မြသွင်၊ ဒေါ်
ဒေါ်မြသွင် (၁၉၂၅ ခုနှစ် မေလ ၁၂ - ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၈, အမေဆရာမကြီးဟု ထင်ရှား) သည် ထေရဝါဒတရားပြဆရာမတစ်ဦး ဖြစ်ကာ ဝိပဿနာတရားအားထုတ်သည့် စင်တာများစွာကို ကမ္ဘာတဝှမ်းတွင် တည်ထောင်ခဲ့သူလည်း ဖြစ်သည်။[ကိုးကားချက်လိုသည်] သူသည် ဝိပဿနာတရားနည်းပြဆရာကြီး ဦးဘခင်၏ တပည့်ဖြစ်ခဲ့သည်။ သူမသည် ဦးဘခင်၏ အနောက်နိုင်ငံများတွင် ဗုဒ္ဓတရားအားထုတ်နည်းကို သင်ကြားပေးရန် ဆန္ဒကို ဖြည့်ဆည်းပေးခဲ့သည်။[ကိုးကားချက်လိုသည်]
ဒေါ်မြသွင် | |
---|---|
ဘာသာ | ဗုဒ္ဓဘာသာ |
ဘာသာအုပ်စု | ထေရဝါဒ |
ဆင်းသက်မှု | လယ်တီ |
ဓမ္မအမည် | မဟာသဒ္ဓမ္မဇောတိကဓဇ |
ပုဂ္ဂိုလ်ရေးရာ | |
မွေးဖွား | မြသွင် ၁၂ မတ်၊ ၁၉၂၅ မော်လမြိုင်၊ ဗြိတိသျှဘားမား |
ကွယ်လွန် | ဇန်နဝါရီ ၂၈၊ ၂၀၁၇ IMC UK, Heddington, UK | (အသက် ၉၁)
ရာထူး တာဝန် | |
ဌာန | International Meditation Centre |
ဂုဏ်ဒြပ် | အမေဆရာမကြီး |
ဘာသာရေးရာ | |
ဆရာ(များ) | ဦးဘခင် |
ဘဝနှင့် အလုပ်
ပြင်ဆင်ရန်မြသွင်ကို ၁၉၂၅ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် မော်လမြိုင်မြို့၌ ဖွားမြင်ခဲ့သည်။ သူမ၏ မိခင်သည် မီးဖွားစဉ်ကပင် သေဆုံးခဲ့သည့်အတွက် အဘိုးအဖွားများနှင့်အတူတကွ နေထိုင်ကြီးပြင်းခဲ့သည်။ သူမသည် ချစ်တင်နှင့် လက်ထက်သည်မှစကာ ခင်ပွန်းဖြစ်သူသည် ရန်ကုန်မြို့ရှိ နိုင်ငံတော်ငွေစာရင်းရုံးသို့ ပြောင်းရွှေ့ခဲ့၍ ဦးဘခင်နှင့် အဆက်အသွယ် ရှိလာခဲ့သည်။ ဦးဘခင်သည် သူ၏ ရုံးဝန်ထမ်းများကို တရားအားထုတ်နည်း သင်ကြားပြသရန် အပြည်ပြည်ဆိုင်ရာတရားစင်တာ (IMC) ၌ ၁၉၅၃ ခုနှစ်တွင် ပြုလုပ်သည့် ပထမဆုံးသင်တန်းတွင် ဝင်ရောက်ကာ အားထုတ်ခဲ့သည်။ သူမ၏ တရားကို ထိုးထွင်းသိမြင်မှုသည် အလွန်မြန်ဆန်မှုရှိသည့်အတွက် သူမအား ဆက်လက်ကာ သင်ကြားပြသပေးရန် ဦးဘခင်သည် သင်တန်းပြီးဆုံးပြီးနောက်တွင် သူမနှင့် သူမ၏ ခင်ပွန်းဆီသို့ နေ့စဉ် သွားရောက်လည်ပတ်ခဲ့သည်။ ထိုနှစ် မေလတွင် ဒုတိယအကြိမ် ၁၀ ရက်တရားစခန်း ဖွင့်လှစ်ရာ သူမ၏ လေ့ကျင့်သင်ယူမှုသည် ပြီးဆုံးခဲ့သည်။ ဦးဘခင်သည် သူ၏ သင်ကြားပြသမှုများအား မှန်ကန်မှု ရှိမရှိကို သိရှိနိုင်ရန် ဝေဘူဆရာတော်အား IMC သို့ ဖိတ်ကြားခဲ့သည်။ ဝေဘူဆရာတော်သည် သူမအား တွေ့ဆုံပြီး သူမ၏ တရားဓမ္မအား ထိုးထွင်းသိမြင်မှုကို ထောက်ခံအတည်ပြုကာ သာဓုသုံးကြိမ် ခေါ်ဆိုခဲ့သည်။[ကိုးကားချက်လိုသည်]
ထို့နောက်ပိုင်းတွင် ဦးဘခင်သည် တပည့်များအား သင်ကြားပြသပေးသည့်အခါတွင် အမြဲတမ်း ဦးဘခင်နှင့်အတူ ရှိနေခဲ့သည်။ သူမနှင့် ဦးဂိုအင်ကာသည် ဦးဘခင်၏ ထင်ရှားသည့် တပည့်များ ဖြစ်သည်။[ကိုးကားချက်လိုသည်] မြန်မာနိုင်ငံ၏ ပထမသမ္မတ IMC သို့ လာရောက်သည့်အခါ သူမသည် တရားအားထုတ်လုပ်ငန်းများ အားထုတ်ရာတွင် ကူညီခဲ့သည်။ သူသည် “မမြခင်သည် သာမန်တပည့်မဟုတ်ပေ”ဟု ဦးဘခင်အား ပြောဆိုခဲ့သည်။ ထို့နောက်တွင် သူသည် ဒေါ်မြခင်အား “ဆရာမ” ဟူသည့် အမည်နာမအား ပေးအပ်ခဲ့သည်။ သူသည် တရားအားမထုတ်မီနှင့် တရားအားထုတ်ပြီး အချိန်များတွင်လည်း သူမအား ရိုသေလေးစားမှု ထားရှိခဲ့သည်။ နောက်ပိုင်းတွင် ဒုတိယဝန်ကြီးချုပ် Lun Baw သည်IMC တွင် တပည့်တစ်ဦးအဖြစ် တရားအားထုတ်ရာ သူမအား “အမေ” ဟု ရည်ညွှန်းခေါ်ဆိုခဲ့သည်။ သို့သော်လည်း ဒေါ်မြခင်သည် သူ့ထက် အသက်ငယ်ရွယ်ပေသည်။[ကိုးကားချက်လိုသည်]
၁၉၇၁ ခုနှစ် ဦးဘခင်သေဆုံးပြီးနောက်တွင် ငွေစာရင်းရုံး၏ ဝိပဿနာအဖွဲ့အစည်း၏ ဥက္ကဋ္ဌဖြစ်သူ တင့်ရီသည် ဒေါ်မြသွင်အား တရားစင်တာ၏ လုပ်ငန်းတာဝန်များအား တာဝန်လွှဲယူပါမည့်အကြောင်းကို မေတ္တာရပ်ခံခဲ့သည်။ သူမသည် သဘောတူလက်ခံခဲ့ပြီး သူမ၏ ခင်ပွန်းဖြစ်သူ ဦးချစ်တင်၏ အကူအညီဖြင့် သင်ကြားပြသမှုများကို ဆက်လက်ပြုလုပ်ခဲ့သည်။ များပြားလာသည့် နိုင်ငံခြားသားအားထုတ်သူများ၏ တောင်းဆိုမှုကြောင့် သူမသည် နိုင်ငံခြားသို့သွားရောက်ကာ တရားပြသမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက်တွင် သူမနှင့် ခင်ပွန်းဖြစ်သူတို့သည် ဆရာဖြစ်သူ ဦးဘခင်၏ ဗုဒ္ဓ၏ တရားဓမ္မများအား အနောက်နိုင်ငံများသို့ ပျံ့နှံ့စေလိုသည့် ဆန္ဒကို ဖြည့်ဆည်းပေးရန် မြန်မာနိုင်ငံမှ ၁၉၇၈ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့သည်။ ခရီးထွက်ခွာတရားပြသမှုများ နှစ်သုံးဆယ်ကျော် ဆောင်ရွက်ခဲ့ရာတွင် ဒေါ်မြသွင်သည် ကမ္ဘာတဝှမ်းတွင် စေတီပုထိုးပါဝင်သည့် တရားစင်တာငါးခုကို တည်ထောင်ခဲ့သည်။ ၎င်းတို့မှာ အင်္ဂလန်နိုင်ငံ (၁၉၇၉)၊ Western Australia (၁၈၉၁), အမေရိကန် (မေရီလန့်, ၁၉၉၀)၊ New South Wales (ဆစ်ဒနီအနီး, ၁၉၈၉)၊ ဩစတြေးလျ (ကရင်သီယာ Karinthia, ၁၉၉၀) တို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံပြင်ပရှိ တရားစင်တာအားလုံးတွင် ဒေသခံဆရာများ ရှိကြပြီး သင်တန်းများကို စီမံခန့်ခွဲခြင်းနှင့် အကြီးတန်းဆရာများကို ကူညီခြင်း လုပ်ငန်းများကို လုပ်ဆောင်ကြသည်။ ရန်ကုန်မြို့ IMC ရှိ ဘုရားပုံတူပန်းချီဖြစ်သည့် ဓမ္မရောင်ခြည်ဘုရားများကိုလည်း စင်တာငါးခုစလုံးတွင် ထားရှိသည်။ သူမ လည်ပတ်ကာ တရားပြသခဲ့သည့် နေရာများဖြစ်သည့် အာရှ၊ ဩစတြေးလျ၊ အမေရိကနှင့် ဥရောပတို့တွင် လူထောင်ပေါင်းများစွာအား ဆယ်ရက်တာတရားစခန်း ၄၅၀ ကျော်ကို ဖွင့်လှစ်ကာ သင်ကြားပြသပေးခဲ့သည်။ ထို့အပြင် သူမ၏ တပည့်တပန်းများမှ ဗုဒ္ဓ၏ သားတော်အဖြစ် သင်္ကန်းဝတ်ရုံ၍ တရားအားထုတ်မှုအကျိုးကျေးဇူးကို လိုလားသူများအား သင်္ကန်းဆီးပေးသည့် ရဟန်းခံခြင်း အကြိမ် ၂၀ ကျော်ကိုလည်း ဆောင်ရွက်ပေးခဲ့သည်။[ကိုးကားချက်လိုသည်]
၁၉၉၄ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံအစိုးရက သူမအား မြန်မာနိုင်ငံပြင်ပတွင် သာသနာပြုလုပ်ငန်းများကို ထူးချွန်စွာ လုပ်ဆောင်ခဲ့သည့်အတွက် “မဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်ကို ချီးမြှင့်ခဲ့သည်။
ဘဝနိဂုံး
ပြင်ဆင်ရန်၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အင်္ဂလန်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာတရားစင်တာ (IMC) တွင် ဆုံးပါးကွယ်လွန်ခဲ့သည်။[၁]