Microcos paniculata
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Malvales
မျိုးရင်း: Malvaceae
မျိုးရင်းသေး: Grewioideae
မျိုးစု: Microcos
မျိုးစိတ်:
M. paniculata
ဒွိနာမ
Microcos paniculata
Synonyms
  • Microcos nervosa (Lour.) S.Y. Hu [၁]

မြရာ ၏ သိပ္ပံအမည်မှာ Microcos paniculata ဖြစ်သည်။ microcos, panicled Indian linden အမည်များဖြင့်လည်း ခေါ်တွင်ကြသည်။ တရုတ်နိုင်ငံ၊ အင်ဒိုချိုင်းနားဇာတိဖြစ်သည်။ မြရာပင်သည် တရုတ်လူမျိုးတို့က ဆေးဘက်ဝင်သည်ဟုဆိုကာ လက်ဖက်ရည်ကြမ်းအဖြစ်သောက်သုံးကြသည်။ မြရာပင်သည် အပင်ပုမျိုးဟုဆိုသော်လည်း ရန်ကုန်တက္ကသိုလ်နယ်မြေတွင်မူ သစ်ပင်ကြီးအဖြစ် တွေ့ရှိရသည်။ မြရာအရွက်တို့သည် အစိမ်းရင့်ရောင်ရှိပြီး အရွက်ရင့်တို့ကို မြန်မာနိုင်ငံတွင် ဖက်ရွက်အဖြစ်အသုံးပြုကြသည်။ မြရာအသီးကို မြန်မာကလေးများက ဘောင်ဘောင်သီးဟု ခေါ်တွင်ကြပြီး ဝါးဖြင့်ပြုလုပ်ထားသော ဘောင်ဘောင်သေနတ်တွင် အသီးကိုထည့်ပြီးနှစ်သက်စွာ ဆော့ကစားလေ့ရှိကြသည်။

ပြခန်း ပြင်ဆင်ရန်

 
မြရာပန်း
မြရာပန်း 
 
မြရာသီး သို့မဟုတ် ဘောင်ဘောင်သီး
မြရာသီး သို့မဟုတ် ဘောင်ဘောင်သီး 
 
မြရာရွက် အနီးကပ်ပုံ
မြရာရွက် အနီးကပ်ပုံ 
 
မြရာပင်
မြရာပင် 

ကိုးကား ပြင်ဆင်ရန်

  1. Microcos paniculata L. — the Plant List။ 8 September 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 October 2021 တွင် ပြန်စစ်ပြီး။