စည်သူ ဦးဘခင် သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရသောအခါ ပထမဦးဆုံး နိုင်ငံတော်ငွေစာရင်းမင်းကြီး အဖြစ် ရှေးဦးစွာခန့်အပ်ခံရသော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ အဖ ဦးပေါ၊ အမိ ဒေါ်စောမေတို့မှ ၁၈၉၉ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် အထက်ပုဇွန်တောင်၊ ရန်ကုန်မြို့ ၌ ဖွားမြင်သည်။ ၁၉၁၇ ခုနှစ်တွင်စိန်ပေါလ်အထက်တန်းကျောင်းမှ ၁၀ တန်းစာမေးပွဲကို ပထမရ၍ စကောလားရှစ် ဆုချီးမြှင့်ခံရသည်။

စည်သူ
ဦးဘခင်
မွေးဖွား(1899-03-06)၆ မတ်၊ ၁၈၉၉
ရန်ကုန်မြို့ဗြိတိသျှဘားမား
ကွယ်လွန်၁၉ ဇန်နဝါရီ၊ ၁၉၇၁(1971-01-19) (အသက် ၇၁)
ရန်ကုန်မြို့ရန်ကုန်တိုင်းမြန်မာနိုင်ငံ
နိုင်ငံလူမျိုးမြန်မာ
အလုပ်အကိုင်ဝိပဿနာ နည်းပြ/ နိုင်ငံတော်ငွေစာရင်းမင်းကြီး
ဘွဲ့သရေစည်သူ

တက္ကသိုလ် ဆက်မတက်ဘဲ ငွေစာရင်းမင်းကြီးရုံး၌ အောက်တန်းစာရေးအဖြစ် စတင်လုပ်ကိုင်သည်။ ၁၉၂၆ ခုနှစ်တွင် အိန္ဒိယအစိုးရ၏ စာရင်းကိုင်စာမေးပွဲအောင်မြင်၍ ဝန်ထောက်ရာထူး တိုးမြှင့်ခံရပြီး ၁၉၄၈ ခုနှစ်တွင် ငွေစာရင်းမင်းကြီးဖြစ်လာသည်။ ၁၉၅၇ ခုနှစ်တွင် သရေစည်သူ ဘွဲ့ ချီးမြှင့်ခံရသည်။ ၁၉၅၃ ခုနှစ်တွင် အငြိမ်းစားယူခဲ့သော်လည်း ထိုနှစ်မှာပင် နိုင်ငံတော်စာရင်းစစ်ချုပ်ရုံး အထူးအရာရှိအဖြစ် ခန့်အပ်ခံရသည်။ ၁၉၄၆ ခုနှစ်တွင် အစိုးရတာဝန် အားလုံးမှ အငြိမ်းစားယူပြီးနောက် အင်းလျားမြိုင်လမ်း၊ အပြည်ပြည်ဆိုင်ရာ ပဋိပတ္တိလုပ်ငန်းဌာနတွင် ဝိပဿနာ ကမ္မဋ္ဌာန်း တရားပြလုပ်ငန်းကို ကွယ်လွန်ချိန်အထိ ဆောင်ရွက်သွားခဲ့သည်။

အာရှ၊ ဥရောပ၊ အင်္ဂလန်၊ အမေရိကန်၊ ကနေဒါ၊ နယူးဇီလန်၊ ဩစတြေးလျစသည့် နိုင်ငံ များ၌ ဓမ္မရိပ်သာခွဲများ တည်ဆောက်၍ ဗုဒ္ဓ သာသနာ ပြန့်ပွားရန်ဆောင်ရွက်နိုင်ခဲ့သည်။ ၁၉-၁-၁၉၇၁ ခုနှစ်တွင် ရန်ကုန်မြို့ ၌ ကွယ်လွန်ခဲ့သည်။ ဆရာကြီး၏ ဝိပဿနာကမ္မဋ္ဌာန်း တရား အားထုတ်သူများထဲမှ ဆရာကြီး ဂိုအင်ကာ သည် အိန္ဒိယနိုင်ငံ၌ အပြည်ပြည်ဆိုင်ရာ ဓမ္မဂီရိ ဝိပဿနာအဖွဲ့တရားရိပ်သာ ထူထောင်နိုင်ခဲ့ပြီး ဗုဒ္ဓသာသနာ ပြန့်ပွားရန် ဆောင်ရွက် ခဲ့သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. သန်းထွန်း၊ (မော်လမြိုင်) (၂၀၁၀ ခုနှစ်)။ မြန်မာနိုင်ငံ ဂုဏ်ထူးဆောင်ဘွဲ့ ဂုဏ်ထူးဆောင်တံဆိပ်များသမိုင်း။ စာပေဗိမာန်ထုတ်ပြည်သူ့လက်စွဲစာစဉ်။ စာပေဗိမာန် စာတည်းမှူးချုပ်။ |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)