂၀၁၀ ဦးကိုအတည်ပြုကြောင်း ကြေညာခဲ့ပြီး သာသနာရေးဝန်ကြီးဌာနသို့လည်း အကြောင်းကြားခဲ့ရာ ယခုနှစ် ၂၀၂၂ အတွက် မြန်မာဟာဂျီ (၂၁၀၀) ဦးရေစေလွှတ်ရန် သဘောတူကြောင်း ညွန်ကြားရေးမှူးချုပ်(ပြန့်/တည်)မှ ပြန်လည်အကြောင်းကြားခဲ့သည်။

- ၂၀၂၃ခုနှစ်အတွက် မြန်မာဟာဂျီ ၄၂၅၀ခွဲတမ်းရရှိထား

မင်းတုန်းမင်း၏ ကုသိုလ်တော် ရိုဘသ်ခေါ် ဒေါင်းဇရပ်ကြီး [၅] ပြင်ဆင်ရန်

ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး တတိယအုပ်၊ စာမျက်နှာ ၄၄၀ တွင် မင်းတုန်းမင်းတရားကြီး၏ သံဝစ္စရ အလှူတော်စာရင်း၌- "တူရကီနိုင်ငံ မက္ကာမြို့ရှိ ပသီလူမျိုးတို့ ကိုးကွယ်သည့် ပသီကျောင်းကြီးအနီး စတုဒိသာ တည်းခိုရန် အုတ်ဇရပ်တော်ကြီး ဆောက်လုပ်လှူဒါန်းတော်မူသည် " ဟု ပါရှိသည်။

မင်းတုန်းမင်းတရားကြီးသည် မိမိနိုင်ငံမှ အာရေဗျသို့ ဟဂျ်ခရီးသွားသော ဟာဂျီများအတွက် ဤဇရပ်ကို ဆောက်လုပ်လှူဒါန်းပေးခြင်းဖြစ်သည်။ ဤဇရပ်ကို ဆောက်လုပ်ရန် တာဝန်ပေးခံရသူတို့မှာ မိုးကုတ်ကျောက်များကို မက္ကာမြို့သို့သွားရောက်ရောင်းချသော ကျောက်ကုန်သည် ဟာဂျီဦးရွှေပေါ်နှင့် ကျော်ထင်ဂုတ္ထရတ်ဘွဲ့ရ အဝယ်တော် ဟာဂျီဦးဘိုးမြတို့ဖြစ်ပါသည်။ ပုသိမ်မြို့မှ ဟာဂျီမိုဟာမွတ်ဟာနစ်လည်း ပါဝင်သည်။ ၎င်းတို့က မင်းတုန်းမင်း၏ စေခိုင်းချက်အရ ဆောက်လုပ်ခြင်းဖြစ်သည်။ ဆောက်လုပ်ပြီးနောက် သာသနာအတွက် လှူဒါန်း၍ မက္ကာရုံတော်ဌာနတွင် ရေစစ္စတြိပြုလုပ် မှတ်ပုံတင်ကြသည်။ မှတ်ပုံတင်သည့်စာချုပ်မှာ ယနေ့တိုင် ရှိနေသည်။ မှတ်ပုံတင်သည့်နေ့မှာ ဟိဂျီရီ ၁၂၈၀၊ ဇုလ်ကာအိဒဟ်လ ၂၀ ရက် ၊ ကော်ဇာ သက္ကရာဇ် ၁၂၂၂ ခု၊ အေဒီ ၁၈၆၀ အသီးသီး ဖြစ်သည်။

ဤဇရပ်တော်နှင့် စပ်လျဉ်း၍ အစ္စလာမ်သာသနာ့ကမ္ဘာ၏ မော်ကွန်းတော်ကျမ်း စာမျက်နှာ ၁၆ တွင်-

"မဇ္ဈိမပြည်မကာ၊ မြတ်ဗောဓိပင် မဟာတွင်၊ ထာဝရအစဉ် ထုံးတွင်ရစ်စေဟု၊ အသုံးစရိတ် အလုံအလောက်နှင့်၊ အစုံမြောက်ဖို့ ညီလာခံသဘင်က၊ အဝယ်တော် ခလီဖွှာဟ်သခင် ဟာဂျီဦးဘိုးမြင့်နှင့် ဟာဂျီဦးရွှေပေါ်တို့ကို မိန့်စေလွှတ်ပြီး၊ လိလ္လာဟ်တိုက်ဇရပ်ဆောင်၊ တည်ဆောက်ရာ အောင်စေကြောင်းရယ်နှင့်၊ ခေတ်ဟောင်းမှာ ထင်ရှားစေဟု၊ ဒေါင်းတံဆိပ်စိုက်ထူ၍၊ အရေးယူအခွင့်သာခဲ့ကြောင်း၊ ယခုတိုင် မက္ကာဟ်မြို့တွင်၊ အခါထိုးမှတ် ရာဇာဘုရင်ကို၊ သတိရစေဖို့၊ ဗရမာရိုဘတ် အမည်နှင့်၊ တည်ရှိလေသည်" ဟု ရေးသားထားသည်။[၆]


ဟာဂျ်ကျင့်ထုံးနှင့် ပညတ်တော်များ ပြင်ဆင်ရန်

၁၉၉၅ ခုနှစ်က ရန်ကုန်မြို့ကန်တော်ကလေး၊ ၁၁၉ လမ်းမှ တရားရုံးချုပ်ရှေ့နေကြီး ဦးဘရီ (M.Sc(Q),R.L, L.C.C.I (London), D.T.S မှ စီစဉ်ပြီးထုတ်ဝေခဲ့တဲ့ အစ္စလာမ့်သင်ခန်းစာ စာစဉ်များထဲက ထုတ်နှုတ်ထားတဲ့ ဟဂျ်ကျင့်ထုံးနှင့်ပညတ်တော်များကျမ်း[၇] ဖြစ်ပါသည်။ ဤစာစဉ်ကို မွတ်ဖ်သီမုဟမ္မဒ်စူရတီ၏ ကြီးကြပ်မှုနှင့် မုဟမ္မဒ်ဟာရုန်း ကပြုစုခဲ့သည်။

ဟဂျ်သည် အာရဗီအဘိဓာန် အဓိပ္ပါယ်အရ ကြီးကျယ်သည့် ကိစ္စရပ်တစ်ခုခုအား ကျင့်ဆောင်ရန် ရည်ရွယ်ခြင်းကို 'ဟဂျ်' ဟုခေါ်သည်။

ရှရီအသ်တော်အရ 'ဟဂျ်' ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် အိဟ်ရာမ် ဝတ်ရုံကို ဝတ်ဆင်၍ ကျင့်ဆောင်ရသည့် ကျင့်ဆောင်ချက်များကို ဟဂျ် ဟုခေါ်သည်။

ဟဂျ်ပြုရာတွင် ဖရဇ်စ်တာဝန် သုံးပါးရှိသည်။

(၁) အေဟ်ရာမ် ဝတ်ဆင်ခြင်း

(၂) အာရ်ဖာတ်ကွင်းပြင်းတွင် တည်းခိုခြင်း

(၃) သဝါဖီ ဇီယာရတ်ပြုခြင်း

- အေဟ်ရာမ် ဝတ်ဆင်ခြင်း

အေဟ်ရာမ်ဝတ်ရုံ ဝတ်ဆင်ခြင်းဆိုရာတွင် မိမိစိတ်အတွင်းမှ ဟဂျ်ပြုရန် ရည်စူးခြင်းနှင့် သလ်ဗီယာဟ် (အသင့်ရောက်ရှိကြောင်း ဖြေကြားချက်) ရွတ်ဆိုခြင်းလည်း ပါဝင်သည်။

- အာရ်ဖာတ်ကွင်းပြင်တွင် တည်းခိုခြင်း

ဆိုလိုသည်မှာ အာရဗီ ဇူလ်ဟဂျ်လ ၉ ရက်နေ့ မွန်းလွှဲချိန်မှ နေဝင်သည်အထိ အချိန်အတွင်း ခေတ္တခဏ တည်းခိုခြင်းကိုဆိုလိုသည်။ (နေဝင်ချိန်အထိ နေခြင်းသည် ဝါဂျဗ် ဖြစ်သည်။)

- သဝါဖီ ဇီယာရတ် ပြုခြင်း

ဇူလ်ဟဂျ်လ ၁၀ ရက်နေ့ နံနက်မိုးလင်းမှ ဇူလ်ဟဂျ်လ ၁၂ ရက်နေ့ နေမဝင်မီ ဆံသ သို့မဟုတ် ဆံညှပ်ပြီး ကာဗာဟ်ကျောင်းတော်ကို (သဝါဖ်) လည်ပတ်မှုပြုခြင်းကို ဆိုလိုသည်။

မှတ်စု ပြင်ဆင်ရန်

(၁)

မြန်မာဘုရင်များလက်ထက်ကတိုင် မြန်မာမွစ်စလင်များ ဆော်ဒီအာရေဗျသို့ ဟာဂ်ျပြုလုပ်မူများရှိခဲ့ရာ မင်းတုန်းမင်းတရားကြီးနှင့် မြန်မာပြည်သူများစုပေါင်းလှူဒါန်းထားခဲ့သော ဘရာမာရိုဘတ် ခေါ် ဒေါင်းဇရပ်ကြီး [၈]သည် ထင်ရှားလှစွာသောအထိမ်းအမှတ်တစ်ခု ဖြစ်ခဲ့၏။ ထိုနေရာ ပြန်လည်ရရှိရေးကို ခေတ်အဆက်ဆက်ခေါင်းဆောင်တို့ကြိုးပမ်းခဲ့သော်လည်း ယနေ့တိုင်အဖြေမရှိသေးချေ။

(၂)

မြန်မာမွစ်စလင်တို့ ဟာဂ်ျခရီးပြန်လည်သွားခွင့်ရရေးအတွက် လူအား၊ ဥစ္စာဓန နှင့် ကိုယ်ရောစိတ်ပါကြိုးပမ်းခဲ့သည့် မမေ့အပ်သော ဂုဏ်ပြုထိုက်သော ပုဂ္ဂိုလ်ကား စိန်ကုန်သည် ဟာဂျီမပျဉ်းမနားဒေါ်ပု ပင်တည်း။ ဒေါ်ပု၏ဦးနေဝင်း [၉]ထံ တိုက်ရိုက်တောင်းဆိုမှုသည် အလွန်ပင်အရေးပါခဲ့လေသည်။

(၃)

၁၉၄၉ ခုတွင် ဘားမားမွတ်စလင်လိခ်အဖွဲ့မှ မက္ကာဟ်မြို့ရှိ ဗိုင်တွလ်မာဟ် အဆောက်အအုံအတွက် ငွေကြေးလှူဒါန်းကြပါရန် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ရာ ဗမာမွစ်စလင်ကွန်ဂရက်(ဗမက)မှ အမျိုးသမီးခေါင်းဆောင် ဝဏ္ဏကျော်ထင်ဒေါ်စောရွှေက မြန်မာ့ငွေကြေးကိုတိုင်းတပါးတွင် မသုံးဖြုန်းသင့်ဟု ကန့်ကွက်ခဲ့ရာ မွစ်စလင်လောကတွင် ပွက်လောရိုက်ခဲ့ကြသည်။ ယခု စစ်ကောင်စီ (စကစ) လက်ထက် ၂၀၂၂ ဟာဂ်ျခရီးစဉ်ကိုလည်း ငွေကြေးကျပ်တည်းမှုပြသာနာကြောင့် ဆိုင်းငံ့ပေးပါရန် ဦးဌေးအောင် (Orchid) မှ သာသနာရေးဝန်ကြီးဌာနသို့ အိတ်ဖွင့်ပေးစာကို မေ ၂၀ ရက်နေ့က လူမှုကွန်ယက်ပေါ်တွင် တင်ခဲ့ရာ မြန်မာပြည်အစ္စလာမ်ဘာသာဝင်တို့အကြားတွင် အုတ်အော်သောင်းနင်းဖြစ်ခဲ့ရပြန်သည်။

(၄)

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၄ ရက်၊ မက္ကာမြို့နှင့် ၃ မိုင်ခန့်အကွာ မီနားတွင် ဖြစ်ပွားခဲ့သော မတော်တဆမှု၌ ဟာဂျီပေါင်း ၇၆၉ ဦး ရှဟီးဒ်ဖြစ်ခဲ့ရာ မြန်မာပြည်မှ ဟာဂျီ ၇ ဦး အသက်ဆုံးရှုံးခဲ့သည်။ [၁၀]

ကိုးကား ပြင်ဆင်ရန်

http://www.m-mediagroup.com/news/59839 Archived 24 January 2018 at the Wayback Machine.

  1. https://my.wikipedia.org/w/index.php?title=%E1%80%99%E1%80%80%E1%80%B9%E1%80%80%E1%80%AC%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7&oldid=727045
  2. Shah Shujah left Dhaka to go Mokkah for Hajj via Arakan
  3. https://www.mizzima.com/news-domestic/hajj-pilgrims-myanmar-increase
  4. နိုင်ငံတော်အသိအမှတ်ပြု ဟဂျ်ကော်မတီ ဖွဲ့စည်းပေးရေး ဆန္ဒပြတောင်းဆို
  5. Burmese Muslims Hajj Trip
  6. မင်းတုန်းမင်း ကောင်းမှု ဗရမာရိုဘတ် ဒေါင်းဇရပ်
  7. ဟဂျ်ကျင့်ထုံးနှင့်ပညတ်တော်များကျမ်း
  8. Burma Rubaat Guesthouse၊ 24 January 2018 တွင် %5bhttps://web.archive.org/web/20180124000706/http://www.m-mediagroup.com/news/59839 Archived%5d 24 January 2018 at the %5b%5bWayback Machine%5d%5d.%5b%5bCategory:Webarchive template wayback links%5d%5d မူရင်း တန်ဖိုး |url= စစ်ဆေးရန် (အကူအညီ) အား မော်ကွန်းတင်ပြီး25 May 2022 တွင် ပြန်စစ်ပြီး
  9. Kyaw Nay Min- Myo Pya (2009)။ Historical Facts of Muslim in Myanmar,1909-2019။ Myanmar: Pan။
  10. မတော်တဆဖြစ်မှုတွင် မြန်မာဟာဂျီ (၇)ဦး ရှဟီးဒ်ဖြစ်ခဲ့