ဦးမြသိန်းသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးသိန်းစိုး ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် ဒုတိယမြောက် ခုံရုံးဥက္ကဋ္ဌအဖြစ် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် စတင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။[၁] ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ရွေးချယ်ခဲ့သော အဖွဲ့ဝင် (၃) ဦးတွင် ပါဝင်ပြီး နိုင်ငံတော်သမ္မတက ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။ [၂][၃]၂၀၁၆ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် သက်တမ်းပြည့်မြောက်သဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌအဖြစ်မှ အနားယူခဲ့သည်။

ဦးမြသိန်း
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၆ ဖေဖော်ဝါရီ ၂၀၂၃ – ၂၉ မတ် ၂၀၁၆
သမ္မတဦးသိန်းစိန်
ယခင်လူဦးသိန်းစိုး
ဆက်ခံသူဦးမျိုးညွှန့်
ကိုယ်ရေး အချက်အလက်များ
လူမျိုးမြန်မာ
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်

ဦးမြသိန်းသည် တာဝန်များမှ အနားယူပြီးသည့်နောက် ၂၀၁၈ခုနှစ် တွင် သမ္မတဦးဝင်းမြင့် ဖွဲ့စည်းပေးခဲ့သော ရခိုင်ပြည်နယ် အရေးကိစ္စ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် တွင်လည်း အဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်ခဲ့သည်။ [၄]

ဝန်ထမ်းဘဝ ပြင်ဆင်ရန်

သူသည် ရန်ကုန်တက္ကသိုလ်မှ နေ၍ B.A.(Law);LL.B.; LL.M အစရှိသည့် ဘွဲ့များ ရရှိခဲ့သည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ညွှန်ကြားရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။[၅][၆]

ကိုးကား ပြင်ဆင်ရန်

  1. ဦးမြသိန်း (ဥက္ကဋ္ဌ) နှင့် အဖွဲ့ဝင်များ (၂၆-၂-၂၀၁၃) မှ (၂၉-၃-၂၀၁၆) ထိနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး။ 10 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ဖွဲ့စည်းပုံ ခုံရုံး ဥက္ကဋ္ဌ နဲ့ အဖွဲ့ဝင်တွေကို အတည်ပြုBBC Burmese (၂၅ ဖေဖော်ဝါရီ ၂၀၁၃)။ ၁၀ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဖွဲ့စည်းမှုနှင့် ပတ်သက်ပြီး မေးမြန်းချက်DVB Burmese (၂၇ ဖေဖော်ဝါရီ ၂၀၂၃)။ ၁၀ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် လုပ်ငန်းစတော့မယ်BBC Burmese (၆ ဩဂုတ် ၂၀၁၈)။ ၁၀ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. မြန်မာနိုင်ငံတရားစီရင်ထုံးပြုစုရေးအဖွဲ့တရားစီရင်ထုံးများ ၂၀၀၈ (၂၀၀၈)။ ၁၀ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. ဖွဲ့စည်းပုံ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်သစ် ရွေးချယ်VOA Burmese (၂၅ ဖေဖော်ဝါရီ ၂၀၁၃)။ ၁၀ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။